HomeCelebs Update NewsInternationalသားဦးကလေးကို အောင်မြင်စွာ မွေးဖွားလိုက်တဲ့ Nick Jonas နဲ့ Priyanka တို့မောင်နှံ

သားဦးကလေးကို အောင်မြင်စွာ မွေးဖွားလိုက်တဲ့ Nick Jonas နဲ့ Priyanka တို့မောင်နှံ

ဟောလိဝုဒ်ရဲ့ နာမည်ကျော်စုံတွဲတစ်တွဲ ဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra တို့ဟာ သူတို့မောင်နှံရဲ့ သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်တယ်လို့ သိရပါတယ်။ ဒီကလေးကိုတော့ သမားရိုးကျ ထုံးတမ်းစဉ်လာအတိုင်း မိခင်ကိုယ်တိုင်က ကိုယ်ဝန်ဆောင်ပြီး မွေးဖွားတာ မဟုတ်ဘဲ အငှားကိုယ်ဝန်နဲ့ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အခုလို အငှားကိုယ်ဝန်ကတဆင့် သားဦးကလေးကို မွေးဖွားလိုက်တဲ့အကြောင်းကိုတော့ မကြာသေးခင် အချိန်ကပဲ အင်စတာဂရမ်ကနေ အသိပေးလိုက်တာ ဖြစ်ပါတယ်။ Priyanka တစ်ယောက် ကိုယ်ဝန်ရှိနေတယ်လို့လည်း မသိရဘဲ အခုလို ကလေးမွေးဖွားတဲ့ သတင်းကို ရုတ်တရက် ကြားသိလိုက်ရတဲ့အတွက် ပရိသတ်တွေကတော့ အံ့အားသင့်နေကြပါတယ်။

Photo: nickjonas/ Instagram

“ကျွန်မတို့ရဲ့ ပထမဆုံး သားဦးကလေးကို အငှားကိုယ်ဝန်နဲ့ မွေးဖွားလိုက်ပြီဆိုတဲ့အကြောင်း ဝမ်းမြောက်ဝမ်းသာစွာနဲ့ အသိပေးလိုက်ပါတယ်။ အခုလို ထူးခြားလှတဲ့ အချိန်ကာလလေးမှာ ကျွန်မတို့အတွက် privacy လေး ထားပေးကြပါလို့လည်း မေတ္တာရပ်ခံပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် … ” လို့ သူတို့နှစ်ယောက် ပူးတွဲတင်ထားတဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

တကယ်တော့ Nick နဲ့ Priyanka တို့ဟာ ကလေးယူဖို့အတွက် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဘယ်အချိန်မှာ၊ ဘယ်လိုပုံစံနဲ့ ယူမယ်ဆိုတာကိုတော့ သိုဝှက်စွာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလအစောပိုင်းကတင်ပဲ သူတို့မောင်နှံမှာ ကလေးယူတော့မှာလားဆိုတဲ့ မေးခွန်းကို မေးမြန်းခံခဲ့ရသေးတာ ဖြစ်ပါတယ်။

Photo: priyankachopra/ Instagram

“ကလေးကတော့ ကျွန်မတို့ အနာဂတ်အတွက် လိုချင်တဲ့အရာတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ ဖြစ်ချိန်တန်လာရင် ဖြစ်လာမှာပါပဲ … ” လို့ Vanity Fair မဂ္ဂဇင်းနဲ့ အင်တာဗျူးတုန်းက Priyanka က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို မိဘအသစ်စက်စက် ဖြစ်လာကြတဲ့ Nick တို့မောင်နှံဟာ သူတို့ညီအစ်ကိုတွေထဲမှာတော့ နောက်ဆုံးမှ ကလေးယူကြသူတွေ ဖြစ်ပါတယ်။ ကျန်တဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Joe နဲ့ Kevin Jonas တို့ နှစ်ယောက်စလုံးဟာ သူတို့ရဲ့ ကြင်ယာဘက်တွေနဲ့အတူ ကိုယ်စီ ကလေးယူပြီးကြပြီ ဖြစ်ပါတယ်။

Photo: priyankachopra/ Instagram

Joe Jonas ကတော့ သရုပ်ဆောင် Sophie Turner နဲ့ Willa လို့ အမည်ပေးထားတဲ့ သမီးလေးတစ်ယောက် ထွန်းကားထားသလို Kevin Jonas ကတော့ အမေရိကန် TV Personality တစ်ယောက်ဖြစ်တဲ့ Danielle နဲ့ Alena နဲ့ Valentina ဆိုတဲ့ သမီးလေးနှစ်ယောက် ထွန်းကားထားပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular