HomeCelebs Update NewsInternationalနာနီတောင်မငှားဘဲ သားလေးကို အချိန်ပြည့် ကိုယ်တိုင်ဂရုစိုက်တယ်ဆိုတဲ့ Nicki Minaj 

နာနီတောင်မငှားဘဲ သားလေးကို အချိန်ပြည့် ကိုယ်တိုင်ဂရုစိုက်တယ်ဆိုတဲ့ Nicki Minaj 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရက်ပ်အဆိုတော် Nicki Minaj ကတော့ တကယ့်ကို စူပါမိခင်တစ်ယောက်ပါပဲ။ Nicki ဟာ သူမရဲ့မွေးကင်းစ သားငယ်လေးကို (၂၄)နာရီပတ်လုံး ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်နိုင်အောင်လို့ လက်ရှိအချိန်ထိ နာနီတောင် မငှားသေးဘူးလို့ ဆိုလာပါတယ်။

Nicki ဟာ သာမန် နာမည်ကျော် ဆယ်လီမိခင်တွေနဲ့ မတူတာတော့ အမှန်ပါပဲ။ သူမဟာ နာမည်ကျော်ကြားပြီး အောင်မြင်နေတဲ့ ရက်ပ်အဆိုတော်တစ်ယောက် ဖြစ်ရုံသာမက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေလည်း ရှိတာကြောင့် အလွန်ကို အလုပ်ရှုပ်သူ ဖြစ်ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ သူမရဲ့သားငယ်လေးကို မွေးဖွားပြီးတည်းက အချိန်အားလုံးကို သားငယ်လေးအတွက်သာ ကုန်ဆုံးနေတာ ဖြစ်ပါတယ်။

Photo: NICKIMINAJ/ Twitter

ဒီအကြောင်းကိုတော့ Nicki ဟာ သူမရဲ့ပရိသတ်တွေနဲ့ တွစ်တာမှာ စကားစမြည်ပြောရင်းနဲ့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ပရိသတ်တွေကတော့ ကလေးကို နာနီမပါဘဲနဲ့ တစ်ယောက်တည်း ကြည့်ရှုစောင့်ရှောက်နေရတာ ပင်ပန်းမှာစိုးတဲ့အတွက် နာနီငှားရမ်းဖို့ ဝိုင်းဝန်းနားချနေကြတာပါ။ သို့ပေမယ့် Nicki ကတော့ ဒါဟာ သူမအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ဆိုထားပါတယ်။

အသက်(၃၇)နှစ်ရှိပြီဖြစ်တဲ့ Nicki ဟာ သူမရဲ့အသစ်စက်စက် မိခင်ဘဝကို ကျေနပ် နှစ်သက်နေသူ ဖြစ်ပါတယ်။ ကလေးက သူမရဲ့အချိန်အားလုံးကို စိုးမိုးနေပေမယ့် အလုပ်များတဲ့ မေမေ Nicki ကတော့ ဒါကိုပဲ ဝမ်းသာပီတိဖြစ်နေပုံ ရပါတယ်။ “မနေ့ညက သူ့ကိုနို့တိုက်ရင်း တွစ်တာသုံးဖို့ လုပ်သေးတယ်။ အဲ့ဒီ့မှာ သူ့ပုံစံလေးကလေ … မေမေ လုံးဝပဲနော် ဆိုတဲ့ပုံစံမျိုးနဲ့ … ” လို့ သူမရဲ့တွစ်တာကပို့စ်မှာ မျှဝေပေးထားပါတယ်။

Photo: nickiminaj/ Instagram

Nicki ဟာ အခြားသော နာမည်ကျော်ဆယ်လီတွေလိုပဲ သားလေးရဲ့မျက်နှာကို ဆိုရှယ်မီဒီယာပေါ် လုံးဝမတင်ထားပါဘူး။ သူမရဲ့ပရိသတ်တွေကတော့ ကလေးက မေမေနဲ့တူလား၊ ဖေဖေနဲ့ တူလားဆိုပြီး သိချင်စိတ်နဲ့ မေးမြန်းနေကြပေမယ့် သူမကတော့ “ဒါက လျှို့ဝှက်ချက်ပါ.. ” လို့ ဆိုထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္ ရက္ပ္အဆိုေတာ္ Nicki Minaj ကေတာ့ တကယ့္ကို စူပါမိခင္တစ္ေယာက္ပါပဲ။ Nicki ဟာ သူမရဲ႕ေမြးကင္းစ သားငယ္ေလးကို (၂၄)နာရီပတ္လုံး ကိုယ္တိုင္ကိုယ္က် ဂ႐ုစိုက္ႏိုင္ေအာင္လို႔ လက္ရွိအခ်ိန္ထိ နာနီေတာင္ မငွားေသးဘူးလို႔ ဆိုလာပါတယ္။

Nicki ဟာ သာမန္ နာမည္ေက်ာ္ ဆယ္လီမိခင္ေတြနဲ႔ မတူတာေတာ့ အမွန္ပါပဲ။ သူမဟာ နာမည္ေက်ာ္ၾကားၿပီး ေအာင္ျမင္ေနတဲ့ ရက္ပ္အဆိုေတာ္တစ္ေယာက္ ျဖစ္႐ုံသာမက ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြလည္း ရွိတာေၾကာင့္ အလြန္ကို အလုပ္ရႈပ္သူ ျဖစ္ပါတယ္။ သို႔ေပမယ့္ ၿပီးခဲ့တဲ့ ေအာက္တိုဘာလထဲမွာ သူမရဲ႕သားငယ္ေလးကို ေမြးဖြားၿပီးတည္းက အခ်ိန္အားလုံးကို သားငယ္ေလးအတြက္သာ ကုန္ဆုံးေနတာ ျဖစ္ပါတယ္။

Photo: NICKIMINAJ/ Twitter

ဒီအေၾကာင္းကိုေတာ့ Nicki ဟာ သူမရဲ႕ပရိသတ္ေတြနဲ႔ တြစ္တာမွာ စကားစျမည္ေျပာရင္းနဲ႔ ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕ပရိသတ္ေတြကေတာ့ ကေလးကို နာနီမပါဘဲနဲ႔ တစ္ေယာက္တည္း ၾကည့္ရႈေစာင့္ေရွာက္ေနရတာ ပင္ပန္းမွာစိုးတဲ့အတြက္ နာနီငွားရမ္းဖို႔ ဝိုင္းဝန္းနားခ်ေနၾကတာပါ။ သို႔ေပမယ့္ Nicki ကေတာ့ ဒါဟာ သူမအတြက္ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္တစ္ခုလို႔ ဆိုထားပါတယ္။

အသက္(၃၇)ႏွစ္ရွိၿပီျဖစ္တဲ့ Nicki ဟာ သူမရဲ႕အသစ္စက္စက္ မိခင္ဘဝကို ေက်နပ္ ႏွစ္သက္ေနသူ ျဖစ္ပါတယ္။ ကေလးက သူမရဲ႕အခ်ိန္အားလုံးကို စိုးမိုးေနေပမယ့္ အလုပ္မ်ားတဲ့ ေမေမ Nicki ကေတာ့ ဒါကိုပဲ ဝမ္းသာပီတိျဖစ္ေနပုံ ရပါတယ္။ “မေန႔ညက သူ႔ကိုႏို႔တိုက္ရင္း တြစ္တာသုံးဖို႔ လုပ္ေသးတယ္။ အဲ့ဒီ့မွာ သူ႔ပုံစံေလးကေလ … ေမေမ လုံးဝပဲေနာ္ ဆိုတဲ့ပုံစံမ်ိဳးနဲ႔ … ” လို႔ သူမရဲ႕တြစ္တာကပို႔စ္မွာ မွ်ေဝေပးထားပါတယ္။

Photo: nickiminaj/ Instagram

Nicki ဟာ အျခားေသာ နာမည္ေက်ာ္ဆယ္လီေတြလိုပဲ သားေလးရဲ႕မ်က္ႏွာကို ဆိုရွယ္မီဒီယာေပၚ လုံးဝမတင္ထားပါဘူး။ သူမရဲ႕ပရိသတ္ေတြကေတာ့ ကေလးက ေမေမနဲ႔တူလား၊ ေဖေဖနဲ႔ တူလားဆိုၿပီး သိခ်င္စိတ္နဲ႔ ေမးျမန္းေနၾကေပမယ့္ သူမကေတာ့ “ဒါက လွ်ိဳ႕ဝွက္ခ်က္ပါ.. ” လို႔ ဆိုထားပါတယ္။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular