HomeCelebs Update NewsInternationalမူးယစ်သောက်စားခြင်းကို ရှောင်ကျဉ်ပြီးနောက် စိတ်မှာ ပျော်ရွှင်လာတယ်ဆိုတဲ့ Nicki Minaj

မူးယစ်သောက်စားခြင်းကို ရှောင်ကျဉ်ပြီးနောက် စိတ်မှာ ပျော်ရွှင်လာတယ်ဆိုတဲ့ Nicki Minaj

နာမည်ကျော် ရက်ပ်ပါ Nicki Minaj ကတော့ မူးယစ်သောက်စားခြင်းကို ရှောင်ကျဉ် ထိန်းသိမ်းလိုက်ပြီးနောက် သူမရဲ့စိတ်ထဲမှာ ပျော်ရွှင်အေးချမ်းလာတဲ့အကြောင်း ပရိသတ်တွေဆီ ပြောကြားလာပါတယ်။ သူမဟာ ယခင်တုန်းကတော့ ဆေးကွဲနေမှ စိတ်ထဲမှာ နေလို့ပျော်ပေမယ့် အခုဆိုရင်တော့ မူးယစ်သေစာတွေနဲ့ ဝေးနေတဲ့အချိန်မှာ ပျော်ရွှင်နိုင်ပြီလို့ ဆိုထားပါတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပဲ Nicki ဟာ သူမရဲ့ တွစ်တာစာမျက်နှာမှာ Tweet တွေ တင်ပြီး ပရိသတ်တွေနဲ့ မျှဝေထားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ပထမဆုံး ပြောဖြစ်စေတာကတော့ ပရိသတ်တစ်ယောက်ရဲ့ မေးခွန်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ပရိသတ်တစ်ယောက်ဟာ Nicki ကို ဆေးကွဲနေလားလို့ မေးမြန်းခဲ့ရာ သူမကတော့ “မကွဲပါဘူး။ ကျွန်မအခု မူးယစ်သေစာတွေ ရှောင်ထားပါတယ်။ ကိုယ့်ဘဝကိုလည်း တကယ် နှစ်သက်နေပါတယ်။ ရှင်ကရော …” လို့ ပြန်လည် မေးမြန်းထားတာ တွေ့ရပါတယ်။

Photo: NICKIMINAJ/ Twitter

“အရင်ကတော့ ကျွန်မ ကောင်းနေတဲ့အချိန်ဆို ပျော်နေတတ်တယ်။ အခုတော့ မူးယစ်သေစာနဲ့ ကင်းဝေးနေတဲ့အချိန်မှာပါ ပျော်ရွှင်နေပါပြီ။ ဒါပေမယ့် ဘယ်သူ့ကိုမှ judge မလုပ်ပါဘူး။ ကိုယ့်ကိုယ်ကို ညှာတာပါ။ ကြင်နာပါ …” လို့ Nicki က နောက်ထပ် Tweet တစ်ခုမှာ သူမရဲ့ မူးယစ်သေစာ ရှောင်ကျဉ်ခြင်းရဲ့ အတွေ့အကြုံကို ထပ်မံ မျှဝေထားပါတယ်။

ဆက်လက်ပြီး နောက်ထပ် Tweet တစ်ခုမှာတော့ သူမရဲ့ ရုပ်သွင်နဲ့ ပတ်သက်ပြီး လူတွေရဲ့ အထင်အမြင်ကိုပါ တပါတည်း ရှင်းပြထားပါတယ်။ “ကျွန်မ မျက်လုံးတွေကလည်း နဂိုတည်းကိုက အဲဒီတိုင်းပဲ။ ကျွန်မ မိတ်ကပ် မလိမ်းထားတဲ့ အချိန်ဆိုရင် အမြဲတမ်းပဲ လူတွေက ကျွန်မ ကောင်းနေတယ်လို့ ထင်ကြတယ်။ ပြောချင်တာ ကျွန်မမျက်လုံးတွေက မွေးတည်းက မီးခိုးရောင်ပါ။ ပြီးတော့ ကျွန်မက ကာရေဘီယံ ကျွန်းစုတွေရှိတဲ့ ကျူးဘားမှာ မွေးတာလေ။ အဲဒီတော့ ပထမအပိုဒ်က တကယ် အမှန်ပါပဲ …” လို့ Nicki က ဆိုပါတယ်။

Photo: nickiminaj/ Instagram

Nicki ကို အခုလို ပြောင်းလဲစေခဲ့တာကတော့ သူမရဲ့ သားလေးပဲ ဖြစ်ပါတယ်။ Nicki ဟာ မိခင်တစ်ယောက် ဖြစ်သွားတည်းက ဘယ်လိုမျိုး ပြောင်းလဲသွားတယ်ဆိုတာကို ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ပြောပြထားဖူးပါသေးတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက The Late Late Show ကို ဧည့်သည်အဖြစ် လာရောက်ခဲ့တုန်းမှာပဲ “မိခင်တစ်ယောက် ဖြစ်လာတာနဲ့ လူတွေဆီက ကောင်းတဲ့အချက်လေးတွေကိုပဲ ပိုပြီးမြင်တတ်လာတယ်။ စကြဝဠာကြီးဆီကလည်း ကောင်းတဲ့အရာတွေကိုပဲ ပိုပြီးမြင်တတ်လာတယ် …” လို့ host ဖြစ်သူ James Corden ကို ပြောပြခဲ့ပါတယ်။

“မိခင်ဖြစ်လာတာနဲ့ လူက ပိုပြီးခွင့်လွှတ်တတ်လာတယ်။ ကျွန်မသားလေးကို ကြည့်လိုက်တာနဲ့ ကျွန်မဟာ သိပ်ကိုကံကောင်းတဲ့သူပါလားလို့ ပြန်ပြီး သတိရမိစေတယ် …” လို့ Nicki က ပြောဖူးပါတယ်။ Nicki ဟာ သူမရဲ့ခင်ပွန်း Kenneth Petty နဲ့အတူ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာပဲ သားလေးတစ်ယောက် ထွန်းကားခဲ့ပြီး အခုဆိုရင် အသက်(၁)နှစ်ခွဲခန့် ရှိနေပြီ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular