HomeCelebs Update NewsInternationalNicki Minaj ကို ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ရှင်းပြပေးဖို့ အိမ်ဖြူတော်ကြိုးစားခဲ့

Nicki Minaj ကို ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ရှင်းပြပေးဖို့ အိမ်ဖြူတော်ကြိုးစားခဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုဗစ်ကာကွယ်ဆေးရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထုတ်နေတဲ့ Nicki Minaj အတွက် အိမ်ဖြူတော်က တရားဝင် ဖုန်းခေါ်ပြီး ရှင်းပြပေးဖို့ ပြောလိုက်တယ်လို့ သိရပါတယ်။

အသက်(၃၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ နာမည်ကျော် ရက်ပ်ပါ Nicki Minaj ဟာ မကြာသေးခင်ကပဲ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ပို့စ်တွေကို တွစ်တာမှာ တင်ခဲ့ပြီးနောက် သူမကို အိမ်ဖြူတော်က လှမ်းဖိတ်ကြားလိုက်တယ်လို့ ဗုဒ္ဓဟူးနေ့က သူမရဲ့ တွစ်တာမှာ ပြောထားပါတယ်။

Photo: nickiminaj/ Instagram

“အိမ်ဖြူတော်က ကျွန်မကို ဖိတ်ကြားထားပါတယ်။ ဒါဟာ နည်းလမ်းမှန်တစ်ခုလို့ ကျွန်မတော့ ထင်ပါတယ်။ ကျွန်မ သွားမှာပါ။ အလုပ်အတွက် လာတယ်လို့ သူတို့တွေ ယုံကြည်သွားအောင် Legally Blonde ထဲကလို ပန်းရောင်တွေချည်း ဝတ်ပြီး သွားမှာပါ။ လူသားပီသမိတာကိုပဲ အလှောင်ခံရတဲ့သူတွေရဲ့ ကိုယ်စား ကျွန်မက မေးခွန်းတွေ မေးသွားမှာပါ … ” လို့ Nicki က ဆိုထားပါတယ်။

Nicki ကတော့ သူမကို အိမ်ဖြူတော်က ဖိတ်ကြားထားတယ်လို့ တွစ်တာမှာ ပြောထားပေမယ့် အိမ်ဖြူတော်ရဲ့ အရာရှိတွေက ပြောကြားထားတာမှာတော့ သူမကို ပြည်သူ့ကျန်းမာရေး အသိပညာတွေ ဖြန့်ဝေပေးဖို့အတွက် လှမ်းပြီး ဆက်သွယ်ခဲ့တယ်လို့ပဲ ဆိုထားပါတယ်။

“တခြားလူတွေနဲ့ ကျွန်တော်တို့ ဆက်သွယ်ခဲ့ပြီးသလိုပဲ Nicki Minaj ကိုလည်း သူမ သိချင်နေတဲ့ ကာကွယ်ဆေးရဲ့ စိတ်ချရမှုနဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း ကျွန်တော်တို့ဆီက ဆရာဝန်တစ်ယောက်က ဖြေကြားပေးဖို့ ကျွန်တော်တို့ဘက်က ဖုန်းခေါ်ပေးဖို့ ကမ်းလှမ်းထားပါတယ် … ” လို့ ဆိုထားပါတယ်။

Photo via nickiminaj Twitter

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ Nicki ဟာ ကာကွယ်ဆေးထိုးပြီးမှ ပွဲတက်ခွင့်ရမယ့် Met Gala ကို တက်ရောက်မှာ မဟုတ်ကြောင်း ပြောခဲ့ပါသေးတယ်။

“သူတို့က Met ပွဲကိုတက်ဖို့ ကျွန်မကို ကာကွယ်ဆေးထိုးခိုင်းကြတယ်လေ။ တကယ်လို့ ကျွန်မ ဆေးထိုးမယ်ဆိုရင်လည်း Met အတွက်နဲ့တော့ မဟုတ်ဘူး။ ကျွန်မကိုယ်တိုင် လေ့လာမှုတွေလုပ်ပြီး လုံလောက်ပြီလို့ ထင်မှ ထိုးမှာ။ အခုလည်း ကျွန်မ ဒါနဲ့ပတ်သက်တာတွေကို လေ့လာနေတယ်။ လောလောဆယ်မှာတော့ အချစ်တို့ရေ လုံခြုံအောင်သာ နေကြပါ။ မက်စ်ကို ထုံးပြီးမှ တပ်ကြပါ။ ဒီတိုင်းကြီး မတပ်ကြပါနဲ့ … ” လို့ Nicki က တွစ်တာမှာ ပြောထားတာ ဖြစ်ပါတယ်။

Photo: nickiminaj/ Instagram

Nicki ဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အခုလို ဆတ်ဆတ်ထိမခံ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ သူမရဲ့ အသိမိတ်ဆွေတစ်ယောက်ဟာ ကာကွယ်ဆေးထိုးပြီးမှ ရုတ်တရက် လိင်အင်္ဂါ မထောင်မတ်နိုင်တော့တဲ့ ဝေဒနာကို ခံစားနေရတာကြောင့်လို့ မျှဝေထားပါတယ်။

“ထရီနီဒတ်မှာရှိတဲ့ ကျွန်မဝမ်းကွဲတစ်ယောက်ဆို ကာကွယ်ဆေး မထိုးဘူး။ ဘာလို့လည်းဆိုတော့ သူ့သူငယ်ချင်းတစ်ယောက်က သွားထိုးပြီး အဲ့မှာမြွေကြီးမထောင်နိုင် ဖြစ်သွားလို့။ ပြီးတော့ သူ့ ဥတွေလည်း ယောင်လာတယ်လို့ ပြောတယ်။ သူ့သူငယ်ချင်းက မင်္ဂလာဆောင်ဖို့ သိပ်မလိုတော့ဘူး။ အခု သူ့သတို့သမီးလောင်းက မင်္ဂလာပွဲကိုဖျက်လိုက်ပြီ။ အဲဒီတော့ ဆုသာတောင်းကြတော့။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် အဆင်ပြေမှ ထိုးကြလေ။ ဝိုင်းပြီး အနိုင်မကျင့်ကြနဲ့ … ” လို့ ပြောပြထားပါတယ်။

Photo: nickiminaj/ Instagram

Nicki ရဲ့ ဒီပြောပြချက်နဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူ ဒေါက်တာ Leana Wen ကတော့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး လက်အောက်က ခွင့်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးအားလုံးရဲ့ သိရှိထားပြီးသား ဆိုးကျိုးဆက်တွေထဲမှာ အမျိုးသားတွေမှာ လိင်အင်္ဂါ မထောင်မတ်နိုင်ဖြစ်စေတာမျိုး မရှိပါဘူးလို့ ဆိုထားပါတယ်။

“ကိုဗစ်ကာကွယ်ဆေးကြောင့် အမျိုးသားတွေမှာရော၊ အမျိုးသမီးတွေမှာပါ မျိုးမအောင်တာမျိုး ဖြစ်စေတယ်ဆိုတာ မမှန်ပါဘူး။ တကယ်‌တော့ လူတစ်ယောက်က ကိုဗစ်ရောဂါ အကူးခံရပြီဆိုရင် အမျိုးသားလိင်အင်္ဂါနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးဆက်တွေ ဖြစ်စေတာတော့ ရှိပါတယ်။ လေ့လာမှုတွေအရ ကိုဗစ်ကူးထားတဲ့ အမျိုးသားတွေမှာ သုတ်လွှတ်ချိန် သုတ်ကောင်ရေ လျော့နည်းတာမျိုး ဖြစ်နိုင်တာတော့ ရှိပါတယ်။ ပြီးတော့ ကပ္ပါယ်အိတ် ယောင်တာကလည်း ကိုဗစ်ရောဂါနဲ့ ဆက်စပ်မှု ရှိပါတယ်။ အဲဒီတော့ ပြောရမယ်ဆိုရင် ဒါဟာ ကိုဗစ်ကာကွယ်ဆေးကြောင့် ဖြစ်တဲ့လက္ခဏာမဟုတ်ဘဲ ကိုဗစ်ရောဂါကြောင့် ဖြစ်တဲ့လက္ခဏာသာ ဖြစ်ပါတယ် … ” လို့ အဆိုပါ ဒေါက်တာ Wen က ရှင်းပြထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

ကိုဗစ္ကာကြယ္ေဆးရဲ့ ယုံၾကည္စိတ္ခ်ရမွုနဲ႔ ပတ္သက္ၿပီး ေမးခြန္းေတြ ထုတ္ေနတဲ့ Nicki Minaj အတြက္ အိမ္ျဖဴေတာ္က တရားဝင္ ဖုန္းေခၚၿပီး ရွင္းျပေပးဖို႔ ေျပာလိုက္တယ္လို႔ သိရပါတယ္။

အသက္(၃၈)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ နာမည္ေက်ာ္ ရက္ပ္ပါ Nicki Minaj ဟာ မၾကာေသးခင္ကပဲ ကိုဗစ္ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီး အျငင္းပြားဖြယ္ရာ ပို႔စ္ေတြကို တြစ္တာမွာ တင္ခဲ့ၿပီးေနာက္ သူမကို အိမ္ျဖဴေတာ္က လွမ္းဖိတ္ၾကားလိုက္တယ္လို႔ ဗုဒၶဟူးေန႔က သူမရဲ့ တြစ္တာမွာ ေျပာထားပါတယ္။

Photo: nickiminaj/ Instagram

“အိမ္ျဖဴေတာ္က ကၽြန္မကို ဖိတ္ၾကားထားပါတယ္။ ဒါဟာ နည္းလမ္းမွန္တစ္ခုလို႔ ကၽြန္မေတာ့ ထင္ပါတယ္။ ကၽြန္မ သြားမွာပါ။ အလုပ္အတြက္ လာတယ္လို႔ သူတို႔ေတြ ယုံၾကည္သြားေအာင္ Legally Blonde ထဲကလို ပန္းေရာင္ေတြခ်ည္း ဝတ္ၿပီး သြားမွာပါ။ လူသားပီသမိတာကိုပဲ အေလွာင္ခံရတဲ့သူေတြရဲ့ ကိုယ္စား ကၽြန္မက ေမးခြန္းေတြ ေမးသြားမွာပါ … ” လို႔ Nicki က ဆိုထားပါတယ္။

Nicki ကေတာ့ သူမကို အိမ္ျဖဴေတာ္က ဖိတ္ၾကားထားတယ္လို႔ တြစ္တာမွာ ေျပာထားေပမယ့္ အိမ္ျဖဴေတာ္ရဲ့ အရာရွိေတြက ေျပာၾကားထားတာမွာေတာ့ သူမကို ျပည္သူ႔က်န္းမာေရး အသိပညာေတြ ျဖန႔္ေဝေပးဖို႔အတြက္ လွမ္းၿပီး ဆက္သြယ္ခဲ့တယ္လို႔ပဲ ဆိုထားပါတယ္။

“တျခားလူေတြနဲ႔ ကၽြန္ေတာ္တို႔ ဆက္သြယ္ခဲ့ၿပီးသလိုပဲ Nicki Minaj ကိုလည္း သူမ သိခ်င္ေနတဲ့ ကာကြယ္ေဆးရဲ့ စိတ္ခ်ရမွုနဲ႔ အက်ိဳးသက္ေရာက္မွုေတြအေၾကာင္း ကၽြန္ေတာ္တို႔ဆီက ဆရာဝန္တစ္ေယာက္က ေျဖၾကားေပးဖို႔ ကၽြန္ေတာ္တို႔ဘက္က ဖုန္းေခၚေပးဖို႔ ကမ္းလွမ္းထားပါတယ္ … ” လို႔ ဆိုထားပါတယ္။

Photo via nickiminaj Twitter

ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းကေတာ့ Nicki ဟာ ကာကြယ္ေဆးထိုးၿပီးမွ ပြဲတက္ခြင့္ရမယ့္ Met Gala ကို တက္ေရာက္မွာ မဟုတ္ေၾကာင္း ေျပာခဲ့ပါေသးတယ္။

“သူတို႔က Met ပြဲကိုတက္ဖို႔ ကၽြန္မကို ကာကြယ္ေဆးထိုးခိုင္းၾကတယ္ေလ။ တကယ္လို႔ ကၽြန္မ ေဆးထိုးမယ္ဆိုရင္လည္း Met အတြက္နဲ႔ေတာ့ မဟုတ္ဘူး။ ကၽြန္မကိုယ္တိုင္ ေလ့လာမွုေတြလုပ္ၿပီး လုံေလာက္ၿပီလို႔ ထင္မွ ထိုးမွာ။ အခုလည္း ကၽြန္မ ဒါနဲ႔ပတ္သက္တာေတြကို ေလ့လာေနတယ္။ ေလာေလာဆယ္မွာေတာ့ အခ်စ္တို႔ေရ လုံျခဳံေအာင္သာ ေနၾကပါ။ မက္စ္ကို ထုံးၿပီးမွ တပ္ၾကပါ။ ဒီတိုင္းႀကီး မတပ္ၾကပါနဲ႔ … ” လို႔ Nicki က တြစ္တာမွာ ေျပာထားတာ ျဖစ္ပါတယ္။

Photo: nickiminaj/ Instagram

Nicki ဟာ ကိုဗစ္ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီး အခုလို ဆတ္ဆတ္ထိမခံ ျဖစ္ေနရတဲ့ အေၾကာင္းရင္းကေတာ့ သူမရဲ့ အသိမိတ္ေဆြတစ္ေယာက္ဟာ ကာကြယ္ေဆးထိုးၿပီးမွ ႐ုတ္တရက္ လိင္အဂၤါ မေထာင္မတ္နိုင္ေတာ့တဲ့ ေဝဒနာကို ခံစားေနရတာေၾကာင့္လို႔ မၽွေဝထားပါတယ္။

“ထရီနီဒတ္မွာရွိတဲ့ ကၽြန္မဝမ္းကြဲတစ္ေယာက္ဆို ကာကြယ္ေဆး မထိုးဘူး။ ဘာလို႔လည္းဆိုေတာ့ သူ႔သူငယ္ခ်င္းတစ္ေယာက္က သြားထိုးၿပီး အဲ့မွာေႁမြႀကီးမေထာင္နိုင္ ျဖစ္သြားလို႔။ ၿပီးေတာ့ သူ႔ ဥေတြလည္း ေယာင္လာတယ္လို႔ ေျပာတယ္။ သူ႔သူငယ္ခ်င္းက မဂၤလာေဆာင္ဖို႔ သိပ္မလိုေတာ့ဘူး။ အခု သူ႔သတို႔သမီးေလာင္းက မဂၤလာပြဲကိုဖ်က္လိုက္ၿပီ။ အဲဒီေတာ့ ဆုသာေတာင္းၾကေတာ့။ ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ အဆင္ေျပမွ ထိုးၾကေလ။ ဝိုင္းၿပီး အနိုင္မက်င့္ၾကနဲ႔ … ” လို႔ ေျပာျပထားပါတယ္။

Photo: nickiminaj/ Instagram

Nicki ရဲ့ ဒီေျပာျပခ်က္နဲ႔ ပတ္သက္ၿပီး ျပည္သူ႔က်န္းမာေရး ကၽြမ္းက်င္သူ ေဒါက္တာ Leana Wen ကေတာ့ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရး လက္ေအာက္က ခြင့္ျပဳထားတဲ့ ကိုဗစ္ကာကြယ္ေဆးအားလုံးရဲ့ သိရွိထားၿပီးသား ဆိုးက်ိဳးဆက္ေတြထဲမွာ အမ်ိဳးသားေတြမွာ လိင္အဂၤါ မေထာင္မတ္နိုင္ျဖစ္ေစတာမ်ိဳး မရွိပါဘူးလို႔ ဆိုထားပါတယ္။

“ကိုဗစ္ကာကြယ္ေဆးေၾကာင့္ အမ်ိဳးသားေတြမွာေရာ၊ အမ်ိဳးသမီးေတြမွာပါ မ်ိဳးမေအာင္တာမ်ိဳး ျဖစ္ေစတယ္ဆိုတာ မမွန္ပါဘူး။ တကယ္‌ေတာ့ လူတစ္ေယာက္က ကိုဗစ္ေရာဂါ အကူးခံရၿပီဆိုရင္ အမ်ိဳးသားလိင္အဂၤါနဲ႔ ပတ္သက္တဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးဆက္ေတြ ျဖစ္ေစတာေတာ့ ရွိပါတယ္။ ေလ့လာမွုေတြအရ ကိုဗစ္ကူးထားတဲ့ အမ်ိဳးသားေတြမွာ သုတ္လႊတ္ခ်ိန္ သုတ္ေကာင္ေရ ေလ်ာ့နည္းတာမ်ိဳး ျဖစ္နိုင္တာေတာ့ ရွိပါတယ္။ ၿပီးေတာ့ ကပၸါယ္အိတ္ ေယာင္တာကလည္း ကိုဗစ္ေရာဂါနဲ႔ ဆက္စပ္မွု ရွိပါတယ္။ အဲဒီေတာ့ ေျပာရမယ္ဆိုရင္ ဒါဟာ ကိုဗစ္ကာကြယ္ေဆးေၾကာင့္ ျဖစ္တဲ့လကၡဏာမဟုတ္ဘဲ ကိုဗစ္ေရာဂါေၾကာင့္ ျဖစ္တဲ့လကၡဏာသာ ျဖစ္ပါတယ္ … ” လို႔ အဆိုပါ ေဒါက္တာ Wen က ရွင္းျပထားပါတယ္။

Glasgow

Source: people

 

RELATED ARTICLES

Most Popular