HomeCelebs Update NewsInternationalအလန်းစားဓာတ်ပုံတွေနဲ့ ကိုယ်ဝန်ရှိနေကြောင်း အသိပေးလိုက်တဲ့ Nicki Minaj 

အလန်းစားဓာတ်ပုံတွေနဲ့ ကိုယ်ဝန်ရှိနေကြောင်း အသိပေးလိုက်တဲ့ Nicki Minaj 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရက်ပ်အဆိုတော် Nicki Minaj ဟာ အသက်(၃၇)နှစ်အရွယ်မှာ သူမရဲ့သားဦးကလေးကို ကိုယ်ဝန်ဆောင်ထားရပါပြီ။

ဒီအကြောင်းကိုတော့ Nicki ဟာ မနေ့က ဇူလိုင်လ(၂၀)ရက်နေ့ ညပိုင်းမှာ သူမရဲ့ IG မှာ ပုံအမိုက်စားတွေတင်ပြီး ပရိသတ်တွေအားလုံးကို အသိပေးလိုက်တာ ဖြစ်ပါတယ်။ သစ်ပင်ပန်းမာန်တွေကြားမှာ ရိုက်ကူးထားတဲ့ သူမရဲ့ပုံတစ်ပုံဟာဆိုရင် Beyonce ရဲ့ ကိုယ်ဝန်ရှိကြောင်း ကြေငြာခဲ့တဲ့ ဓာတ်ပုံတွေနဲ့တောင် ခံစားချက်ချင်း သွားပြီးဆင်တူနေတာကို တွေ့ရမှာပါ။

Photo: nickiminaj/ Instagram

Nicki ဟာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်တည်းက ကလေးယူဖို့အကြောင်းတွေကို အင်တာဗျူးတွေမှာ မကြာခဏ ပြောကြားခဲ့ပြီး သူမရဲ့ပရိသတ်တွေကိုလည်း ကိုယ်ဝန်ရှိနေတယ်ဆိုပြီး ခဏခဏ စနောက်လေ့ ရှိတာကြောင့် ပြီးခဲ့တဲ့မေလက အင်တာဗျူးတစ်ခုမှာ သူမ ပြောခဲ့တဲ့အကြောင်းအရာတွေကို အများစုက ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ကြပါတယ်။ သို့ပေမယ့် အခုချပြလိုက်တဲ့ သူမရဲ့ဓာတ်ပုံတွေမှာဆိုရင်တော့ ကိုယ်ဝန်ဟာ အတော်လေး အရင့်အမာဖြစ်နေပြီမို့ Nicki တစ်ယောက် တကယ်ကြီး ကိုယ်ဝန်ရှိနေတာကို အချိန်အတော်ကြာ ငြိမ်သက်နေခဲ့တာပါလားလို့ ပရိသတ်တွေမှာ အသိဝင်ခဲ့ရပါတယ်။

Nicki ဟာ သူမရဲ့ခင်ပွန်းသည် Kenneth “Zoo” Petty နဲ့ ၂၀၁၉ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ကိုးလခန့်အကြာမှာ အခုလို ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပါတယ်။ Nicki ဟာ Kenneth နဲ့ ၂၀၁၈ခုနှစ်တည်းက စတွဲခဲ့တာဖြစ်ပြီး တစ်နှစ်လောက် အတူတူ ရှိနေခဲ့ပြီးမှ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo: nickiminaj/ Instagram

သူတို့နှစ်ယောက် စတွဲကာစတုန်းကတော့ Kenneth ရဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ဝေဖန်မှုတွေ ဆူညံခဲ့ပါသေးတယ်။ Kenneth ဟာ အတိတ်မှာတုန်းက (၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို အဓမ္မပြုကျင့်မှုနဲ့ ထောင်ကျခဲ့ဖူးပြီး နယူးယော့ခ်ပြည်နယ်ရဲ့ ပြစ်မှုစာရင်းဝင်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာ အမည်မသိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ရထားတဲ့ ကလေးငါးယောက်လည်း ရှိတယ်လို့ ကောလာဟလတွေအရ သိရပါသေးတယ်။

ဒါကြောင့်ပဲ ပရိသတ်တွေဟာ Nicki ကို ဒီလိုလူနဲ့ တွဲရမလားဆိုပြီး ဝေဖန်သံတွေ ဆူညံခဲ့ပေမယ့် သူမကတော့ ဂရုမစိုက်ခဲ့ဘဲ ချစ်သူနဲ့ လက်ပါထပ်ခဲ့ပါတယ်။ နောက်ပိုင်းမှ သိရတာကတော့ သူတို့နှစ်ဦးဟာ အထက်တန်းကျောင်းသားအရွယ်တည်းက ချစ်ခဲ့ကြဖူးတဲ့ ငယ်ချစ်တွေ ဖြစ်နေကြတယ်ဆိုတာပါပဲ။ Nicki ဟာ သူမရဲ့မင်္ဂလာပွဲကိုတော့ အကျဉ်းချုံးပြီး ပွဲသေးသေးလေးပဲ လုပ်ခဲ့ပါတယ်။

Photo: nickiminaj/ Instagram

Nicki ဟာ လက်မထပ်ခင်တည်းက အချိန်ကျလာရင် ကလေးယူပြီး မိသားစုဘဝ တည်ဆောက်မယ့်အကြောင်းကို ပြောခဲ့ဖူးသူပါ။ “ကျွန်မ ငါးခွေမြောက် အယ်လ်ဘမ်ထွက်ပြီးသွားတာတောင် အဲ့ဒီ့အချိန်မှာ ကလေးမရှိသေးဘူးဆိုရင် ကျွန်မမှာ ပိုက်ဆံတွေ ဘယ်လောက်ပဲရှိရှိ၊ စိတ်ပျက်စရာ ဖြစ်နေလိမ့်မယ်။ ဘာလို့ဆို ကျွန်မ မိန်းမတစ်ယောက်အဖြစ် လူလာဖြစ်တည်းက မိခင်ဖြစ်ဖို့ မွေးဖွားလာတယ်လို့ ခံစားရလို့ပဲ။ ကျွန်မဘဝထဲမှာ တစ်ခြားလူ ဝင်ရှုပ်တာမျိုး မကြိုက်လို့ ဇနီးမယားဆိုတဲ့အရာကို ရှောင်နေခဲ့တာကြာပြီ။ သတင်းစာမျက်နှာတွေမှာ ပါလာမှာမျိုးကို မလုပ်ချင်တာ။ ဒါပေမယ့် ကလေးမယူခင်တော့ အရင်ဆုံး လက်ထပ်မှာပါ…”

“အဲ့လိုအစဉ်လိုက်အတိုင်း လုပ်သွားဖို့ ဆုံးဖြတ်ထားတာပဲ။ ငယ်ငယ်လေးတည်းက ကျွန်မအမေက ခေါင်းထဲကို အဲ့လိုရိုက်ထည့်ပေးထားတော့ အဲ့လိုပဲလုပ်ဖို့ အမြဲခံစားမိတယ်။ ငါးခွေမြောက် အယ်လ်ဘမ်ထွက်ပြီဆိုတာနဲ့ ကျွန်မ မင်္ဂလာဆောင်မယ်။ အနည်းဆုံး ကလေးတစ်ယောက် မွေးမယ်။ နှစ်ယောက် ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ ပြီးတော့ ဒေါ်လာသန်းငါးရာလောက်နဲ့ နှပ်နေမယ်…” လို့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလက Complex သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။

Photo: nickiminaj/ Instagram

Nicki ရဲ့ မျှော်လင့်ချက်တွေကတော့ ပြည့်ဝကာနီးပြီလို့ ပြောရမှာပါ။ အကြောင်းကတော့ သူမဟာ လက်ရှိမှာ လက်ထပ်ပြီး သားဦးကိုယ်ဝန်ကို ဆောင်ထားရသလို လေးခွေမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Queen ကို ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီးပြီ ဖြစ်လို့ပါပဲ။

LaNina

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ ရက္ပ္အဆိုေတာ္ Nicki Minaj ဟာ အသက္(၃၇)ႏွစ္အ႐ြယ္မွာ သူမရဲ႕သားဦးကေလးကို ကိုယ္ဝန္ေဆာင္ထားရပါၿပီ။

ဒီအေၾကာင္းကိုေတာ့ Nicki ဟာ မေန႔က ဇူလိုင္လ(၂၀)ရက္ေန႔ ညပိုင္းမွာ သူမရဲ႕ IG မွာ ပုံအမိုက္စားေတြတင္ၿပီး ပရိသတ္ေတြအားလုံးကို အသိေပးလိုက္တာ ျဖစ္ပါတယ္။ သစ္ပင္ပန္းမာန္ေတြၾကားမွာ ႐ိုက္ကူးထားတဲ့ သူမရဲ႕ပုံတစ္ပုံဟာဆိုရင္ Beyonce ရဲ႕ ကိုယ္ဝန္ရွိေၾကာင္း ေၾကျငာခဲ့တဲ့ ဓာတ္ပုံေတြနဲ႔ေတာင္ ခံစားခ်က္ခ်င္း သြားၿပီးဆင္တူေနတာကို ေတြ႕ရမွာပါ။

Photo: nickiminaj/ Instagram

Nicki ဟာ လြန္ခဲ့တဲ့ ေလးငါးႏွစ္ေလာက္တည္းက ကေလးယူဖို႔အေၾကာင္းေတြကို အင္တာဗ်ဴးေတြမွာ မၾကာခဏ ေျပာၾကားခဲ့ၿပီး သူမရဲ႕ပရိသတ္ေတြကိုလည္း ကိုယ္ဝန္ရွိေနတယ္ဆိုၿပီး ခဏခဏ စေနာက္ေလ့ ရွိတာေၾကာင့္ ၿပီးခဲ့တဲ့ေမလက အင္တာဗ်ဴးတစ္ခုမွာ သူမ ေျပာခဲ့တဲ့အေၾကာင္းအရာေတြကို အမ်ားစုက ခပ္ေပါ့ေပါ့ပဲ သေဘာထားခဲ့ၾကပါတယ္။ သို႔ေပမယ့္ အခုခ်ျပလိုက္တဲ့ သူမရဲ႕ဓာတ္ပုံေတြမွာဆိုရင္ေတာ့ ကိုယ္ဝန္ဟာ အေတာ္ေလး အရင့္အမာျဖစ္ေနၿပီမို႔ Nicki တစ္ေယာက္ တကယ္ႀကီး ကိုယ္ဝန္ရွိေနတာကို အခ်ိန္အေတာ္ၾကာ ၿငိမ္သက္ေနခဲ့တာပါလားလို႔ ပရိသတ္ေတြမွာ အသိဝင္ခဲ့ရပါတယ္။

Nicki ဟာ သူမရဲ႕ခင္ပြန္းသည္ Kenneth “Zoo” Petty နဲ႔ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလမွာ လက္ထပ္ခဲ့တာျဖစ္ၿပီး ကိုးလခန႔္အၾကာမွာ အခုလို ကိုယ္ဝန္လြယ္ထားရတာ ျဖစ္ပါတယ္။ Nicki ဟာ Kenneth နဲ႔ ၂၀၁၈ခုႏွစ္တည္းက စတြဲခဲ့တာျဖစ္ၿပီး တစ္ႏွစ္ေလာက္ အတူတူ ရွိေနခဲ့ၿပီးမွ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Photo: nickiminaj/ Instagram

သူတို႔ႏွစ္ေယာက္ စတြဲကာစတုန္းကေတာ့ Kenneth ရဲ႕ အတိတ္ကျဖစ္ရပ္ေတြေၾကာင့္ ေဝဖန္မႈေတြ ဆူညံခဲ့ပါေသးတယ္။ Kenneth ဟာ အတိတ္မွာတုန္းက (၁၆)ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္ကို အဓမၼျပဳက်င့္မႈနဲ႔ ေထာင္က်ခဲ့ဖူးၿပီး နယူးေယာ့ခ္ျပည္နယ္ရဲ႕ ျပစ္မႈစာရင္းဝင္တစ္ေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔မွာ အမည္မသိတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ရထားတဲ့ ကေလးငါးေယာက္လည္း ရွိတယ္လို႔ ေကာလာဟလေတြအရ သိရပါေသးတယ္။

ဒါေၾကာင့္ပဲ ပရိသတ္ေတြဟာ Nicki ကို ဒီလိုလူနဲ႔ တြဲရမလားဆိုၿပီး ေဝဖန္သံေတြ ဆူညံခဲ့ေပမယ့္ သူမကေတာ့ ဂ႐ုမစိုက္ခဲ့ဘဲ ခ်စ္သူနဲ႔ လက္ပါထပ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွ သိရတာကေတာ့ သူတို႔ႏွစ္ဦးဟာ အထက္တန္းေက်ာင္းသားအ႐ြယ္တည္းက ခ်စ္ခဲ့ၾကဖူးတဲ့ ငယ္ခ်စ္ေတြ ျဖစ္ေနၾကတယ္ဆိုတာပါပဲ။ Nicki ဟာ သူမရဲ႕မဂၤလာပြဲကိုေတာ့ အက်ဥ္းခ်ဳံးၿပီး ပြဲေသးေသးေလးပဲ လုပ္ခဲ့ပါတယ္။

Photo: nickiminaj/ Instagram

Nicki ဟာ လက္မထပ္ခင္တည္းက အခ်ိန္က်လာရင္ ကေလးယူၿပီး မိသားစုဘဝ တည္ေဆာက္မယ့္အေၾကာင္းကို ေျပာခဲ့ဖူးသူပါ။ “ကြၽန္မ ငါးေခြေျမာက္ အယ္လ္ဘမ္ထြက္ၿပီးသြားတာေတာင္ အဲ့ဒီ့အခ်ိန္မွာ ကေလးမရွိေသးဘူးဆိုရင္ ကြၽန္မမွာ ပိုက္ဆံေတြ ဘယ္ေလာက္ပဲရွိရွိ၊ စိတ္ပ်က္စရာ ျဖစ္ေနလိမ့္မယ္။ ဘာလို႔ဆို ကြၽန္မ မိန္းမတစ္ေယာက္အျဖစ္ လူလာျဖစ္တည္းက မိခင္ျဖစ္ဖို႔ ေမြးဖြားလာတယ္လို႔ ခံစားရလို႔ပဲ။ ကြၽန္မဘဝထဲမွာ တစ္ျခားလူ ဝင္ရႈပ္တာမ်ိဳး မႀကိဳက္လို႔ ဇနီးမယားဆိုတဲ့အရာကို ေရွာင္ေနခဲ့တာၾကာၿပီ။ သတင္းစာမ်က္ႏွာေတြမွာ ပါလာမွာမ်ိဳးကို မလုပ္ခ်င္တာ။ ဒါေပမယ့္ ကေလးမယူခင္ေတာ့ အရင္ဆုံး လက္ထပ္မွာပါ…”

“အဲ့လိုအစဥ္လိုက္အတိုင္း လုပ္သြားဖို႔ ဆုံးျဖတ္ထားတာပဲ။ ငယ္ငယ္ေလးတည္းက ကြၽန္မအေမက ေခါင္းထဲကို အဲ့လို႐ိုက္ထည့္ေပးထားေတာ့ အဲ့လိုပဲလုပ္ဖို႔ အၿမဲခံစားမိတယ္။ ငါးေခြေျမာက္ အယ္လ္ဘမ္ထြက္ၿပီဆိုတာနဲ႔ ကြၽန္မ မဂၤလာေဆာင္မယ္။ အနည္းဆုံး ကေလးတစ္ေယာက္ ေမြးမယ္။ ႏွစ္ေယာက္ ျဖစ္ရင္လည္း ျဖစ္မွာေပါ့။ ၿပီးေတာ့ ေဒၚလာသန္းငါးရာေလာက္နဲ႔ ႏွပ္ေနမယ္…” လို႔ ၂၀၁၄ခုႏွစ္ ဒီဇင္ဘာလက Complex သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့ဖူးပါတယ္။

Photo: nickiminaj/ Instagram

Nicki ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကေတာ့ ျပည့္ဝကာနီးၿပီလို႔ ေျပာရမွာပါ။ အေၾကာင္းကေတာ့ သူမဟာ လက္ရွိမွာ လက္ထပ္ၿပီး သားဦးကိုယ္ဝန္ကို ေဆာင္ထားရသလို ေလးေခြေျမာက္ အယ္လ္ဘမ္ျဖစ္တဲ့ Queen ကို ၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးၿပီ ျဖစ္လို႔ပါပဲ။

LaNina

Source: hollywoodlife

 

RELATED ARTICLES

Most Popular