HomeEntertainmentFilmထွေလာထွက်ရှိလာတဲ့ Nina Dobrev ရဲ့ Love Hard ခရစ်စမတ်ရုပ်ရှင်ကား

ထွေလာထွက်ရှိလာတဲ့ Nina Dobrev ရဲ့ Love Hard ခရစ်စမတ်ရုပ်ရှင်ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Nina Dobrev အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ Love Hard ခရစ်စမတ်ရုပ်ရှင်ဟာ မကြာခင်ကပဲ ထွေလာထွက်ရှိလာခဲ့ပါတယ်။ ပရိသတ်အများစုကတော့ Nina Dobrev ကို The Vampire Diaries ဇာတ်လမ်းတွဲထဲက Elena အနေနဲ့ သိကြပါတယ်။ Nina ဟာ သူမရဲ့သရုပ်ဆောင်ဘဝကိုတော့ Degrassi: The Next Generation ဇာတ်လမ်းတွဲနဲ့ စတင်ခဲ့ပြီး The Vampire Diaries မှာ စတင်ပြီး အောင်မြင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Nina ဟာ Natalie ဆိုတဲ့ ကောင်မလေး တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ Natalie ဟာ ဂျာနယ်လစ်တစ်ယောက် ဖြစ်ပြီး အချစ်ရေးမှာလည်း ကံခေသူတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူမဟာ Dating App တစ်ခုကနေ Josh ဆိုသူနဲ့ တွေ့ဆုံခဲ့ပြီး သူမရဲ့အချစ်ရေးဟာ လုံးဝကို ပြောင်းလဲသွားပြီလို့ ထင်ထားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ခရစ်စမတ်အားလပ်ရက်မှာ Josh ရှိတဲ့ New York ဆီကို ခရီးထွက်ခဲ့ပြီး Surprise လုပ်ခဲ့ပါတယ်။

New York ရောက်သွားတဲ့အချိန်မှပဲ သူမဟာ အဲ့ဒီ Josh ဆိုသူဟာ Dating App ထဲမှာ တစ်ခြားလူတစ်ယောက်ရဲ့ ဓာတ်ပုံကို ယူသုံးထားတယ် ဆိုတာကို သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ အလွန်စိတ်ပျက်သွားပေမယ့်လည်း ဖြစ်ချင်တော့ အဲ့ဒီဓာတ်ပုံထဲက လူဟာ အပြင်မှာတကယ်ရှိနေပြီး သူမကို Dating App မှာ လှည့်စားထားသူကလည်း သူ့ရဲ့လုပ်ရပ်တွေကို တောင်းပန်တဲ့အနေနဲ့ သူတို့နှစ်ယောက် တွဲဖြစ်သွားအောင် ကူညီပေးပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ အလွဲပေါင်းစုံနဲ့ ဘယ်လိုတွေ ဖြစ်ပျက်ကြမလည်း ဆိုတာကို မြင်တွေ့ရမယ့် အချစ်ဟာသရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Hernan Jimenez က ရိုက်ကူးထားပါတယ်။ ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Nina Dobrev ၊ Jimmy O. Yang ၊ Darren Barnet ၊ James Saito ၊ Harry Shum Jr. ၊ Mikaela Hoover ၊ Heather McMahan ၊ Rebecca Staab ၊ Althea Kaye ၊ Matty Finochio နဲ့ Fletcher Donovan တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ နိုဝင်ဘာ (၅) ရက်နေ့ကစပြီး Netflix မှာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Nina Dobrev အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Netflix ရဲ႕ Love Hard ခရစ္စမတ္႐ုပ္ရွင္ဟာ မၾကာခင္ကပဲ ေထြလာထြက္ရွိလာခဲ့ပါတယ္။ ပရိသတ္အမ်ားစုကေတာ့ Nina Dobrev ကို The Vampire Diaries ဇာတ္လမ္းတြဲထဲက Elena အေနနဲ႔ သိၾကပါတယ္။ Nina ဟာ သူမရဲ႕သ႐ုပ္ေဆာင္ဘဝကိုေတာ့ Degrassi: The Next Generation ဇာတ္လမ္းတြဲနဲ႔ စတင္ခဲ့ၿပီး The Vampire Diaries မွာ စတင္ၿပီး ေအာင္ျမင္လာခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Nina ဟာ Natalie ဆိုတဲ့ ေကာင္မေလး တစ္ေယာက္ေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

photo via screenrant

ဇာတ္လမ္းအက်ဥ္းကေတာ့ Natalie ဟာ ဂ်ာနယ္လစ္တစ္ေယာက္ ျဖစ္ၿပီး အခ်စ္ေရးမွာလည္း ကံေခသူတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူမဟာ Dating App တစ္ခုကေန Josh ဆိုသူနဲ႔ ေတြ႕ဆုံခဲ့ၿပီး သူမရဲ႕အခ်စ္ေရးဟာ လုံးဝကို ေျပာင္းလဲသြားၿပီလို႔ ထင္ထားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ ခရစ္စမတ္အားလပ္ရက္မွာ Josh ရွိတဲ့ New York ဆီကို ခရီးထြက္ခဲ့ၿပီး Surprise လုပ္ခဲ့ပါတယ္။

New York ေရာက္သြားတဲ့အခ်ိန္မွပဲ သူမဟာ အဲ့ဒီ Josh ဆိုသူဟာ Dating App ထဲမွာ တစ္ျခားလူတစ္ေယာက္ရဲ႕ ဓာတ္ပုံကို ယူသုံးထားတယ္ ဆိုတာကို သိလိုက္ရပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ အလြန္စိတ္ပ်က္သြားေပမယ့္လည္း ျဖစ္ခ်င္ေတာ့ အဲ့ဒီဓာတ္ပုံထဲက လူဟာ အျပင္မွာတကယ္ရွိေနၿပီး သူမကို Dating App မွာ လွည့္စားထားသူကလည္း သူ႔ရဲ႕လုပ္ရပ္ေတြကို ေတာင္းပန္တဲ့အေနနဲ႔ သူတို႔ႏွစ္ေယာက္ တြဲျဖစ္သြားေအာင္ ကူညီေပးပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အလြဲေပါင္းစုံနဲ႔ ဘယ္လိုေတြ ျဖစ္ပ်က္ၾကမလည္း ဆိုတာကို ျမင္ေတြ႕ရမယ့္ အခ်စ္ဟာသ႐ုပ္ရွင္တစ္ကားပဲ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ Hernan Jimenez က ႐ိုက္ကူးထားပါတယ္။ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Nina Dobrev ၊ Jimmy O. Yang ၊ Darren Barnet ၊ James Saito ၊ Harry Shum Jr. ၊ Mikaela Hoover ၊ Heather McMahan ၊ Rebecca Staab ၊ Althea Kaye ၊ Matty Finochio နဲ႔ Fletcher Donovan တို႔ပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ႏိုဝင္ဘာ (၅) ရက္ေန႔ကစၿပီး Netflix မွာ ၾကည့္ရႈႏိုင္ၿပီ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular