HomeEntertainmentFilmNo Way Home ထဲက Doctor Strange ရဲ့ ဝိဉာဉ်ထုတ်တဲ့ Spell ဟာ ဘာကြောင့်အလုပ်မဖြစ်ခဲ့တာလဲ?

No Way Home ထဲက Doctor Strange ရဲ့ ဝိဉာဉ်ထုတ်တဲ့ Spell ဟာ ဘာကြောင့်အလုပ်မဖြစ်ခဲ့တာလဲ?

Spider-Man: No Way Home ထဲမှာတော့ Doctor Strange ဟာ Spider-Man ကို ဝိဉာဉ်ထုတ်တဲ့ Spell အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီ Spell ဟာ မျှော်လင့်ထားသလိုမျိူး ဖြစ်မလာဘဲ Spider-Man ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားလို့ ရနေပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဘာကြောင့် Doctor Strange ရဲ့ Spell က အလုပ်မဖြစ်ခဲ့လည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

No Way Home ထဲမှာတော့ အရင်တုန်းက Spider-Man ဗီလိန်တွေ ဖြစ်တဲ့ Doc Ock ၊ Green Goblin ၊ Sandman ၊ Electro နဲ့ Lizard တို့ ပါဝင်ခဲ့ပြီး သူတို့ဟာ Tom Holland Spider-Man ရဲ့ Universe ထဲကို ရောက်ရှိလာကြပါတယ်။ အဲ့ဒီနောက်မှာတော့ Doctor Strange ဟာ ဒီဗီလိန်တွေအားလုံးကို သူတို့နဲ့ သက်ဆိုင်တဲ့ Universe တွေကို ပြန်ပို့ဖို့ပဲ အာရုံစိုက်နေပါတယ်။ Spider-Man ကတော့ အဲ့ဒီဗီလိန်တွေဟာ သူတို့ရဲ့သက်ဆိုင်ရာ Universe တွေကို ပြန်ရောက်သွားရင် သေဆုံးသွားမယ်ဆိုတာ သိသွားတဲ့အချိန်မှာ ကယ်တင်လို့ ရနိုင်မယ့်နည်းလမ်း ရှိနိုင်မလားဆိုပြီး ရှာဖွေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ Doctor Strange နဲ့ Spider-Man တို့ဟာ သဘောထားကွဲလွဲကြပြီး တိုက်ပွဲတစ်ခု ဖြစ်လာပါတယ်။ အဲ့ဒီတိုက်ပွဲရဲ့ အစမှာတော့ Doctor Strange ဟာ Spider-Man ရဲ့ ဝိဉာဉ်ကို ခန္ဓာကိုယ်ထဲက ခွဲထုတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီ Spell ဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ အကြောင်းကတော့ Spider-Man ဟာ ဝိဉာဉ်နဲ့ ခန္ဓာကိုယ်က တစ်ခြားစီ ဖြစ်နေပေမယ့်လည်း သူ့ရဲ့ခန္ဓာကိုယ်က လှုပ်ရှားနေဆဲ ဖြစ်နေတာကြောင့်ပါပဲ။

photo via screenrant

Doctor Strange ကိုယ်တိုင်ကလည်း ဒီ Spell ကို ခံခဲ့ရဖူးသူ ဖြစ်တာကြောင့် ဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့အချိန်မှာတော့ အတော်လေး အံ့ဩသွားပါတယ်။ ဒါ့အပြင် Spider-Man ကိုယ်တိုင်ကလည်း သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဘာကြောင့် ဒီလိုမျိူး လုပ်ဆောင်နေတယ်ဆိုတာ မသိဘူးလို့ ပြောလိုက်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ အချက်တစ်ခုကတော့ Spider-Sense ကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အလိုလို လုပ်ဆောင်နေတာလို့ ယူဆနိုင်ပါတယ်။

photo via screenrant

Spider-Sense ကတော့ အားလုံးသိကြတဲ့အတိုင်း အန္တရာယ်တစ်ခုခု ဖြစ်လာတော့မှာကို ကြိုတင် ခံစားမိနေတာမျိူး ဖြစ်ပြီး တိုက်ခိုက်တဲ့အချိန်မှာလည်း သူ့ခန္ဓာကိုယ်ရဲ့ အလိုလျောက် တုံ့ပြန်မှုတွေကို ပိုမိုကောင်းမွန်စေပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းထဲမှာတော့ Doctor Strange ဟာ အဲ့ဒီ Box ကို ရသွားလို့ မဖြစ်ဘူးဆိုတာ သူ့ရဲ့ခန္ဓာကိုယ်က အလိုလို သိနေတာကြောင့် အခုလို အလိုလျောက် တုံ့ပြန်နေတာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular