HomeEntertainmentFilmNo Way Home ရုပ်ရှင်နဲ့ ဂင်းနစ်စံချိန် ချိုးသွားတဲ့ Tobey Maguire နဲ့ Willem Dafoe 

No Way Home ရုပ်ရှင်နဲ့ ဂင်းနစ်စံချိန် ချိုးသွားတဲ့ Tobey Maguire နဲ့ Willem Dafoe 

Spider-Man: No Way Home ရုပ်ရှင် ထွက်ရှိလာပြီးနောက်မှာတော့ Tobey Maguire နဲ့ Willem Dafoe တို့ဟာ  live action ထဲမှာ Marvel ဇာတ်ကောင်အဖြစ် အချိန်အကြာဆုံး သရုပ်ဆောင်ထားနိုင်တဲ့ သရုပ်ဆောင်နှစ်ယောက်အဖြစ် ဂင်းနစ်စံချိန်တင်သွားတာ ဖြစ်ပါတယ်။

မူလကတော့ ဒီစံချိန်ကို သရုပ်ဆောင် Hugh Jackman နဲ့ Patrick Stewart တို့က စံချိန်တင်ထားတာ ဖြစ်ပြီး No Way Home ရဲ့ ကျေးဇူးကြောင့်ပဲ Tobey နဲ့ Willem တို့ဟာ သူတို့နှစ်ယောက်ကို ကျော်တက်ပြီး စံချိန်သစ်တင်လိုက်နိုင်တာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

Spider-Man: No Way Home ဟာ MCU ရဲ့ ထူးခြားတဲ့ ရုပ်ရှင်တစ်ကားအဖြစ် အောင်ပွဲခံနိုင်ခဲ့ရုံတင် မဟုတ်ဘဲ ကာရိုက်တာတွေ၊ သရုပ်ဆောင်တွေအတွက်လည်း ထူးခြားတဲ့ အောင်မြင်မှုကို ရယူပေးနိုင်ခဲ့ပါတယ်။ Tom Holland သရုပ်ဆောင်ထားတဲ့ Spider-Man trilogy ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ No Way Home ဟာ သူ့မတိုင်ခင်က ထွက်ရှိထားတဲ့ Spider-Man ဇာတ်ကားတွေထဲက Spider-Man ဇာတ်ကောင်တွေနဲ့ ဗီလိန်တွေကိုပါ ပြန်လည်ပေါင်းစည်းပေးထားပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ယခင်က Spider-Man သရုပ်ဆောင်နှစ်ယောက် ဖြစ်တဲ့ Tobey Maguire နဲ့ Andrew Garfield တို့ကို သူတို့ရဲ့ မူလကာရိုက်တာတွေအဖြစ် မြင်တွေ့လိုက်ရသလို Willem Dafoe ၊ Alfred Molina ၊ Jamie Foxx ၊ Thomas Haden Church နဲ့ Rhys Ifans တို့ကိုလည်း သူတို့ရဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Green Goblin ၊ Doctor Otto Octavious ၊ Electro ၊ Sandman နဲ့ Lizard တို့အဖြစ် ပြန်လည်မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဒါကြောင့်လည်း ဒီဇာတ်ကားဟာ box-office မှာ လက်ရှိအချိန်ထိ ဝင်ငွေ ဒေါ်လာ(၁.၆၉)ဘီလျံ ရရှိထားပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားစာရင်းမှာ နံပါတ်(၆)နေရာက ရပ်တည်နေပါတယ်။

ဒါတင်မကသေးပဲ ဒီရုပ်ရှင်ကြောင့်ပဲ Tobey Maguire နဲ့ Willem Dafoe တို့ဟာ live action Marvel ဇာတ်ကောင်အဖြစ် အချိန်အကြာဆုံး သရုပ်ဆောင်ထားနိုင်တဲ့ သရုပ်ဆောင်နှစ်ယောက်အဖြစ်ပါ ကမ္ဘာ့ဂင်းနစ်စံချိန်သစ်ကို မှတ်တမ်းတင်သွားပြီ ဖြစ်ပါတယ်။

Photo via IMDb

Tobey နဲ့ Willem တို့ဟာ ဒါရိုက်တာ Sam Raimi ရိုက်ကူးခဲ့ပြီး ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံး Spider-Man ရုပ်ရှင်မှာ သူတို့ရဲ့ Marvel ကာရိုက်တာတွေကို ပွဲဦးထွက် သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ No Way Home ထွက်ရှိလာအပြီးမှာတော့ သူတို့ရဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Peter Parker နဲ့ Norman Osborn တို့ရဲ့ ကာရိုက်တာ သက်တမ်းဟာ (၁၉)နှစ်နဲ့ (၂၂၅)ရက် ကြာမြင့်သွားတာ ဖြစ်ပါတယ်။

နဂိုက ဒီစံချိန်ကို မှတ်တမ်းတင်ထားသူတွေကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ X-Men ရုပ်ရှင်မှာ Wolverine နဲ့ Professor X အဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ Hugh Jackman နဲ့ Patrick Stewart တို့ပဲ ဖြစ်ပါတယ်။ Hugh Jackman နဲ့ Patrick Stewart တို့ရဲ့  ကာရိုက်တာတွေကတော့ (၁၆)နှစ်နဲ့ (၂၃၂)ရက်ကြာ သက်တမ်းရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့နောက်ဆုံး အတူသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Logan ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

Glasgow

Source: indianexpress

 

RELATED ARTICLES

Most Popular