HomeEntertainmentFilmSpider-Man: No Way Home ကို ရုပ်ရှင်ရုံမှာ သွားခိုးကြည့်ခဲ့ကြတဲ့ Tobey နဲ့ Andrew

Spider-Man: No Way Home ကို ရုပ်ရှင်ရုံမှာ သွားခိုးကြည့်ခဲ့ကြတဲ့ Tobey နဲ့ Andrew

Andrew Garfield ဟာ Tobey Maguire နဲ့အတူ Spider-Man: No Way Home ကို ရုပ်ရှင်ရုံမှာ သွားခိုးကြည့်ခဲ့ရတယ်လို့ ပြောပြလိုက်ပါတယ်။

ဒီသရုပ်ဆောင်နှစ်ယောက်လုံးဟာ No Way Home ထဲမှာ Spider-Man အနေနဲ့ ပြန်လည်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ Tobey Maguire ကတော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ Spider-Man အဖြစ် ပါဝင်ခဲ့ပြီး Andrew Garfield ကတော့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ Spider-Man အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

Tobey Maguire ရဲ့ Trilogy အပြီးမှာတော့ Sony က Spider-Man ကို Reboot ပြန်လည်ရိုက်ကူးခဲ့တာကြောင့် Andrew Garfield ဟာ Spider-Man ဖြစ်လာခဲ့ပါတယ်။ Andrew Garfield ရဲ့ The Amazing Spider-Man 2 အပြီးမှာတော့ အကြောင်းအမျိူးမျိူးကြောင့် Trilogy ဖြစ်မလာတော့ဘဲ Sony ဟာ Marvel နဲ့ သဘောတူညီမှု ရယူခဲ့ပြီး Tom Holland ကို MCU ရဲ့ Spider-Man အနေနဲ့ ထည့်သွင်းခဲ့ပါတယ်။

Photo via IMDb

ET Online နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Andrew Garfield ဟာ Tobey Maguire နဲ့အတူ No Way Home ကို ရုပ်ရှင်ရုံမှာ ခိုးကြည့်ခဲ့တယ်လို့ ပြောပြလိုက်ပါတယ်။ Andrew ဟာ အခုလိုမျိူး Tobey ၊ Tom တို့နဲ့အတူ Spider-Man အဖြစ် ပါဝင်ခွင့်ရခဲ့တာကို အခုချိန်ထိ မယုံကြည်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

No Way Home ရဲ့ ပထမဆုံး ရုံတင်ရက်မှာပဲ သူတို့နှစ်ယောက်ဟာ Spider-Man မင်းသားတွေမှန်း မသိသာအောင် ရုပ်ဖျက်ပြီး ရုပ်ရှင်ရုံထဲမှာ ကိုယ်တိုင်သွားရောက် ခံစားကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရုပ်ဖျက်နည်းကတော့ ဘာမှထွေထွေထူးထူး မဟုတ်ဘဲ Mask တပ်ပြီး ဦးထုပ်ဆောင်းထားရုံပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

photo via screenrant

သို့ပေမယ့်လည်း ကိုဗစ်ကာလရဲ့ ထုံးစံကြောင့် လူသတိမထားမိအောင် ရုပ်ဖျက်ဖို့ ပိုမိုလွယ်ကူသွားပုံလည်း ရပါတယ်။ Spider-Man မင်းသားနှစ်ယောက်လုံးက ရုံထဲမှာ အခြားပရိသတ်တွေနဲ့အတူ လာကြည့်ခဲ့ပေမယ့် သူတို့နှစ်ယောက်ကိုလည်း တခြားဘယ်သူကမှ သတိမထားမိခဲ့ကြဘူးလို့ ဆိုပါတယ်။

No Way Home ထွက်ရှိလာပြီးတဲ့နောက်မှာတော့ ပရိသတ်တွေဟာ Andrew Garfield ရဲ့ The Amazing Spider-Man 3 ကို မြင်ချင်နေကြပြီး ဒီအကြောင်းအရာကလည်း တွစ်တာပေါ်မှာ Trending ဝင်နေပါတယ်။ ဒါတင်မကသေးဘဲ Andrew Garfield ကိုယ်တိုင်ကလည်း Spider-Man အဖြစ် ထပ်မံသရုပ်ဆောင်ချင်ပါသေးတယ်လို့ ပြောထားတာကြောင့် တစ်ချိန်ချိန်မှာတော့ ပရိသတ်တွေ မျှော်လင့်နေတဲ့ ဆန္ဒဟာလည်း တကယ် ဖြစ်လာနိုင်ချေ ရှိပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular