HomeEntertainmentFilmNo Way Home ထဲမှာ ပြန်လည်ပါဝင်လာတဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ Tobey Maguire

No Way Home ထဲမှာ ပြန်လည်ပါဝင်လာတဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ Tobey Maguire

Tobey Maguire ကတော့ No Way Home ရုပ်ရှင်ထွက်ရှိအပြီး ပြုလုပ်ထားတဲ့ သူ့ရဲ့ ပထမဆုံးအင်တာဗျူးမှာ Spider-Man အဖြစ် ပြန်လည်ပါဝင်လာရတဲ့ အကြောင်းရင်းကို ပြောပြထားပါတယ်။

Marvel စတူဒီယိုနဲ့ Sony တို့ရဲ့ သဘောတူညီမှုတစ်ခုကြောင့် အခုလိုမျိူး Spider-Man သရုပ်ဆောင်သုံးယောက်ကို ရုပ်ရှင်တစ်ကားတည်းမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး ဒီအချက်ဟာလည်း ပရိသတ်တွေကြားမှာ ယခုအချိန်ထိ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

photo via screenrant

Tobey Maguire ကတော့ Original Spider-Man သရုပ်ဆောင် ဖြစ်ပြီး ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ရုပ်ရှင်သုံးကားထဲမှာ ပါဝင်ခဲ့ပါတယ်။ ပထမဆုံး Spider-Man ရုပ်ရှင်နှစ်ကားကတော့ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း တတိယမြောက် ဇာတ်ကားကတော့ ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ဆိုးရွားတဲ့ မှတ်ချက်တွေကို ရရှိခဲ့ပါတယ်။ မူလတုန်းကတော့ Tobey နဲ့ပဲ Spider-Man 4 ကို ဆက်လက်ရိုက်ကူးဖို့ အစီအစဉ်ရှိခဲ့ပြီး ဇာတ်ညွှန်းတောင် ရေးပြီးခဲ့ကာမှ နောက်ပိုင်းမှာတော့ အကြောင်းအမျိူးမျိူးကြောင့် Reboot အနေနဲ့ အသစ်ပြန်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင်က ထွက်ရှိထားတဲ့ No Way Home ထဲမှာတော့ မတူညီတဲ့ Spider-Man ဗားရှင်း သုံးမျိူးလုံးကို မြင်တွေ့ခဲ့ရပြီး Tobey Maguire ကတော့ ဘာကြောင့် ဒီလိုမျိူး ပြန်လည်သရုပ်ဆောင် ဖြစ်ခဲ့တာလည်းဆိုတာ ပြောပြထားပါတယ်။

“ဒီရုပ်ရှင်မှာ ပါဝင်ခွင့်ရမယ်ဆိုတော့ ချက်ချင်းပဲ စိတ်ဝင်စားသွားတာဗျ။ ကျွန်တော်က Tom နဲ့ Andrew တို့ ရုပ်ရှင်တွေရဲ့ အမာခံပရိသတ်လေ။ ဒီလိုမျိူး ကျွန်တော့်ရဲ့ အတိတ်က တစိတ်တပိုင်းအနေနဲ့ ပြန်လည်ပါဝင်ခွင့်ရမှာနဲ့ ကျွန်တော်တို့ သုံးယောက်လုံးအတူ ပါဝင်ခွင့်ရမှာတွေကြောင့်ပေါ့ … “

photo via screenrant

ဒါကတော့ Tobey ပြောခဲ့တဲ့ စကားအချို့ပဲ ဖြစ်ပြီး သူ့ရဲ့ အကြောင်းပြချက်ကတော့ ရိုးရိုးရှင်းရှင်းပဲ ဖြစ်ပါတယ်။ Andrew ဟာလည်း အလားတူပဲ ဘာကြောင့် ပြန်လည် ပါဝင်လာခဲ့ရလည်းဆိုတာကို ပြောပြခဲ့ဖူးပါသေးတယ်။ Andrew ရဲ့ အကြောင်းပြချက်ကတော့ ဇာတ်ညွှန်းထဲမှာ သူက MJ ကို ကယ်တင်နိုင်ခဲ့တဲ့ ဇာတ်ဝင်ခန်း ပါဝင်တာကြောင့် သူ့ဇာတ်ကောင်အတွက် ထိုက်တန်တဲ့ အဖတ်ဆယ်မှုကို ရရှိသွားမယ်လို့ ယူဆခဲ့တာကြောင့်လို့ သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular