HomeEntertainmentFilmNon-MCU ရုပ်ရှင်တွေဟာ Marvel Multiverse ထဲမှာ ရှိနေကြောင်း confirm သွားတဲ့ Dr. Strange ထွေလာ

Non-MCU ရုပ်ရှင်တွေဟာ Marvel Multiverse ထဲမှာ ရှိနေကြောင်း confirm သွားတဲ့ Dr. Strange ထွေလာ

Super Bowl ပွဲမှာတော့ Doctor Strange in the Multiverse of Madness ရဲ့ ထွေလာအသစ် ထွက်ရှိလာပြီး MCU ထဲမှာ မပါဝင်တဲ့ Marvel ရုပ်ရှင်တွေဟာ Marvel Multiverse ထဲမှာ တည်ရှိနေကြောင်း အတည်ပြုသွားပါတယ်။

MCU Phase 4 ကတော့ ပရိသတ်တွေအတွက် အံ့ဩစရာများစွာကို ဖန်တီးပေးနိုင်ခဲ့ပြီး ယခုနှစ်အတွင်းမှာတော့ ပရိသတ်တွေကို ပိုမိုများပြားတဲ့ အံ့ဩစရာတွေက စောင့်ကြိုနေပါတယ်။ Doctor Strange in the Multiverse of Madness ကတော့ Spider-Man: No Way Home ထပ်တောင်မှ ပရိသတ်တွေအတွက် အံ့ဩစရာတွေ ပါဝင်လာမယ်လို့ သိရပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ ဒီရုပ်ရှင်ထဲမှာ Cameo တွေများစွာ ပါဝင်မယ်လို့ ကောလာဟလတွေ ထွက်ရှိနေပြီး Sony ရဲ့ X-Men ဇာတ်ကောင်တွေနဲ့ Tom Cruise ရဲ့ Iron Man တို့ကိုလည်း မြင်တွေ့ရမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါ့အပြင် Benedict Cumberbatch ကတော့ Doctor Strange ဗားရှင်းအမျိူးမျိူးကို သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ဇာတ်ကောင်အသစ် ဖြစ်တဲ့ America Chavez လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒီထွေလာထဲမှာတော့ Professor X ပါဝင်နေတာကို အတည်ပြုသွားပြီး Sir Patrick Stewart ကပဲ ပြန်လည်သရုပ်ဆောင်သွားဖို့ သေချာသလောက် ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းကတော့ Marvel ဟာ Sir Patrick Stewart ကို MCU ထဲမှာ ပါဝင်လာဖို့ ညှိနှိုင်းခဲ့တယ်လို့ သိရပြီး Kevin Feige ကလည်း MCU ထဲမှာ X-Men တွေ ပါဝင်လာဦးမယ်လို့ ပြောထားတာကြောင့် ဒီကောလာဟလတွေက ပိုမိုအားကောင်းလာခဲ့ပါတယ်။

ထွေလာထဲက တစ်နေရာမှာတော့ Doctor Strange ကို ဖမ်းဆီးလာပြီးနောက် အသံတစ်ခုက “We should tell him the truth” လို့ ပြောသွားတာ ကြားရပါတယ်။ အဲ့ဒီအသံကတော့ Sir Patrick Stewart ရဲ့ အသံပဲ ဖြစ်ပြီး “We” လို့ သုံးနှုန်းထားတာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား တခြားဇာတ်ကောင်တွေလည်း အဲ့ဒီအခန်းထဲမှာ ရှိနေနိုင်ပါတယ်။

ယခုဆိုရင်တော့ Doctor Strange in the Multiverse of Madness ဟာ X-Men တွေ ပါဝင်လာဖို့ သေချာသလောက် ဖြစ်နေပြီး ဒါဟာ ယခင်က MCU ထဲမှာ မပါဝင်ထားတဲ့ Marvel ရုပ်ရှင်တွေဟာ Multiverse ထဲမှာ တည်ရှိနေတယ်လို့ တစ်နည်းအားဖြင့် အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular