HomeEntertainmentFilmငယ်ဘဝကို ပြန်အမှတ်ရသွားစေမယ့် ရုပ်ရှင်ကားကောင်းများ

ငယ်ဘဝကို ပြန်အမှတ်ရသွားစေမယ့် ရုပ်ရှင်ကားကောင်းများ

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်တော့ ရုပ်ရှင်ဆိုတာ Entertainment တစ်ခုဆိုတာထက် ပိုပါတယ်။ ရုပ်ရှင်တွေဟာ ကျွန်တော်တို့ရဲ့ အမှတ်တရတွေ ဖြစ်သလို ရုပ်ရှင်တွေကြောင့် ရရှိခဲ့တဲ့ သင်ခန်းစာတွေလည်း ရှိခဲ့ဖူးတာကြောင့် ရုပ်ရှင်တွေဟာ ကျွန်တော်တို့ ဘဝရဲ့ မှတ်ဉာဏ်တွေဆိုလည်း မမှားပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ငယ်ဘဝကို ပြန်လည်အမှတ်ရသွားစေမယ့် ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Hocus Pocus
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စပ်စုချင်တဲ့ လူငယ်လေးဟာ စုန်းမတွေ နေထိုင်ခဲ့တဲ့ နေရာတစ်ခုကို ပြောင်းရွှေ့လာကြပါတယ်။ နောက်ပိုင်းမှာတော့ (၁၇)ရာစုတုန်းက အသတ်ခံလိုက်ရတဲ့ စုန်းမသုံးယောက်ဟာ လက်စားချေဖို့အတွက် ပြန်လည်ရှင်သန်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sarah Jessica Parker ၊ Bette Midler နဲ့ Thora Birch တို့ ပါဝင်ထားပါတယ်။

(6) The Mask
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Stanley ဆိုတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ဟာ နော်ဝေရဲ့ လှည့်စားခြင်း နတ်ဘုရားဖြစ်တဲ့ Loki က ပြုလုပ်ထားတဲ့ မျက်နှာဖုံးတစ်ခုကို ရှာတွေ့သွားပါတယ်။ သူဟာ အဲ့ဒီမျက်နှာဖုံးကို ဝတ်ဆင်လိုက်တဲ့အချိန်မှာတော့ Reality ကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းရည်တွေကို ရရှိသွားသလို သူ့ရဲ့ Personality ကပါ ပြောင်းလဲသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jim Carrey ၊ Cameron Diaz နဲ့ Peter Greene တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(5) Independence Day
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂြိုဟ်သားတွေဟာ သူတို့ရဲ့ အဆင်မြင့်နည်းပညာတွေနဲ့ ကမ္ဘာပေါ်က မြို့တော်ကြီးတွေကို ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့်ပဲ ဂိတစ်ယောက်၊ လေယာဉ်မောင်းတစ်ယောက်၊ အမေရိကန်သမ္မတနဲ့ အသက်ရှင်ကျန်ခဲ့ကြတဲ့ လူတစ်စုဟာ လူသားမျိူးနွယ်ကို ကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Will Smith ၊ Jeff Goldblum နဲ့ Bill Pullman တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(4) Jumanji
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးနှစ်ယောက်ဟာ Jumanji ဆိုတဲ့ Board Game တစ်ခုကို ဆော့နေရင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီမမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေထဲက တစ်ခုကတော့ ဒီကစားနည်းထဲမှာ လူတစ်ယောက်ဟာ ပိတ်မိနေပြီး အဲ့ဒီကလေးနှစ်ယောက်က အန္တရာယ်တွေကို ရင်ဆိုင်ရင်း ပိတ်မိနေတဲ့သူကို လွှတ်ပေးဖို့ ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Robin Williams ၊ Kirsten Dunst နဲ့ Bonnie Hunt တို့ ပါဝင်ထားပါတယ်။

(3) Speed
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန္တရာယ်များတဲ့ လူတစ်ယောက်ဟာ ဓာတ်လှေကားတစ်ခုမှာ ဗုံးထောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့အစီအစဉ်တွေ အလုပ်မဖြစ်တဲ့အချိန်မှာတော့ သူ့ရဲ့တောင်းဆိုချက်တွေကို လိုက်လျောဖို့အတွက် ဘတ်စ်ကားတစ်စီးမှာ ဗုံးထောင်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Sandra Bullock နဲ့ Dennis Hopper တို့ ပါဝင်ထားပြီး အော်စကာနှစ်ဆု ရရှိထားပါတယ်။

(2) Home Alone
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ မိသားစုတစ်ခုလုံးက ပြင်သစ်နိုင်ငံကို အလည်အပတ်ခရီးစဉ် ထွက်သွားပေမယ့် ရှစ်နှစ်အရွယ် Kevin ဟာ မတော်တဆ အိမ်မှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရာက ဇာတ်လမ်းစပါတယ်။

အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ရလို့ ထင်တိုင်းကြဲပြီး နေလို့ရပြီအမှတ်နဲ့ ပျော်နေတဲ့ Kevin ဟာ အိမ်ထဲကို ဖောက်ဝင်ဖို့ ကြိုးစားနေတဲ့ သူခိုးတွေနဲ့ တွေ့ရတဲ့အခါမှာတော့ ကလေးတစ်ယောက်ရဲ့ အစွမ်းအစတွေ အကုန်ထုတ်ပြီး သူခိုးတွေနဲ့ ထိပ်တိုက်တွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Macaulay Culkin ၊ Devin Ratray နဲ့ Joe Pesci တို့ ပါဝင်ထားပြီး အော်စကာနှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) The Matrix
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။ ဒီကားဟာ ပထမဆုံးကားဖြစ်ပြီးတော့ Matrix ဟာ အားလုံးပေါင်း သုံးကား ထွက်ရှိထားပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၂ခုနှစ်မှာလည်း The Matrix: Resurrections ဆိုပြီး ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ လူသားတွေရဲ့ လက်တွေ့ဘဝကြီးတစ်ခုလုံးကို The Matrix ဆိုတဲ့ ကွန်ပျူတာစနစ်နဲ့ အစားထိုးတည်ဆောက်ထားတဲ့ စွမ်းအားမြင့် ကွန်ပျူတာတွေကို Thomas Anderson ဦးဆောင်တဲ့ လူတစ်စုက တိုက်ခိုက်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Carrie-Anne Moss နဲ့ Laurence Fishburne တို့ ပါဝင်ထားပြီး အော်စကာလေးဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular