HomeEntertainmentFilmဝင်ငွေအများဆုံး ရုပ်ရှင်တွေထဲမှာ နံပါတ်(၆) ဖြစ်လာတဲ့ Spider-Man: No Way Home

ဝင်ငွေအများဆုံး ရုပ်ရှင်တွေထဲမှာ နံပါတ်(၆) ဖြစ်လာတဲ့ Spider-Man: No Way Home

ပရိသတ်တွေ ရင်ခုန်စွာ စောင့်စားကြည့်ရှုခဲ့ကြတဲ့ Spider-Man: No Way Home ဟာ Box-Office မှာ ဝင်ငွေ ဒေါ်လာ(၁.၆၉)ဘီလျံကျော် ရရှိနေပြီ ဖြစ်ပြီး ဝင်ငွေအများဆုံး ရုပ်ရှင်တွေရဲ့ နံပါတ်(၆) နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကတော့ Tom Holland ရဲ့ Spider-Man Trilogy အဆုံးသတ် ဖြစ်ပြီး Tom Holland ရဲ့ (၇)ကားမြောက် MCU ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Trilogy ပြည့်သွားပြီ ဖြစ်ပေမယ့်လည်း Tom Holland ရဲ့ Spider-Man ကို ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပြီး နောက်ထပ် Trilogy တစ်ခုစာ ထပ်မံ ထွက်ရှိလာဦးမယ်လို့လည်း သိရပါတယ်။

photo via screenrant

Spider-Man Franchise ကတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ Franchise တစ်ခု ဖြစ်ပြီး လောလောဆယ်မှာတော့ မူပိုင်ခွင့်ကို Sony က ပိုင်ဆိုင်ထားပါတယ်။ MCU ထဲမှာ အခုလို Spider-Man ကို မြင်တွေ့ရတာနဲ့ No Way Home ထဲမှာ Spider-Man သုံးယောက်ကို အတူတွဲ မြင်ရတာကတော့ Sony နဲ့ Marvel တို့ အောင်မြင်စွာ သဘောတူညီမှု ပြုလုပ်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း Spider-Man: No Way Home ဟာ ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားနေတာ ဖြစ်ပါတယ်။

MCU ရဲ့ (၂၇)ကားမြောက်ဖြစ်တဲ့ Spider-Man: No Way Home ကတော့ Box-Office မှာ ဝင်ငွေ ဒေါ်လာ (၁.၆၉)ဘီလျံကျော် ရရှိနေပြီလို့ Variety သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီသတင်းမှာ ဖော်ပြထားချက်အရ No Way Home ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ သုံးရက်အတွင်းမှာပဲ အမေရိကန်တစ်နိုင်ငံတည်းမှာ ဒေါ်လာ (၁၄)သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ခဲ့တာ ဖြစ်ပြီး ယခုဆိုရင်တော့ အမေရိကန်တစ်နိုင်ငံတည်းမှာ ဝင်ငွေ ဒေါ်လာ (၇၂၁)သန်း ရရှိထားပြီး ပြည်ပနိုင်ငံတွေမှာတော့ ဒေါ်လာ သန်း(၉၇၀)ကျော် ရရှိထားပါတယ်။

photo via screenrant

ဒါကြောင့်ပဲ No Way Home ဟာ ဝင်ငွေအများဆုံး Spider-Man ရုပ်ရှင် ဖြစ်နေပြီး ရုပ်ရှင်သမိုင်းတလျှောက်က ဝင်ငွေအများဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ နံပါတ်(၆)နေရာက ရပ်တည်နေပါတယ်။

Tobey Maguire နဲ့ Andrew Garfield တို့ ပါဝင်ခဲ့တဲ့ No Way Home ဟာ ဒီလောက် အောင်မြင်နေတယ်ဆိုရင် Cameo တွေများစွာ ပါဝင်လာမယ်လို့ ကောလာဟလ ထွက်နေတဲ့ Doctor Strange in the Multiverse of Madness ဟာ ဒီထက်ပိုပြီး အဆပေါင်းများစွာ အောင်မြင်လာမယ်လို့ ယူဆနိုင်ပါတယ်။

ဒါ့အပြင် Marvel စတူဒီယိုကလည်း Doctor Strange in the Multiverse of Madness ထဲမှာ No Way Home ထက် ပိုကောင်းတဲ့ Surprise တွေ ပါဝင်နေတယ်လို့ ပြောထားပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular