HomeEntertainmentFilmအောက်တိုဘာလ (၂၉)ရက်နေ့မှာ Netflix က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်အသစ်များ

အောက်တိုဘာလ (၂၉)ရက်နေ့မှာ Netflix က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်အသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာတော့ ရုပ်ရှင်လောကဟာ ပုံမှန်လို ဖြစ်နေပေမယ့်လည်း ကိုဗစ်ကတော့ မပြီးဆုံးသေးပါဘူး။ ဒါကြောင့်ပဲ အခုချိန်ထိ ရုံတင်ရက် ပြောင်းရွှေ့သွားတဲ့ ရုပ်ရှင်တွေ ရှိနေသေးတာ ဖြစ်ပါတယ်။ တချို့ရုပ်ရှင်တွေကတော့ ရုံတင်ရက် မရွှေ့တော့ဘဲ ရုံတင်ပြသခဲ့ပေမယ့်လည်း Box-office ဝင်ငွေမှာတော့ ပုံမှန်အခြေအနေ မရသေးပါဘူး။

ဒီလိုအခြေအနေတွေကြောင့် ပရိသတ်တွေဟာ ရုပ်ရှင်ကားကောင်းတွေကို မကြည့်ရှုရတာ ကြာပြီ ဖြစ်ပေမယ့်လည်း Netflix ကတော့ ပုံမှန်အတိုင်းပဲ ရုပ်ရှင်အသစ်တွေကို ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အောက်တိုဘာလ (၂၉)ရက်နေ့မှာ ထွက်ရှိလာတဲ့ Netflix ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

Hypnotic
photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Matt Angel နဲ့ Suzanne Coote တို့က ရိုက်ကူးထားပြီး မင်းသမီး Kate Siegel က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမျိူးသမီးတစ်ယောက်ဟာ စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်များစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် သူမရဲ့ စိတ်ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာဖို့အတွက် အိပ်မွေ့ချပညာရှင်တစ်ယောက်ရဲ့ အကူအညီကို ယူရပါတော့တယ်။ ဒါပေမယ့်လည်း သူမ မသိတာ တစ်ခုကတော့ ဒါဟာ သူမအတွက် ပိုမိုဆိုးရွားတဲ့ အဖြစ်အပျက်တွေကို ဖြစ်လာစေတော့မယ်ဆိုတာပဲ ဖြစ်ပါတယ်။

Army of Thieves
photo via screenrant

ဒီရုပ်ရှင်ကတော့ Army of the Dead ရဲ့ Prequel ရုပ်ရှင်ဖြစ်ပြီး Army of the Dead အဖြစ်အပျက် မတိုင်ခင် ခြောက်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီအချိန်မှာတော့ ဇွန်ဘီကပ်ဘေးဟာ စတင်ဖြစ်ပေါ်ခါစ အချိန်ဖြစ်ပြီး အမျိူးသမီးတစ်ယောက်ဟာ Army of the Dead ထဲမှာ ပါဝင်ခဲ့တဲ့ Ludwig Dieter ကို အင်တာပိုရဲ့ အလိုအရှိဆုံး ရာဇဝတ်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ထဲ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Ludwig ရဲ့ တာဝန်ကတော့ ဥရောပတစ်ခွင်မှာရှိတဲ့ ဖွင့်ရအခက်ခဲဆုံး မီးခံသေတ္တာတွေကို ဖွင့်ပေးရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Matthias Schweighofer ၊ Nathalie Emmanuel ၊ Guz Khan ၊ Stuart Martin နဲ့ Jonathan Cohen တို့ ပါဝင်ထားပါတယ်။

Colin in Black & White
photo via screenrant

ဒီရုပ်ရှင်ကတော့ အမေရိကန် ဘောလုံးကစားသမားတစ်ယောက် ဖြစ်တဲ့ Colin Kaepernick ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Colin ကတော့ လူမည်းတစ်ယောက် ဖြစ်သလို မိဘမဲ့ ဖြစ်တာကြောင့် လူဖြူမိသားစုတစ်ခုဟာ သူ့ကို မွေးစားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူဟာ နာမည်ကျော် ကစားသမားတစ်ယောက် ဖြစ်မလာခင်အထိ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာကို မြင်တွေ့ရမှာပါ။

ဒါကတော့ ရုပ်ရှင်ဇာတ်ကားသစ်တွေကို မျှော်လင့်စောင့်စားနေကြတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် မနေ့က အောက်တိုဘာလ(၂၉)ရက်နေ့မှာ Netflix က ပူပူနွေးနွေး ထွက်ရှိထားတဲ့ ရုပ်ရှင်ကားသစ်သုံးကားကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်ဆိုင်ရာ သတင်း၊ဆောင်းပါးတွေနဲ့ အခြားစိတ်ဝင်စားစရာ သတင်းတွေ ဖတ်ရှုရဖို့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုခ်ိန္မွာေတာ့ ႐ုပ္ရွင္ေလာကဟာ ပုံမွန္လို ျဖစ္ေနေပမယ့္လည္း ကိုဗစ္ကေတာ့ မၿပီးဆုံးေသးပါဘူး။ ဒါေၾကာင့္ပဲ အခုခ်ိန္ထိ ႐ုံတင္ရက္ ေျပာင္းေရႊ႕သြားတဲ့ ႐ုပ္ရွင္ေတြ ရွိေနေသးတာ ျဖစ္ပါတယ္။ တခ်ိဳ႕႐ုပ္ရွင္ေတြကေတာ့ ႐ုံတင္ရက္ မေရႊ႕ေတာ့ဘဲ ႐ုံတင္ျပသခဲ့ေပမယ့္လည္း Box-office ဝင္ေငြမွာေတာ့ ပုံမွန္အေျခအေန မရေသးပါဘူး။

ဒီလိုအေျခအေနေတြေၾကာင့္ ပရိသတ္ေတြဟာ ႐ုပ္ရွင္ကားေကာင္းေတြကို မၾကည့္ရွုရတာ ၾကာၿပီ ျဖစ္ေပမယ့္လည္း Netflix ကေတာ့ ပုံမွန္အတိုင္းပဲ ႐ုပ္ရွင္အသစ္ေတြကို ထုတ္လုပ္ေနဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ေအာက္တိုဘာလ (၂၉)ရက္ေန႔မွာ ထြက္ရွိလာတဲ့ Netflix ရဲ့ ႐ုပ္ရွင္ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Hypnotic
photo via screenrant

ဒီ႐ုပ္ရွင္ကိုေတာ့ ဒါရိုက္တာ Matt Angel နဲ႔ Suzanne Coote တို႔က ရိုက္ကူးထားၿပီး မင္းသမီး Kate Siegel က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အမ်ိဴးသမီးတစ္ေယာက္ဟာ စိတ္ဒဏ္ရာရစရာ အျဖစ္အပ်က္မ်ားစြာနဲ႔ ၾကဳံေတြ႕ခဲ့ရတာေၾကာင့္ သူမရဲ့ စိတ္က်န္းမာေရးကို ျပန္လည္ေကာင္းမြန္လာဖို႔အတြက္ အိပ္ေမြ႕ခ်ပညာရွင္တစ္ေယာက္ရဲ့ အကူအညီကို ယူရပါေတာ့တယ္။ ဒါေပမယ့္လည္း သူမ မသိတာ တစ္ခုကေတာ့ ဒါဟာ သူမအတြက္ ပိုမိုဆိုးရြားတဲ့ အျဖစ္အပ်က္ေတြကို ျဖစ္လာေစေတာ့မယ္ဆိုတာပဲ ျဖစ္ပါတယ္။

Army of Thieves
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ Army of the Dead ရဲ့ Prequel ႐ုပ္ရွင္ျဖစ္ၿပီး Army of the Dead အျဖစ္အပ်က္ မတိုင္ခင္ ေျခာက္ႏွစ္အလိုမွာ ဇာတ္အိမ္တည္ထားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ဇြန္ဘီကပ္ေဘးဟာ စတင္ျဖစ္ေပၚခါစ အခ်ိန္ျဖစ္ၿပီး အမ်ိဴးသမီးတစ္ေယာက္ဟာ Army of the Dead ထဲမွာ ပါဝင္ခဲ့တဲ့ Ludwig Dieter ကို အင္တာပိုရဲ့ အလိုအရွိဆုံး ရာဇဝတ္သားေတြ ဖြဲ႕စည္းထားတဲ့ အဖြဲ႕ထဲ ပါဝင္ဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

Ludwig ရဲ့ တာဝန္ကေတာ့ ဥေရာပတစ္ခြင္မွာရွိတဲ့ ဖြင့္ရအခက္ခဲဆုံး မီးခံေသတၱာေတြကို ဖြင့္ေပးရမွာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Matthias Schweighofer ၊ Nathalie Emmanuel ၊ Guz Khan ၊ Stuart Martin နဲ႔ Jonathan Cohen တို႔ ပါဝင္ထားပါတယ္။

Colin in Black & White
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ အေမရိကန္ ေဘာလုံးကစားသမားတစ္ေယာက္ ျဖစ္တဲ့ Colin Kaepernick ရဲ့ အေၾကာင္းကို ရိုက္ကူးထားတာ ျဖစ္ပါတယ္။ Colin ကေတာ့ လူမည္းတစ္ေယာက္ ျဖစ္သလို မိဘမဲ့ ျဖစ္တာေၾကာင့္ လူျဖဴမိသားစုတစ္ခုဟာ သူ႔ကို ေမြးစားခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ သူဟာ နာမည္ေက်ာ္ ကစားသမားတစ္ေယာက္ ျဖစ္မလာခင္အထိ ဘယ္လိုအခက္အခဲေတြ ၾကဳံေတြ႕ခဲ့ရတယ္ဆိုတာကို ျမင္ေတြ႕ရမွာပါ။

ဒါကေတာ့ ႐ုပ္ရွင္ဇာတ္ကားသစ္ေတြကို ေမၽွာ္လင့္ေစာင့္စားေနၾကတဲ့ ႐ုပ္ရွင္ခ်စ္သူေတြအတြက္ မေန႔က ေအာက္တိုဘာလ(၂၉)ရက္ေန႔မွာ Netflix က ပူပူေႏြးေႏြး ထြက္ရွိထားတဲ့ ႐ုပ္ရွင္ကားသစ္သုံးကားကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ အခုလို ႐ုပ္ရွင္ဆိုင္ရာ သတင္း၊ေဆာင္းပါးေတြနဲ႔ အျခားစိတ္ဝင္စားစရာ သတင္းေတြ ဖတ္ရွုရဖို႔ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular