HomeEntertainmentFilmအောက်တိုဘာလအတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်ကားသစ်များ

အောက်တိုဘာလအတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်ကားသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိုးဝင်းပွဲတော်ကာလ ဖြစ်တဲ့ အောက်တိုဘာလဟာ မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင်တော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေဟာ ဟောလိုးဝင်းနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်လေ့ရှိပြီး အများစုကတော့ Horror ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အောက်တိုဘာလအတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(1) The Addams Family 2
photo via screenrant

ဒီ Animation ကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ The Addams Family ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Horror ပုံစံမျိူး မဟုတ်ပေမယ့်လည်း Hotel Transylvania လိုမျိူး အဓိကဇာတ်ကောင်တွေက မကောင်းဆိုးဝါးတွေပဲ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Oscar Isaac ၊ Charlize Theron နဲ့ Chloe Grace Moretz တို့ ပါဝင်ထားပါတယ်။ ဒီ Animation ကတော့ အောက်တိုဘာလ (၁)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(2) There’s Someone Inside Your House
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Makani ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အထက်တန်းကျောင်းပြီးအောင် ဆက်တက်နိုင်ဖို့ ဟာဝိုင်အီမြို့ကနေ နီဘရာစကာမြို့ကို ပြောင်းလာသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အထက်တန်းကျောင်း ပြီးဆုံးဖို့ နီးကပ်လာတဲ့အချိန်မှာတော့ သူမနဲ့ သူမသူငယ်ချင်းတွေရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မယ်လို့ လူသတ်သမားတစ်ယောက်က ခြိမ်းခြောက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sydney Park ၊ Emilija Baranac နဲ့ Theodore Pellerin တို့ ပါဝင်ထားပြီး အောက်တိုဘာလ (၆)ရက်နေ့မှာ Netflix ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

(3) Halloween Kills
photo via screenrant

ဒီရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Halloween ရဲ့ အဆက် sequel ဖြစ်ပြီး ပရိသတ်များစွာက ဒီရုပ်ရှင်ကို စောင့်မျှော်နေကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒဏ်ရာရနေတဲ့ Laurie Strode ဟာ လူသတ်သမား Michael Myers ကို တားဆီးဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Jamie Lee Curtis ၊ James Jude Courtney နဲ့ Kyle Richards တို့ အဓိက ပါဝင်ထားပြီး အောက်တိုဘာလ (၁၅)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ၂၀၂၂ ခုနှစ်မှာ Halloween Ends ဆိုပြီး နောက်ထပ်တစ်ကား ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

(4) Night Teeth
photo via screenrant

ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ ပါတီတွေ တစ်ခုပြီးတစ်ခု သွားနေရင်းနဲ့ ထူးဆန်းတဲ့ ကောင်မလေးနှစ်ယောက်ကိုပါ ခေါ်လာမိပါတယ်။ အဲ့ဒီနောက် ကောင်မလေးနှစ်ယောက်ဟာ ပုံမှန်မဟုတ်ဘဲ အန္တရာယ်ရှိတယ်ဆိုတာကို သိသွားတဲ့ အချိန်မှာတော့ သူဟာ အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရပါတော့တယ်။ ဒီကားကတော့ အောက်တိုဘာလ (၂၀)ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(5) Last Night in Soho
photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးထားတဲ့ စိတ္တဇ Horror ရုပ်ရှင်အမျိူးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဟာ ထူးဆန်းစွာပဲ ၁၉၆၆ ခုနှစ်ကို ရောက်သွားပါတယ်။ အဲ့ဒီလို ရောက်သွားတဲ့ အချိန်မှာတော့ သူမရဲ့စိတ်ဟာ သူမရဲ့ idol အဆိုတော်ဖြစ်တဲ့ Sandy ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဆိုတော် Sandy အနေနဲ့ နေထိုင်ရင်း ဘာတွေဆက်ဖြစ်မလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Thomasin McKenzie နဲ့ Matt Smith တို့က အဓိက ပါဝင်ထားပြီး အောက်တိုဘာလ (၂၉)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

(6) Antlers
photo via screenrant

ဇာတ်လမ်းအစမှာတော့ Oregon ဆိုတဲ့ မြို့ငယ်လေးက ကျောင်းဆရာမတစ်ယောက်ဟာ Lucas ဆိုတဲ့ သူ့ရဲ့တပည့်တစ်ယောက်အတွက် စိတ်ပူနေတာ မြင်တွေ့ရမှာပါ။ အဲ့ဒီနောက်မှာတော့ Lucas ဟာ သူ့ရဲ့အိမ်မှာ သဘာဝလွန် သတ္တဝါတွေကို မွေးထားကြောင်း သိလိုက်ရပြီး ဒီမြို့လေးကို ဘယ်လိုကံကြမ္မာဆိုးတွေ ကျရောက်လာမလည်းဆိုတာ မြင်တွေ့ရမှာပါ။ Keri Russell ၊ Jesse Plemons နဲ့ Jeremy Thomas တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အောက်တိုဘာလ (၂၉)ရက်မှာပဲ ထွက်ရှိလာမှာပါ။

ဒါကတော့ အောက်တိုဘာလအတွင်းမှာ ထွက်ရှိလာမယ့် Horror ဇာတ်ကားသစ်တွေပဲ ဖြစ်ပါတယ်။ horror ဇာတ်ကား နှစ်သက်တဲ့ မိတ်ဆွေတွေကိုလည်း မျှဝေအသိပေးလိုက်ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိုးဝင္းပြဲေတာ္ကာလ ျဖစ္တဲ့ ေအာက္တိုဘာလဟာ မၾကာခင္မွာ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ဆိုရင္ေတာ့ ႐ုပ္ရွင္ထုတ္လုပ္ေရးေတြဟာ ေဟာလိုးဝင္းနဲ႔ ပတ္သက္တဲ့ ႐ုပ္ရွင္ေတြကို ထုတ္လုပ္ေလ့ရွိၿပီး အမ်ားစုကေတာ့ Horror ႐ုပ္ရွင္ေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ေအာက္တိုဘာလအတြင္းမွာ ထြက္ရွိလာမယ့္ Horror ႐ုပ္ရွင္ေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

(1) The Addams Family 2
photo via screenrant

ဒီ Animation ကေတာ့ ၂၀၁၉ ခုႏွစ္က ထြက္ရွိထားတဲ့ The Addams Family ရဲ့ အဆက္ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Horror ပုံစံမ်ိဴး မဟုတ္ေပမယ့္လည္း Hotel Transylvania လိုမ်ိဴး အဓိကဇာတ္ေကာင္ေတြက မေကာင္းဆိုးဝါးေတြပဲ ျဖစ္ပါတယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Oscar Isaac ၊ Charlize Theron နဲ႔ Chloe Grace Moretz တို႔ ပါဝင္ထားပါတယ္။ ဒီ Animation ကေတာ့ ေအာက္တိုဘာလ (၁)ရက္ေန႔မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

(2) There’s Someone Inside Your House
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Makani ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ဟာ အထက္တန္းေက်ာင္းၿပီးေအာင္ ဆက္တက္နိုင္ဖို႔ ဟာဝိုင္အီၿမိဳ႕ကေန နီဘရာစကာၿမိဳ႕ကို ေျပာင္းလာသူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ အထက္တန္းေက်ာင္း ၿပီးဆုံးဖို႔ နီးကပ္လာတဲ့အခ်ိန္မွာေတာ့ သူမနဲ႔ သူမသူငယ္ခ်င္းေတြရဲ့ အနက္ရွိုင္းဆုံး လၽွို႔ဝွက္ခ်က္ေတြကို ေဖာ္ထုတ္မယ္လို႔ လူသတ္သမားတစ္ေယာက္က ၿခိမ္းေျခာက္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sydney Park ၊ Emilija Baranac နဲ႔ Theodore Pellerin တို႔ ပါဝင္ထားၿပီး ေအာက္တိုဘာလ (၆)ရက္ေန႔မွာ Netflix ကေန ျပသသြားမွာ ျဖစ္ပါတယ္။

(3) Halloween Kills
photo via screenrant

ဒီ႐ုပ္ရွင္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Halloween ရဲ့ အဆက္ sequel ျဖစ္ၿပီး ပရိသတ္မ်ားစြာက ဒီ႐ုပ္ရွင္ကို ေစာင့္ေမၽွာ္ေနၾကပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဒဏ္ရာရေနတဲ့ Laurie Strode ဟာ လူသတ္သမား Michael Myers ကို တားဆီးဖို႔ ႀကိဳးစားတာကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Jamie Lee Curtis ၊ James Jude Courtney နဲ႔ Kyle Richards တို႔ အဓိက ပါဝင္ထားၿပီး ေအာက္တိုဘာလ (၁၅)ရက္ေန႔မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ၂၀၂၂ ခုႏွစ္မွာ Halloween Ends ဆိုၿပီး ေနာက္ထပ္တစ္ကား ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။

(4) Night Teeth
photo via screenrant

ဇာတ္လမ္းကေတာ့ ေကာင္ေလးတစ္ေယာက္ဟာ ပါတီေတြ တစ္ခုၿပီးတစ္ခု သြားေနရင္းနဲ႔ ထူးဆန္းတဲ့ ေကာင္မေလးႏွစ္ေယာက္ကိုပါ ေခၚလာမိပါတယ္။ အဲ့ဒီေနာက္ ေကာင္မေလးႏွစ္ေယာက္ဟာ ပုံမွန္မဟုတ္ဘဲ အႏၲရာယ္ရွိတယ္ဆိုတာကို သိသြားတဲ့ အခ်ိန္မွာေတာ့ သူဟာ အသက္ရွင္သန္နိုင္ဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။ ဒီကားကေတာ့ ေအာက္တိုဘာလ (၂၀)ရက္မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

(5) Last Night in Soho
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ဒါရိုက္တာ Edgar Wright ရိုက္ကူးထားတဲ့ စိတၱဇ Horror ႐ုပ္ရွင္အမ်ိဴးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္ဟာ ထူးဆန္းစြာပဲ ၁၉၆၆ ခုႏွစ္ကို ေရာက္သြားပါတယ္။ အဲ့ဒီလို ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ သူမရဲ့စိတ္ဟာ သူမရဲ့ idol အဆိုေတာ္ျဖစ္တဲ့ Sandy ရဲ့ ခႏၶာကိုယ္ထဲကို ေရာက္ေနပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ အဆိုေတာ္ Sandy အေနနဲ႔ ေနထိုင္ရင္း ဘာေတြဆက္ျဖစ္မလည္းဆိုတာ ၾကည့္ရွုရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Anya Taylor-Joy ၊ Thomasin McKenzie နဲ႔ Matt Smith တို႔က အဓိက ပါဝင္ထားၿပီး ေအာက္တိုဘာလ (၂၉)ရက္ေန႔မွာ ထြက္ရွိလာမွာပါ။

(6) Antlers
photo via screenrant

ဇာတ္လမ္းအစမွာေတာ့ Oregon ဆိုတဲ့ ၿမိဳ႕ငယ္ေလးက ေက်ာင္းဆရာမတစ္ေယာက္ဟာ Lucas ဆိုတဲ့ သူ႔ရဲ့တပည့္တစ္ေယာက္အတြက္ စိတ္ပူေနတာ ျမင္ေတြ႕ရမွာပါ။ အဲ့ဒီေနာက္မွာေတာ့ Lucas ဟာ သူ႔ရဲ့အိမ္မွာ သဘာဝလြန္ သတၱဝါေတြကို ေမြးထားေၾကာင္း သိလိုက္ရၿပီး ဒီၿမိဳ႕ေလးကို ဘယ္လိုကံၾကမၼာဆိုးေတြ က်ေရာက္လာမလည္းဆိုတာ ျမင္ေတြ႕ရမွာပါ။ Keri Russell ၊ Jesse Plemons နဲ႔ Jeremy Thomas တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာက္တိုဘာလ (၂၉)ရက္မွာပဲ ထြက္ရွိလာမွာပါ။

ဒါကေတာ့ ေအာက္တိုဘာလအတြင္းမွာ ထြက္ရွိလာမယ့္ Horror ဇာတ္ကားသစ္ေတြပဲ ျဖစ္ပါတယ္။ horror ဇာတ္ကား ႏွစ္သက္တဲ့ မိတ္ေဆြေတြကိုလည္း မၽွေဝအသိေပးလိုက္ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular