HomeCelebs Update NewsInternationalHouse of the Dragon စရိုက်တဲ့နေ့တုန်းက အရက်နာကျနေခဲ့တဲ့ Olivia Cooke

House of the Dragon စရိုက်တဲ့နေ့တုန်းက အရက်နာကျနေခဲ့တဲ့ Olivia Cooke

သရုပ်ဆောင် Olivia Cooke ကတော့ House of the Dragon ရိုက်ကူးရေး စတင်တဲ့နေ့မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြထားပါတယ်။ သူမဟာ မကြာသေးခင်ကပဲ Jimmy Kimmel Live ရှိုးမှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး Game of Thrones ရဲ့ prequel ဇာတ်လမ်းတွဲ House of the Dragon ရိုက်ကူးရေး စတင်တဲ့နေ့မှာ အတော်လေး အရက်နာကျနေခဲ့တယ်လို့ ပြောပြသွားပါတယ်။

အသက်(၂၈)နှစ်ရှိပြီဖြစ်တဲ့ Olivia Cooke ဟာ House of the Dragon ထဲမှာတော့ Alicent Hightower ရဲ့ လူကြီးဇာတ်ရုပ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမဟာ ပုံမှန်ဆိုရင် အရက်သောက်လေ့ သိပ်မရှိပေမယ့် အင်္ဂလိပ်ဟာသပညာရှင် Alan Carr ရဲ့ Life’s A Beach podcast ဟာ ပါဝင်ပြီးနောက် host လုပ်သူနဲ့ အဖွဲ့ကျသွားပြီး တစ်ခွက်တစ်ဖလား သောက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

Photo: livkatecooke/ Instagram

“အဲဒီနေ့က ကျွန်မတော်တော်လေး အရက်နာကျနေတာပါ။ တော်တော်ဆိုးပါတယ်။ တကယ်ဆိုးတာပါ။ ပုံမှန်ဆို သိပ်ပြီးသောက်လေ့ မရှိပါဘူး။ ဒါပေမယ့် အင်္ဂလန်မှာဆိုရင် ကျွန်မအရမ်းသဘောကျတဲ့ ဟာသပညာရှင်တစ်ယောက် ရှိတယ်လေ။ အဲဒါက Alan Carr ပေါ့။ ပြီးတော့ သူက podcast လုပ်နေတယ်။ အဲဒီမှာ ဧည့်သည်အဖြစ် ပါပေးဖို့ ကျွန်မကိုလည်း ဖိတ်လာတယ်။ စိတ်တွေအရမ်းလှုပ်ရှားနေတာပေါ့ …”

“နောက်တစ်နေ့ ကျွန်မ ရိုက်ကူးရေးကို သွားရမယ့်အချိန်က (၁၁)နာရီမှလေ။ အဲဒီတော့ အချိန်ရတယ်။ အေးဆေးပေါ့။ အဲဒါနဲ့ ယဉ်ကျေးသမှုနဲ့ ဝိုင်တစ်ပုလင်း ဝယ်သွားတာ။ podcast က ပြီးသွားပေမယ့် ကျွန်မတို့နှစ်ယောက် စကားတွေ ပြောဖြစ်သွားကြတာ တောက်လျှောက်ပဲ။ သူက ကျွန်မကို စိတ်ဝင်စားစရာ အတင်းတွေလည်း အများကြီး ပြောပြတယ်လေ။ အဲဒါနဲ့ ဝိုင်တွေ ထပ်သောက်လိုက်၊ ပြောလိုက်ပေါ့ …”

Photo: livkatecooke/ Instagram

“အိမ်ကို ဘယ်လိုပြန်ရောက်သွားမှန်းတောင် မမှတ်မိဘူး။ ကျွန်မ ဆံပင်စည်းမလို့ နားထင်နားကို လက်နဲ့ထိပြီးတာနဲ့ လဲကျသွားတာတော့ မှတ်မိတယ်။ အဲဒါနဲ့ နောက်နေ့မှာ နိုးလည်းနိုးလာရော သွားကြားမှာတောင် အာလူးကြော်ဖတ်က ကပ်နေတယ်။ အဲဒီကျတော့မှ ပြူးပြဲသွားတော့တာလေ။ ငါ ဘာတွေလုပ်မိပြီလဲ။ ရိုက်ကွင်းက ငါ ဒီလိုဖြစ်နေတာ သိသွားကြပြီလားပေါ့ …” လို့ သူမရဲ့ ရိုက်ကူးရေးမစခင်နေ့က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ကို ပြောပြထားပါတယ်။

ဒါ့အပြင် Olivia ဟာ အရက်နာကျနေခဲ့ပေမယ့် သူမရဲ့ House of the Dragon ရိုက်ကူးရေး ပထမဆုံးနေ့ဟာ တကယ် အံ့ဩဖို့ကောင်းတယ်လို့ ပြောသွားပါသေးတယ်။ House of the Dragon ဇာတ်လမ်းတွဲကိုတော့ တနင်္လာနေ့တိုင်းမှာ HBO က ထုတ်လွှင့်နေပြီး စုစုပေါင်း အပိုင်း(၁၀)ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular