HomeEntertainmentFilmBrad Pitt နဲ့ Leonardo တို့ကို အတူတွဲတွေ့ရမယ့် Once Upon A Time In Hollywood

Brad Pitt နဲ့ Leonardo တို့ကို အတူတွဲတွေ့ရမယ့် Once Upon A Time In Hollywood

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Once Upon A Time In Hollywood ရုပ်ရှင်ကားကြီးဟာ ဒါရိုက်တာ Quentin Tarantino ရဲ့ ကိုးကားမြောက် ရုပ်ရှင်ကားဖြစ်ပြီး သူကိုယ်တိုင် ရေးထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ Columbia Pictures က ထုတ်လုပ်ပြီး Sony Pictures က ဖြန့်ချိထားတဲ့ ဒီဇာတ်ကားမှာ ကမ္ဘာကျော် နာမည်ကြီး သရုပ်ဆောင် အများအပြားကို ထည့်သွင်းအသုံးပြုထားပါတယ်။

ဇာတ်လမ်းကတော့ ၁၉၆၉ခုနှစ် လော့စ်အိန်ဂျလိစ့်မြို့ကို ပြန်လည်သွားရောက်ထားတဲ့ပုံစံဖြစ်ပြီး တီဗွီသရုပ်ဆောင် Rick Dalton (Leonardo DiCaprio) နဲ့ သူ့ရဲ့ လူစားထိုး စတန့်သရုပ်ဆောင် Cliff Booth (Brad Pitt) တို့ ရုပ်ရှင်လောကကြီးမှာ လှည့်လည်သွားလာထားတဲ့ ဇာတ်လမ်းအပြင် အခြားသော မတူညီတဲ့ ဇာတ်လမ်းသွားတွေကိုပါ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Drama ၊ Comedy ၊ Thriller အမျိုးအစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Al Pacino ၊ Brad Pitt ၊ Leonardo DiCaprio ၊ Ethan Hwake ၊ Dakota Fanning ၊ Margot Robbie စတဲ့ ဟောလိဝုဒ်ရဲ့ အကျော်အမော်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လ (၂၆)ရက်နေ့မှာ ကမ္ဘာနဲ့အ၀ှမ်း ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ Official ထွေလာကိုတော့ အောက်မှာ ရှုစားနိုင်ပါတယ်။

Xei

(Unicode Version)

RELATED ARTICLES

Most Popular