HomeEntertainmentFilmThe Boys ရဲ့ spin-off စီးရီး ထပ်ရိုက်ဖို့ စီစဉ်နေတဲ့ Amazon 

The Boys ရဲ့ spin-off စီးရီး ထပ်ရိုက်ဖို့ စီစဉ်နေတဲ့ Amazon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Amazon Prime ဟာ လက်ရှိလူကြိုက်များနေတဲ့ သူ့ရဲ့ကိုယ်ပိုင်စီးရီး The Boys ရဲ့ အောင်မြင်မှုကြောင့် နောက်ထပ် ခြေလှမ်းတစ်ခုကို လှမ်းလိုက်ပါပြီ။ အဲ့ဒါကတော့ The Boys ရဲ့ spin-off စီးရီးကို ထပ်မံရိုက်ကူး ထုတ်လွှင့်ဖို့ ဖြစ်ပါတယ်။

Garth Ennis နဲ့ Darick Robertson တို့ရဲ့ ကောမစ်ကို အခြေခံ ရိုက်ကူးထားတဲ့ The Boys ဇာတ်လမ်းတွဲဟာ Amazon Prime မှာတော့ အလွန်လူကြိုက်များ ရေပန်းစားနေတာ ဖြစ်ပါတယ်။ The Boys ဟာ သာမန်စူပါဟီးရိုး ဇာတ်လမ်းတွဲမဟုတ်ဘဲ စူပါဟီးရိုးလောကနဲ့ ကိုယ့်တရား ကိုယ်စီရင်ဖို့ ကြိုးစားနေကြတဲ့ လူတစ်စုအကြောင်းကို သရော်တဲ့ဟန်နဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

©Amazon Studios

The Boys ဟာ ပထမ season ထွက်ရှိပြီးတည်းက Amazon မှာ လူကြိုက်များခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ season 2 ကို ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ပိုင်းစီ ထုတ်လွှင့်ပြသတဲ့ ပုံစံကြောင့်လည်း တစ်ပိုင်းပြီးသွားတိုင်းမှာ နောက်တစ်ပိုင်းအတွက် ကြိုတင် ရင်ခုန်စောင့်စားမှုတွေက ပိုမိုမြင့်တက်လာပြီး ရှိုးအပေါ် လူတွေရဲ့ စိတ်ဝင်စားမှုက ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် The Boys ရဲ့ season 2 ကြည့်ရှုမှုနှုန်းဟာ season 1 တုန်းကထက် နှစ်ဆ မြင့်တက်လာတာကြောင့် အခွင့်အရေးကို အမိအရ အသုံးချတဲ့အနေနဲ့ Aamzon က အခုလို spin-off စီးရီး ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Amazon ဟာ အဆိုပါ spin-off စီးရီးကို လျင်မြန်စွာပဲ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အဆိုပါ spin-off စီးရီးဟာ Vought က ဖွင့်လှစ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ တစ်ခုတည်းသော စူပါဟီးရိုးကောလိပ်အကြောင်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးဟာ R-rated အနေနဲ့ ပြသသွားမှာဖြစ်ပြီး နိုင်ငံရဲ့အကောင်းဆုံးမြို့တွေမှာ နာမည်ကြီးစူပါဟီးရိုးတွေ ဖြစ်လာဖို့ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အပြိုင်အဆိုင် ကြိုးစားရတဲ့ supes တွေရဲ့ ဘဝအကြောင်းကို ပြသသွားမယ်လို့ သိရပါတယ်။ (supes ဆိုတာကတော့ ဆေးပညာနဲ့ ခေတ်သစ်သိပ္ပံပညာတို့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ စူပါလူသား ကလေးတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။)

©Amazon Studios

spin-off စီးရီးအတွက် ပထမဆုံးအပိုင်းကို Craig Rosenberg က ဇာတ်လမ်း ရေးသားသွားမှာဖြစ်ပြီး showrunner အနေနဲ့ရော executive producer အနေနဲ့ရော တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်လုပ်ရေးအပိုင်းကိုတော့ The Boys ရဲ့ showrunner Eric Kripke ကလည်း ပူးတွဲတာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အခုရိုက်ကူးမယ့် spin-off စီးရီးဟာ စူပါဟီးရိုးကောလိပ်အကြောင်းကို ရှုထောင့်သစ်တစ်ခုအနေနဲ့ ပြသသွားမှာ ဖြစ်တဲ့အတွက် ကာရိုက်တာအသစ်တွေလည်း ပိုပြီးမြင်လာရဖို့ ရှိပါတယ်။ ဒါ့အပြင် The Boys စီးရီးမှာဆိုရင် The Seven အပြင် အခြားစူပါဟီးရိုးအဖွဲ့တွေ ရှိမရှိ၊ ဘယ်လိုလည်ပတ်နေကြလည်းဆိုတာကို မပြသရသေးတာကြောင့် ဒီ spin-off မှာ ဒီအပိုင်းရော ပါလာမှာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

©Amazon Studios

မူရင်းစီးရီးဖြစ်တဲ့ The Boys ဟာလည်း လက်ရှိမှာ season 3 ရိုက်ကူးနေပြီဖြစ်တာကြောင့် Amazon ရဲ့ စီစဉ်မှုတွေသာ မြန်မြန်ဆန်ဆန် ပြီးသွားခဲ့မယ်ဆိုရင် The Boys season 3 နဲ့ spin-off စီးရီးကို တစ်ပြိုင်တည်းနီးပါး ကြည့်ရှုရဖို့လည်း အလားအလာ ရှိပါတယ်လို့ ဆိုလိုက်ရင်း … ။

Glasgow

Source: screenrant

(Zawgyi Version)

Amazon Prime ဟာ လက္ရွိလူႀကိဳက္မ်ားေနတဲ့ သူ႔ရဲ႕ကိုယ္ပိုင္စီးရီး The Boys ရဲ႕ ေအာင္ျမင္မႈေၾကာင့္ ေနာက္ထပ္ ေျခလွမ္းတစ္ခုကို လွမ္းလိုက္ပါၿပီ။ အဲ့ဒါကေတာ့ The Boys ရဲ႕ spin-off စီးရီးကို ထပ္မံ႐ိုက္ကူး ထုတ္လႊင့္ဖို႔ ျဖစ္ပါတယ္။

Garth Ennis နဲ႔ Darick Robertson တို႔ရဲ႕ ေကာမစ္ကို အေျခခံ ႐ိုက္ကူးထားတဲ့ The Boys ဇာတ္လမ္းတြဲဟာ Amazon Prime မွာေတာ့ အလြန္လူႀကိဳက္မ်ား ေရပန္းစားေနတာ ျဖစ္ပါတယ္။ The Boys ဟာ သာမန္စူပါဟီး႐ိုး ဇာတ္လမ္းတြဲမဟုတ္ဘဲ စူပါဟီး႐ိုးေလာကနဲ႔ ကိုယ့္တရား ကိုယ္စီရင္ဖို႔ ႀကိဳးစားေနၾကတဲ့ လူတစ္စုအေၾကာင္းကို သေရာ္တဲ့ဟန္နဲ႔ တင္ဆက္ထားတဲ့ ဇာတ္လမ္းတြဲ ျဖစ္ပါတယ္။

©Amazon Studios

The Boys ဟာ ပထမ season ထြက္ရွိၿပီးတည္းက Amazon မွာ လူႀကိဳက္မ်ားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ season 2 ကို ထုတ္လႊင့္ျပသေနတာ ျဖစ္ပါတယ္။ တစ္ပတ္ကို တစ္ပိုင္းစီ ထုတ္လႊင့္ျပသတဲ့ ပုံစံေၾကာင့္လည္း တစ္ပိုင္းၿပီးသြားတိုင္းမွာ ေနာက္တစ္ပိုင္းအတြက္ ႀကိဳတင္ ရင္ခုန္ေစာင့္စားမႈေတြက ပိုမိုျမင့္တက္လာၿပီး ရႈိးအေပၚ လူေတြရဲ႕ စိတ္ဝင္စားမႈက ပိုမိုျမင့္တက္လာတာ ျဖစ္ပါတယ္။ ဒါ့အျပင္ The Boys ရဲ႕ season 2 ၾကည့္ရႈမႈႏႈန္းဟာ season 1 တုန္းကထက္ ႏွစ္ဆ ျမင့္တက္လာတာေၾကာင့္ အခြင့္အေရးကို အမိအရ အသုံးခ်တဲ့အေနနဲ႔ Aamzon က အခုလို spin-off စီးရီး ႐ိုက္ကူးဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Amazon ဟာ အဆိုပါ spin-off စီးရီးကို လ်င္ျမန္စြာပဲ အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ အဆိုပါ spin-off စီးရီးဟာ Vought က ဖြင့္လွစ္ထားတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ တစ္ခုတည္းေသာ စူပါဟီး႐ိုးေကာလိပ္အေၾကာင္းကို တင္ဆက္သြားမွာ ျဖစ္ပါတယ္။ ဒီစီးရီးဟာ R-rated အေနနဲ႔ ျပသသြားမွာျဖစ္ၿပီး ႏိုင္ငံရဲ႕အေကာင္းဆုံးၿမိဳ႕ေတြမွာ နာမည္ႀကီးစူပါဟီး႐ိုးေတြ ျဖစ္လာဖို႔ စိတ္ပိုင္းဆိုင္ရာအရေရာ၊ ႐ုပ္ပိုင္းဆိုင္ရာအရပါ အၿပိဳင္အဆိုင္ ႀကိဳးစားရတဲ့ supes ေတြရဲ႕ ဘဝအေၾကာင္းကို ျပသသြားမယ္လို႔ သိရပါတယ္။ (supes ဆိုတာကေတာ့ ေဆးပညာနဲ႔ ေခတ္သစ္သိပၸံပညာတို႔ ပူးေပါင္းၿပီး ဖန္တီးထားတဲ့ စူပါလူသား ကေလးေတြကို ေခၚဆိုတာ ျဖစ္ပါတယ္။)

©Amazon Studios

spin-off စီးရီးအတြက္ ပထမဆုံးအပိုင္းကို Craig Rosenberg က ဇာတ္လမ္း ေရးသားသြားမွာျဖစ္ၿပီး showrunner အေနနဲ႔ေရာ executive producer အေနနဲ႔ေရာ တာဝန္ယူသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ထုတ္လုပ္ေရးအပိုင္းကိုေတာ့ The Boys ရဲ႕ showrunner Eric Kripke ကလည္း ပူးတြဲတာဝန္ယူသြားမွာ ျဖစ္ပါတယ္။

အခု႐ိုက္ကူးမယ့္ spin-off စီးရီးဟာ စူပါဟီး႐ိုးေကာလိပ္အေၾကာင္းကို ရႈေထာင့္သစ္တစ္ခုအေနနဲ႔ ျပသသြားမွာ ျဖစ္တဲ့အတြက္ ကာ႐ိုက္တာအသစ္ေတြလည္း ပိုၿပီးျမင္လာရဖို႔ ရွိပါတယ္။ ဒါ့အျပင္ The Boys စီးရီးမွာဆိုရင္ The Seven အျပင္ အျခားစူပါဟီး႐ိုးအဖြဲ႕ေတြ ရွိမရွိ၊ ဘယ္လိုလည္ပတ္ေနၾကလည္းဆိုတာကို မျပသရေသးတာေၾကာင့္ ဒီ spin-off မွာ ဒီအပိုင္းေရာ ပါလာမွာလားဆိုတာ စိတ္ဝင္စားစရာ ျဖစ္ပါတယ္။

©Amazon Studios

မူရင္းစီးရီးျဖစ္တဲ့ The Boys ဟာလည္း လက္ရွိမွာ season 3 ႐ိုက္ကူးေနၿပီျဖစ္တာေၾကာင့္ Amazon ရဲ႕ စီစဥ္မႈေတြသာ ျမန္ျမန္ဆန္ဆန္ ၿပီးသြားခဲ့မယ္ဆိုရင္ The Boys season 3 နဲ႔ spin-off စီးရီးကို တစ္ၿပိဳင္တည္းနီးပါး ၾကည့္ရႈရဖို႔လည္း အလားအလာ ရွိပါတယ္လို႔ ဆိုလိုက္ရင္း … ။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular