HomeEntertainmentFilmရုံတင်တဲ့အဖွင့်ညမှာ ဝင်ငွေအများဆုံး နံပါတ်(၈) ဖြစ်နေတဲ့ Doctor Strange 2

ရုံတင်တဲ့အဖွင့်ညမှာ ဝင်ငွေအများဆုံး နံပါတ်(၈) ဖြစ်နေတဲ့ Doctor Strange 2

Doctor Strange in the Multiverse of Madness ကတော့ ရုံစတင်တဲ့ တစ်နေ့တည်းမှာတင် Box-Office မှာ ဒေါ်လာ(၃၆)သန်း ဝင်ငွေ ရရှိထားပြီး အမြင့်ဆုံး Opening Night Box-Office ရဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေပါတယ်။ Marvel Cinematic Universe ဟာ လွန်ခဲ့တဲ့ နှစ်(၂၀)ခန့်မှာ စတင်ခဲ့ပြီး ယခုအချိန်မှာတော့ ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး Franchise တစ်ခု ဖြစ်နေပါပြီ။ ဒါကြောင့်ပဲ ထွက်ရှိလာသမျှ ရုပ်ရှင်တိုင်းဟာလည်း Box-Office မှာ ဝင်ငွေဒေါ်လာ သန်းရာနဲ့ချီပြီး ရရှိခဲ့သလို ဘီလျံအထိ ရရှိခဲ့တဲ့ ရုပ်ရှင်တွေလည်း ရှိနေပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Doctor Strange နဲ့ Scarlet Witch တို့က အဓိက ပါဝင်ထားပြီး ဇာတ်ကောင်အသစ်ဖြစ်တဲ့ America Chavez ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ WandaVision ထဲမှာတော့ Scarlet Witch ဟာ သူ့ရဲ့ကလေးတွေကို ဆုံးရှုံးလိုက်ရပြီး Darkhold စာအုပ်ကိုလည်း ရရှိသွားပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Scarlet Witch ဟာ သူ့ရဲ့ကလေးတွေကို ပြန်လည်ရရှိဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။

ယခုအချိန်မှာတော့ Doctor Strange in the Multiverse of Madness ဟာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ဟာ ရုံတင်တဲ့ ပထမဆုံးညမှာတင် ဝင်ငွေ ဒေါ်လာ(၃၆)သန်း ရရှိထားတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ထွက်ရှိခဲ့သမျှ ရုပ်ရှင်တွေအားလုံးရဲ့ အမြင့်ဆုံး Opening Night Box-Office မှာ အဆင့်(၈) ဖြစ်လာပြီး MCU ထဲမှာတော့ အဆင့်(၄) နေရာမှာ ရှိနေပါတယ်။

photo via screenrant

ရုံတင်တဲ့ အဖွင့်ညရဲ့ Box-Office မှာ Doctor Strange 2 ထက် ဝင်ငွေပိုကြမ်းထားတဲ့ ရုပ်ရှင်တွေကတော့ Avengers: Infinity War – ဒေါ်လာ(၃၉)သန်း၊ Star Wars: The Rise of Skywalker – ဒေါ်လာသန်း(၄၀)၊ Harry Potter and the Deathly Hollows: Part II – ဒေါ်လာ(၄၃.၅)သန်း၊ Star Wars: The Last Jedi – ဒေါ်လာ(၄၅)သန်း၊ Spider-Man: No Way Home – ဒေါ်လာသန်း(၅၀)၊ Star Wars: The Force Awakens – ဒေါ်လာ(၅၇)သန်းနဲ့ Avengers: Endgame – ဒေါ်လာသန်း(၆၀)တို့ပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular