HomeEntertainmentFilmOriginal Child's Play ဇာတ်လမ်းနောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းများ

Original Child’s Play ဇာတ်လမ်းနောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာတော့ အရုပ်တွေကို အဓိကဗီလိန်အနေနဲ့ ရိုက်ကူးကြတဲ့ horror ဇာတ်ကားတွေဟာ အများကြီးရှိကြပေမယ့်လည်း အရင်တုန်းကတော့ Chucky လို့ လူသိများကြတဲ့ Child’s Play တစ်ခုပဲ ရှိခဲ့ပါတယ်။ Chucky နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေဟာ အများကြီးရှိခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Child’s Play ကတော့ ပထမဆုံးဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကနေ စတင်ပြီးတော့ Chucky ဟာ ကမ္ဘာတစ်ဝန်းမှာ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၁၉၈၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Child’s Play ဇာတ်လမ်းနောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Chucky ကို Cabbage Patch Kids ဆိုတဲ့ အရုပ်ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
photo via screenrant

ဒီနေ့ခေတ်မှာတော့ လူသတ်အရုပ်တွေကို အခြေခံပြီး ရိုက်ကူးတဲ့ ရုပ်ရှင်တွေဟာ သိပ်ပြီးတော့ အဆန်းမဟုတ်တော့ပေမယ့်လည်း အရင်တုန်းကတော့ Child’s Play ဇာတ်လမ်းဟာ အတော်လေးကို အထူးဆန်း ဖြစ်နေပါတယ်။ Chucky ကို စတင်ဖန်တီးခဲ့တဲ့ Don Mancini ဟာ Cabbage Patch Kids ဆိုတဲ့ အရုပ်ကို အခြေခံပြီးတော့ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီခေတ်တုန်းက အဲ့ဒီအရုပ်တွေဟာ အလွန်ကိုရေပန်းစားနေပြီး မားကတ်တင်းဆင်းမှုတွေကြောင့် လူတွေဟာ အရူးအမူးကို လိုချင်နေကြပါတယ်။ အဲ့ဒါကြောင့်ပဲ Don Mancini ဟာ အဲ့လိုမျိူး မားကတ်တင်းဆင်းတာတွေဟာ ကလေးတွေအပေါ်မှာ ဘယ်လိုမျိူး အကျိူးသက်ရောက်မှုရှိလည်း ဆိုတာကို အနည်းငယ် dark ဖြစ်တဲ့ပုံစံနဲ့ သရော်ဖို့အတွက် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် The Twilight Zone ဇာတ်လမ်းတွဲထဲက Living Doll အပိုင်းထဲမှာ ပါဝင်တဲ့ အရုပ်ကိုလည်း အခြေခံပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Child’s Play ရဲ့ မူလဇာတ်လမ်းနဲ့ မူလခေါင်းစဉ်များ
photo via screenrant

ဒီရုပ်ရှင်ဟာ အစတုန်းက ဇာတ်လမ်းနဲ့ တကယ်ထွက်လာတဲ့ ဇာတ်လမ်းတွေဟာ လုံးဝကို မတူညီတဲ့အပြင် ဇာတ်လမ်းရဲ့ ခေါင်းစဉ်ကလည်း Child’s Play မဟုတ်ပါဘူး။ အစတုန်းကတော့ ဒီရုပ်ရှင်ရဲ့ နာမည်ကို Batteries Not Included ကို ခေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Bloody Buddy လို့ ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီတုန်းက Chucky အရုပ်ရဲ့ နာမည်ကလည်း Chucky မဟုတ်ဘဲ Buddy လို့ ခေါ်ပါတယ်။ မူလဇာတ်လမ်းကတော့ အဲ့ဒီအရုပ်တွေဟာ ကော်ရုပ်မဟုတ်ဘဲ တကယ့်အသားတွေနဲ့ ပြုလုပ်ထားပြီး ထိခိုက်ဒဏ်ရာရသွားရင် လူတွေလို သွေးတွေပါ ထွက်ပါတယ်။

အဲ့ဒါကြောင့်ပဲ ကလေးတွေဟာ သူတို့အရုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဆေးကိရိယာတွေကိုပါ ဝယ်ရပါတယ်။ တစ်ရက်မှာတော့ Andy ဟာ Buddy ရဲ့ လက်မကို မတော်တဆဓားရှမိသွားပြီး သူ့ရဲ့သွေးနဲ့ Buddy ရဲ့သွေးတွေဟာ ရောသွားတာကြောင့် Buddy ဟာ အသက်ဝင်လာတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Buddy ဟာ Andy မကြိုက်နှစ်သက်တဲ့သူတွေကို လိုက်လံတိုက်ခိုက်တဲ့ အကြောင်းကို ရိုက်ကူးဖို့အတွက် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Don Mancini ဟာ ဒီဇာတ်လမ်းထဲက Voodoo အစီအရင်လုပ်တဲ့နေရာကို လုံးဝမကြိုက်ခဲ့ပါဘူး။
photo via screenrant

Child’s Play ဟာ အရုပ်နဲ့ ပတ်သက်တဲ့ အောင်မြင်ဆုံးရုပ်ရှင်တွေထဲမှာ ပါဝင်ပေမယ့်လည်း ဒီဇာတ်လမ်းထဲက Voodoo အစီအရင်လုပ်တဲ့နေရာကတော့ အတော်လေးကို ကြောင်တောင်တောင်နိုင်နေပါတယ်။ Charles Lee Ray ဟာ သူ့ရဲ့ဝိဉာဉ်ကို အရုပ်ထဲကို ပြောင်းရွှေ့တဲ့အချိန်မှာတော့ အဲ့လိုမျိူး လုပ်ဖို့အတွက် သူဟာ Voodoo အစီအရင်ကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနေရာဟာ ကြောင်တောင်တောင် ဖြစ်နေတာကြောင့် Child’s Play ကို ပြန်လည်ရိုက်ကူးတဲ့အခါမှာတော့ အဲ့ဒီအခန်းကို ပြန်လည်ထည့်သွင်းခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဒီဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ Don Mancini ကလည်း အဲ့ဒီနေရာကို လုံးဝမကြိုက်နှစ်သက်ပါဘူးလို့ သိရပါတယ်။ ဇာတ်ညွှန်းရေးသူဖြစ်တဲ့ John Lafia ကလည်း အဲ့ဒီနေရာဟာ သူ့ရဲ့အကြံမဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ John ရဲ့ အကြံကတော့ သေဒဏ်ကျနေတဲ့ ထောင်သားဟာ ကွပ်မျက်ခံရတဲ့အချိန်မှာ သူ့ရဲ့ဝိဉာဉ်ဟာ အဲ့ဒီအရုပ်ထဲကို ဝင်ရောက်သွားတဲ့ ပုံစံကို ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။

Chucky ကို ထိန်းချုပ်ဖို့အတွက် လူ (၁၁) ယောက်တောင် လိုအပ်ခဲ့ပါတယ်။
photo via screenrant

CGI တွေနဲ့ အထူးပြုလုပ်ချက်တွေဟာ အခုခေတ်မှာ အဆန်းမဟုတ်တော့ပေမယ့်လည်း အရင်တုန်းကတော့ အဲ့ဒီနည်းပညာတွေဟာ အခုလောက်ထိ မတိုးတက်သေးပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Chucky ရဲ့ အခန်းတွေကို ရိုက်ကူးရတဲ့အချိန်မှာတော့ ရုပ်သေးရုပ်နဲ့ ရိုက်ကူးပြီး အထူးပြုလုပ်ချက်တွေနဲ့ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုမျိူး ရိုက်ကူးဖို့အတွက် အလွန်ကို ခက်ခဲပြီးတော့ Chucky ရုပ်သေးရုပ်ကို ထိန်းချုပ်ဖို့အတွက် လူ (၁၁) ယောက်တောင် လိုအပ်ခဲ့ပါတယ်။ အကြောင်းကတော့ Chucky ရဲ့ လက်ချောင်းတစ်ခုချင်းဆီနဲ့ မျက်ခုံးတွေကိုတောင် အသေးစိတ် ထိန်းချုပ်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။

သူတို့တွေဟာ Ed Gale ကို တကယ်မီးရှို့ခဲ့ပါတယ်။
photo via screenrant

ဒီရုပ်ရှင်ထဲက Chucky ရဲ့ အခန်းတွေအများစုကို ရုပ်သေးရုပ်ကို အသုံးပြုပြီး ရိုက်ကူးခဲ့ပေမယ့်လည်း တစ်ချို့အခန်းတွေမှာတော့ Ed Gale က သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့တွေဟာ ဘေးပတ်ဝန်းကျင်က အရာတွေအားလုံးကို သုံးဆယ်ရာခိုင်နှုန်းပိုပြီးတော့ ကြီးအောင် အထူးပြုလုပ်ချက်တွေနဲ့ ပြုပြင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တစ်ချို့ပရိသတ်တွေကတော့ Chucky မျက်နှာဖုံးရဲ့ နောက်ကွယ်မှာ လူတစ်ယောက်ရှိနေတယ် ဆိုတာကို သတိထားမိခဲ့ကြပါတယ်။ ဒါ့အပြင် မီးလောင်တဲ့ အခန်းကို ရိုက်တဲ့အချိန်မှာလည်း Ed Gale က သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တကယ်ကို မီးရှို့ခံခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးဘဲ Ed Gale ဟာ အဲ့ဒီအခန်းကို ရိုက်နေရင်း ဒဏ်ရာရသွားတာကြောင့် သူ့ကို ဝိုင်းပြီးထူပေးရင်းနဲ့ ခြောက်ပေလောက် အမြင့်ကနေ မတော်တဆ ပြုတ်ကျသွားပါသေးတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ ခါးဟာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုခ်ိန္မွာေတာ့ အ႐ုပ္ေတြကို အဓိကဗီလိန္အေနနဲ႔ ႐ိုက္ကူးၾကတဲ့ horror ဇာတ္ကားေတြဟာ အမ်ားႀကီးရွိၾကေပမယ့္လည္း အရင္တုန္းကေတာ့ Chucky လို႔ လူသိမ်ားၾကတဲ့ Child’s Play တစ္ခုပဲ ရွိခဲ့ပါတယ္။ Chucky နဲ႔ ပတ္သက္တဲ့ ႐ုပ္ရွင္ေတြဟာ အမ်ားႀကီးရွိခဲ့ၿပီး ၁၉၈၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Child’s Play ကေတာ့ ပထမဆုံးဇာတ္ကားပဲ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ကားကေန စတင္ၿပီးေတာ့ Chucky ဟာ ကမာၻတစ္ဝန္းမွာ ေအာင္ျမင္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ၁၉၈၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Child’s Play ဇာတ္လမ္းေနာက္ကြယ္က စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Chucky ကို Cabbage Patch Kids ဆိုတဲ့ အ႐ုပ္ကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။
photo via screenrant

ဒီေန႔ေခတ္မွာေတာ့ လူသတ္အ႐ုပ္ေတြကို အေျခခံၿပီး ႐ိုက္ကူးတဲ့ ႐ုပ္ရွင္ေတြဟာ သိပ္ၿပီးေတာ့ အဆန္းမဟုတ္ေတာ့ေပမယ့္လည္း အရင္တုန္းကေတာ့ Child’s Play ဇာတ္လမ္းဟာ အေတာ္ေလးကို အထူးဆန္း ျဖစ္ေနပါတယ္။ Chucky ကို စတင္ဖန္တီးခဲ့တဲ့ Don Mancini ဟာ Cabbage Patch Kids ဆိုတဲ့ အ႐ုပ္ကို အေျခခံၿပီးေတာ့ ဖန္တီးခဲ့တာပဲ ျဖစ္ပါတယ္။

အဲ့ဒီေခတ္တုန္းက အဲ့ဒီအ႐ုပ္ေတြဟာ အလြန္ကိုေရပန္းစားေနၿပီး မားကတ္တင္းဆင္းမႈေတြေၾကာင့္ လူေတြဟာ အ႐ူးအမူးကို လိုခ်င္ေနၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ Don Mancini ဟာ အဲ့လိုမ်ိဴး မားကတ္တင္းဆင္းတာေတြဟာ ကေလးေတြအေပၚမွာ ဘယ္လိုမ်ိဴး အက်ိဴးသက္ေရာက္မႈရွိလည္း ဆိုတာကို အနည္းငယ္ dark ျဖစ္တဲ့ပုံစံနဲ႔ သေရာ္ဖို႔အတြက္ ဆုံးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ The Twilight Zone ဇာတ္လမ္းတြဲထဲက Living Doll အပိုင္းထဲမွာ ပါဝင္တဲ့ အ႐ုပ္ကိုလည္း အေျခခံၿပီး ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

Child’s Play ရဲ႕ မူလဇာတ္လမ္းနဲ႔ မူလေခါင္းစဥ္မ်ား
photo via screenrant

ဒီ႐ုပ္ရွင္ဟာ အစတုန္းက ဇာတ္လမ္းနဲ႔ တကယ္ထြက္လာတဲ့ ဇာတ္လမ္းေတြဟာ လုံးဝကို မတူညီတဲ့အျပင္ ဇာတ္လမ္းရဲ႕ ေခါင္းစဥ္ကလည္း Child’s Play မဟုတ္ပါဘူး။ အစတုန္းကေတာ့ ဒီ႐ုပ္ရွင္ရဲ႕ နာမည္ကို Batteries Not Included ကို ေခၚခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ Bloody Buddy လို႔ ေျပာင္းလဲခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီတုန္းက Chucky အ႐ုပ္ရဲ႕ နာမည္ကလည္း Chucky မဟုတ္ဘဲ Buddy လို႔ ေခၚပါတယ္။ မူလဇာတ္လမ္းကေတာ့ အဲ့ဒီအ႐ုပ္ေတြဟာ ေကာ္႐ုပ္မဟုတ္ဘဲ တကယ့္အသားေတြနဲ႔ ျပဳလုပ္ထားၿပီး ထိခိုက္ဒဏ္ရာရသြားရင္ လူေတြလို ေသြးေတြပါ ထြက္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ ကေလးေတြဟာ သူတို႔အ႐ုပ္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္ ေဆးကိရိယာေတြကိုပါ ဝယ္ရပါတယ္။ တစ္ရက္မွာေတာ့ Andy ဟာ Buddy ရဲ႕ လက္မကို မေတာ္တဆဓားရွမိသြားၿပီး သူ႔ရဲ႕ေသြးနဲ႔ Buddy ရဲ႕ေသြးေတြဟာ ေရာသြားတာေၾကာင့္ Buddy ဟာ အသက္ဝင္လာတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Buddy ဟာ Andy မႀကိဳက္ႏွစ္သက္တဲ့သူေတြကို လိုက္လံတိုက္ခိုက္တဲ့ အေၾကာင္းကို ႐ိုက္ကူးဖို႔အတြက္ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။

Don Mancini ဟာ ဒီဇာတ္လမ္းထဲက Voodoo အစီအရင္လုပ္တဲ့ေနရာကို လုံးဝမႀကိဳက္ခဲ့ပါဘူး။
photo via screenrant

Child’s Play ဟာ အ႐ုပ္နဲ႔ ပတ္သက္တဲ့ ေအာင္ျမင္ဆုံး႐ုပ္ရွင္ေတြထဲမွာ ပါဝင္ေပမယ့္လည္း ဒီဇာတ္လမ္းထဲက Voodoo အစီအရင္လုပ္တဲ့ေနရာကေတာ့ အေတာ္ေလးကို ေၾကာင္ေတာင္ေတာင္ႏိုင္ေနပါတယ္။ Charles Lee Ray ဟာ သူ႔ရဲ႕ဝိဉာဥ္ကို အ႐ုပ္ထဲကို ေျပာင္းေ႐ႊ႕တဲ့အခ်ိန္မွာေတာ့ အဲ့လိုမ်ိဴး လုပ္ဖို႔အတြက္ သူဟာ Voodoo အစီအရင္ကို ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီေနရာဟာ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတာေၾကာင့္ Child’s Play ကို ျပန္လည္႐ိုက္ကူးတဲ့အခါမွာေတာ့ အဲ့ဒီအခန္းကို ျပန္လည္ထည့္သြင္းခဲ့ျခင္း မရွိခဲ့ပါဘူး။ ဒါ့အျပင္ ဒီဇာတ္လမ္းကို ဖန္တီးခဲ့တဲ့ Don Mancini ကလည္း အဲ့ဒီေနရာကို လုံးဝမႀကိဳက္ႏွစ္သက္ပါဘူးလို႔ သိရပါတယ္။ ဇာတ္ၫႊန္းေရးသူျဖစ္တဲ့ John Lafia ကလည္း အဲ့ဒီေနရာဟာ သူ႔ရဲ႕အႀကံမဟုတ္ပါဘူးလို႔ ေျပာခဲ့ပါတယ္။ John ရဲ႕ အႀကံကေတာ့ ေသဒဏ္က်ေနတဲ့ ေထာင္သားဟာ ကြပ္မ်က္ခံရတဲ့အခ်ိန္မွာ သူ႔ရဲ႕ဝိဉာဥ္ဟာ အဲ့ဒီအ႐ုပ္ထဲကို ဝင္ေရာက္သြားတဲ့ ပုံစံကို ဖန္တီးဖို႔ပဲ ျဖစ္ပါတယ္။

Chucky ကို ထိန္းခ်ဳပ္ဖို႔အတြက္ လူ (၁၁) ေယာက္ေတာင္ လိုအပ္ခဲ့ပါတယ္။
photo via screenrant

CGI ေတြနဲ႔ အထူးျပဳလုပ္ခ်က္ေတြဟာ အခုေခတ္မွာ အဆန္းမဟုတ္ေတာ့ေပမယ့္လည္း အရင္တုန္းကေတာ့ အဲ့ဒီနည္းပညာေတြဟာ အခုေလာက္ထိ မတိုးတက္ေသးပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ထဲက အဓိကဇာတ္ေကာင္ျဖစ္တဲ့ Chucky ရဲ႕ အခန္းေတြကို ႐ိုက္ကူးရတဲ့အခ်ိန္မွာေတာ့ ႐ုပ္ေသး႐ုပ္နဲ႔ ႐ိုက္ကူးၿပီး အထူးျပဳလုပ္ခ်က္ေတြနဲ႔ ျပန္လည္ျပဳျပင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့လိုမ်ိဴး ႐ိုက္ကူးဖို႔အတြက္ အလြန္ကို ခက္ခဲၿပီးေတာ့ Chucky ႐ုပ္ေသး႐ုပ္ကို ထိန္းခ်ဳပ္ဖို႔အတြက္ လူ (၁၁) ေယာက္ေတာင္ လိုအပ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ Chucky ရဲ႕ လက္ေခ်ာင္းတစ္ခုခ်င္းဆီနဲ႔ မ်က္ခုံးေတြကိုေတာင္ အေသးစိတ္ ထိန္းခ်ဳပ္ခဲ့ရတာေၾကာင့္ ျဖစ္ပါတယ္။

သူတို႔ေတြဟာ Ed Gale ကို တကယ္မီးရႈိ႕ခဲ့ပါတယ္။
photo via screenrant

ဒီ႐ုပ္ရွင္ထဲက Chucky ရဲ႕ အခန္းေတြအမ်ားစုကို ႐ုပ္ေသး႐ုပ္ကို အသုံးျပဳၿပီး ႐ိုက္ကူးခဲ့ေပမယ့္လည္း တစ္ခ်ိဳ႕အခန္းေတြမွာေတာ့ Ed Gale က သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ေတြဟာ ေဘးပတ္ဝန္းက်င္က အရာေတြအားလုံးကို သုံးဆယ္ရာခိုင္ႏႈန္းပိုၿပီးေတာ့ ႀကီးေအာင္ အထူးျပဳလုပ္ခ်က္ေတြနဲ႔ ျပဳျပင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း တစ္ခ်ိဳ႕ပရိသတ္ေတြကေတာ့ Chucky မ်က္ႏွာဖုံးရဲ႕ ေနာက္ကြယ္မွာ လူတစ္ေယာက္ရွိေနတယ္ ဆိုတာကို သတိထားမိခဲ့ၾကပါတယ္။ ဒါ့အျပင္ မီးေလာင္တဲ့ အခန္းကို ႐ိုက္တဲ့အခ်ိန္မွာလည္း Ed Gale က သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး တကယ္ကို မီးရႈိ႕ခံခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါတင္မကေသးဘဲ Ed Gale ဟာ အဲ့ဒီအခန္းကို ႐ိုက္ေနရင္း ဒဏ္ရာရသြားတာေၾကာင့္ သူ႔ကို ဝိုင္းၿပီးထူေပးရင္းနဲ႔ ေျခာက္ေပေလာက္ အျမင့္ကေန မေတာ္တဆ ျပဳတ္က်သြားပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ ခါးဟာလည္း ဒဏ္ရာရသြားခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular