HomeEntertainmentFilmMoon Knight သရုပ်ဆောင် Oscar Isaac ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

Moon Knight သရုပ်ဆောင် Oscar Isaac ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

ယခုဆိုရင် Moon Knight ဇာတ်လမ်းတွဲကတော့ ပြီးဆုံးသွားပြီ ဖြစ်ပြီး Oscar Isaac ရဲ့ Marc ၊ Steven နဲ့ Jake တို့ကို ပြန်လည်မြင်တွေ့ရဖို့အတွက် အချိန်အတော်ကြာ စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။ ယခုအချိန်ထိတော့ Moon Knight Season 2 ထွက်ရှိလာမလား၊ ဒါမှမဟုတ် Moon Knight ကို ဘယ်ပရောဂျက်မှာ မြင်တွေ့ရဦးမလည်း ဆိုတာတွေကို မသိရသေးပါဘူး။ ဒါကြောင့်ပဲ Moon Knight အလွမ်းပြေအနေနဲ့ Oscar Isaac ရဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Operation Finale

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး (၁၅)နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး လျှို့ဝှက်အေးဂျင့်အဖွဲ့တစ်ခုဟာ လူမဆန်တဲ့ လုပ်ရပ်တွေများစွာ ပြုလုပ်ထားတဲ့ နာဇီတစ်ယောက်ကို ခြေရာခံပြီး လိုက်လံဖမ်းဆီးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Oscar Isaac ၊ Ben Kingsley နဲ့ Melanie Laurent တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

(6) Annihilation

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ the Shimmer လို့ခေါ်တဲ့ ဆပ်ပြာပူဖောင်းလို စက်လုံးကြီးတစ်ခုဟာ တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာပြီး ကမ္ဘာပေါ်က နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်လာပါတယ်။ အဲဒီအရာကြီးကို လေ့လာဖို့အတွက် ပညာရှင်တွေ၊ သတ္တိ၊ဗျတ္တိနဲ့ ပြည့်စုံတဲ့ တိုက်ခိုက်ရေးသမားတွေဟာ Shimmer ထဲကို ဝင်ပြီး လေ့လာကြပေမယ့် အသက်ရှင်လျက် ပြန်ထွက်လာတာဆိုလို့ လူတစ်ယောက်သာ ရှိပါတယ်။ ဒီလိုနဲ့ ပညာရှင်အမျိုးသမီးတစ်စုဟာ သူတို့အသက်ကို စွန့်စားပြီး ဒီထဲကိုဝင်ရောက် လေ့လာဖို့ ကြိုးစားတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါမှ မမြင်ဖူးတာတွေကို တွေ့ကြုံလာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Natalie Portman ၊ Oscar Isaac နဲ့ Tessa Thompson တို့က အဓိက ပါဝင်ထားပါတယ်။

(5) Inside Llweyn Davis

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေတပ်သားဟောင်း တစ်ယောက်ဟာ အဆိုတော်အဖြစ် အသက်မွေးနေပြီး ဂီတလောကရဲ့ စီးပွားရေးတွေကြားမှာ သူ့ရဲ့အနုပညာကို ဆက်လက် ထိန်းသိမ်းသွားဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Oscar Isaac ၊ Justin Timberlake နဲ့ Adam Driver တို့ ပါဝင်ထားပြီး အော်စကာနှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(4) Ex Machina

photo via screenrant

Ex Machina ဟာ ၂၀၁၄ခုနှစ်က ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Caleb Smith ဆိုတဲ့ လူငယ် ပရိုဂရမ်မာတစ်ယောက်ဟာ ထူးဆန်းတဲ့ သိပ္ပံပရောဂျက်တစ်ခုမှာ ပါဝင်ခွင့်ရသွားပါတယ်။ အဲဒီပရောဂျက်ဟာ အမျိုးသမီးစက်ရုပ်နဲ့ A.I နည်းပညာကို စမ်းသပ်ရမှာဖြစ်ပြီး ဆန်းကြယ်တဲ့ နည်းပညာတိုးတက်မှုရဲ့အောက်မှာ ဘယ်လိုအံ့ဩစရာတွေ ဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ Oscar Isaac ၊ Alicia Vikander နဲ့ Domhnall Gleeson တို့က အဓိက ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(3) Drive

photo via screenrant

ဒီရုပ်ရှင်က‌တော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ စတန့်သမားတစ်ယောက်ဟာ ရာဇဝတ်သားတစ်ယောက်ကို လက်ထပ်ထားတဲ့ Irene ကို ချစ်မိသွားပြီး သူမကို ဂိုဏ်းစတားတွေနဲ့ သူမခင်ပွန်းရဲ့ရန်က ကာကွယ်ဖို့အတွက် ဥပဒေကို ချိူးဖောက်ရပါတော့တယ်။ Ryan Gosling ၊ Oscar Isaac နဲ့ Carey Mulligan တို့ အဓိက ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(2) Star Wars: The Force Awakens

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ New Republic ဟာ အန္တရာယ် ကျရောက်နေတာကြောင့် Finn ၊ Rey နဲ့ Poe တို့ဟာ ကာကွယ်ပေးဖို့ ကြိုးစားကြရင်းနဲ့ နောက်ဆုံးအသက်ရှင်ကျန်နေတဲ့ Jedi ဖြစ်တဲ့ Luke ကို ရှာဖွေရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Oscar Isaac ၊ Daisey Ridley နဲ့ Adam Driver တို့ ပါဝင်ထားပြီး အော်စကာငါးဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) Dune

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Paul Atreides ဟာ Arrakis ဂြိုဟ်ပေါ်မှာ နယ်ခံတွေရဲ့ အကူအညီရရှိအောင် ကြိုးစားနေတာကို တွေ့ရမှာပါ။ အကြောင်းကတော့ အဲဒီဂြိုဟ်ကြီးကို အုပ်စိုးဖို့အတွက် Paul ရဲ့အဖေကို သစ္စာဖောက်သွားတဲ့ တော်ဝင်မျိူးနွယ်တွေနဲ့ တိုက်ခိုက်ရမှာကြောင့် ဖြစ်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Timothee Chalamet ၊ Oscar Isaac ၊ Josh Brolin ၊ Dave Bautista ၊ Zendaya ၊ Jason Momoa နဲ့ Rebecca Ferguson တို့ အဓိက ပါဝင်ထားပြီး အော်စကာ ခြောက်ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular