HomeCelebs Update NewsInternationalပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ Moon Knight အထူးပွဲက Oscar Isaac ရဲ့ပွဲတက်ဖက်ရှင်

ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ Moon Knight အထူးပွဲက Oscar Isaac ရဲ့ပွဲတက်ဖက်ရှင်

မင်းသား Oscar Isaac ကတော့ Marvel ဇာတ်လမ်းတွဲ Moon Knight ရဲ့ အထူးပွဲမှာ သမားရိုးကျ suit အစား kilt ကို ဝတ်ဆင်ပြီး ပွဲတက်လာတာ တွေ့ရပါတယ်။

အသက်(၄၃)နှစ်အရွယ် မင်းသားဟာ ခဲရောင်ကုတ်အင်္ကျီနဲ့အတူ ခဲရောင် kilt ကို ဝတ်ဆင်ပြီး ပွဲတက်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ဖက်ရှင်ကို ပြီးပြည့်စုံစေဖို့အတွက် combat shoe နဲ့အတူ အနက်ရောင် ခြေအိတ်ရှည်ကိုပါ တွဲဖက်ဝတ်ဆင်လာတာ တွေ့ရပါတယ်။ ပိုထူးခြားတာကတော့ ခြေအိတ်တစ်ဖက်မှာ အဖြူရောင် ကန့်လန့်စင်း သုံးခုပါဝင်နေတာပဲ ဖြစ်ပါတယ်။

Photo: mjonf/ Instagram

တကယ်တော့ မင်းသားဟာ ဒီလိုဖက်ရှင်ကို ဝတ်ဆင်လာတာ အခုက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ယခုတစ်ပတ်အတွင်းမှာကိုပဲ Berliner Ensemble ပြဇာတ်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Moon Knight ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အလားတူ ဖက်ရှင်မျိုးကိုပဲ ဝတ်ဆင်ခဲ့ပါသေးတယ်။ အဲဒီတစ်ကြိမ်မှာတော့ အပေါ်က လည်သာဂျာကင် အနက်ရောင်ကို ဝတ်ဆင်ထားပြီး အောက်မှာတော့ အမည်းရောင် kilt ကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။

kilt ဆိုတာကတော့ စကော့တလန် တောင်ပေါ်ဒေသတွေက အစပြု ထွန်းကားလာခဲ့တဲ့ ရိုးရာဝတ်စုံတစ်မျိုး ဖြစ်ပြီး ခြေသလုံးတစ်ဝက်ခန့်ထိ အရှည်ရှိတဲ့ အမျိုးသားဝတ် စကတ်တစ်မျိုး ဖြစ်ပါတယ်။

Photo: mjonf/ Instagram

Oscar Isaac ပါဝင်သရုပ်ဆောင်ထားတဲ့ Moon Knight ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Marvel ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး လာမယ့် မတ်လ(၃၀)ရက်နေ့မှာ Disney+ က စတင်ထုတ်လွှင့် ပြသတော့မှာ ဖြစ်ပါတယ်။ Oscar Isaac ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ အဓိကဇာတ်ကောင် ဖြစ်တဲ့ Moon Knight နေရာကနေ ပါဝင်ထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular