HomeCelebs Update NewsInternationalအချစ်ဟောင်းဆီက ဒေါ်လာ(၁၀)သန်း အမွေရရှိလိုက်တဲ့ Pamela Anderson

အချစ်ဟောင်းဆီက ဒေါ်လာ(၁၀)သန်း အမွေရရှိလိုက်တဲ့ Pamela Anderson

Bay Watch သရုပ်ဆောင် မင်းသမီးကြီး Pamela Anderson ကတော့ ရက်အနည်းငယ်သာ ပေါင်းသင်းနေထိုင်ခဲ့ဖူးတဲ့ သူမရဲ့အချစ်ဟောင်းဆီက ဒေါ်လာ(၁၀)သန်းကို အမွေအဖြစ် ရရှိသွားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက် ဖြစ်တဲ့ John Peters ဟာ သူ့ရဲ့သေတမ်းစာထဲမှာတော့ အချစ်ဟောင်း Pamela အတွက် ဒေါ်လာ(၁၀)သန်းကို လွှဲပေးဖို့ ထည့်သွင်းခဲ့တာလို့ သိရပါတယ်။

Pamela Anderson နဲ့ John Peters တို့ဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး သိကျွမ်းခဲ့ကြတာ ဖြစ်သလို ၂၀၂၀ ခုနှစ်မှာတော့ ခဏတာ ပြန်လည်ဆုံဆည်းခဲ့ကြပါတယ်။ အဲဒီကာလအတွင်းမှာတော့ သူတို့ဟာ (၁၂)ရက်တာမျှ အကြင်လင်မယားတွေအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် Pamela ကတော့ သူတို့တကယ် တရားဝင် လက်ထပ်ခဲ့တာမျိုး မရှိဘူးလို့ ငြင်းထားပါတယ်။

Photo Credit: Jim Smeal/ Ron Galella Collection Via Getty

အသက်(၇၇)နှစ် ရှိပြီဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ John Peters ကတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Variety နဲ့ အင်တာဗျူးမှာ Pamela အတွက် ဒေါ်လာ(၁၀)သန်းကို သေတမ်းစာထဲမှာ ချန်ထားပေးတဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။

“Pamela ကို ကျွန်တော် အမြဲတမ်း ချစ်သွားမှာပါ။ သူဟာ ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမယ့်သူပါပဲ။ ဒါနဲ့ပတ်သက်လို့ အချက်တစ်ချက်ကို ပြောပြရရင် ကျွန်တော့်သေတမ်းစာထဲမှာ သူ့အတွက် ဒေါ်လာ(၁၀)သန်း ချန်ပေးထားပါတယ်။ သူကတော့ ဒါကို သိတောင်မသိသေးပါဘူး။ တခြားဘယ်သူမှလည်း မသိကြပါဘူး …”

Photo: pamela_anderson_fans/ Instagram

“အခုခင်ဗျားတို့နဲ့ကျမှ ကျွန်တော် ဒါကို ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တာပါ။ တကယ်ဆို ဒီအကြောင်း ပြောတောင်မပြောပြသင့်ပါဘူး။ ဒါပေမယ့် ဆိုလိုချင်တာကတော့ ဒီပိုက်ဆံက သူလိုလို မလိုလို သူ့အတွက်ပါပဲ …” လို့ John Peters က ပြောသွားပါတယ်။

Pamela Anderson ကလည်း John Peters နဲ့ ပတ်သက်တဲ့ သူမရဲ့ခံစားချက်ကို Variety နဲ့ အင်တာဗျူးမှာပဲ အခုလို ပြောထားပါသေးတယ်။ “သူက တကယ်တော်တဲ့ လူတစ်ယောက်ပါ။ ကျွန်မဘဝမှာ ကြီးမားတဲ့ လွှမ်းမိုးမှုရှိသူလည်း ဖြစ်ပါတယ်။ ကျွန်မသူ့ကို သေမလောက် ချစ်ပါတယ် …”လို့ Pamela က ဆိုထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular