HomeEntertainmentFilmThe Marvels ရုပ်ရှင်ရဲ့ ဘယ်ဇာတ်ကောင်နေရာမှာ Park Seo-Joon ပါဝင်လာနိုင်မလဲ?

The Marvels ရုပ်ရှင်ရဲ့ ဘယ်ဇာတ်ကောင်နေရာမှာ Park Seo-Joon ပါဝင်လာနိုင်မလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Captain Marvel 2 ဖြစ်တဲ့ The Marvels ရုပ်ရှင်ထဲမှာတော့ တောင်ကိုရီးယား သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Park Seo-Joon ပါဝင်လာမယ်လို့ သိရပါတယ်။ The Marvels ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Nia DaCosta က ရိုက်ကူးသွားမှာ ဖြစ်ပြီး Brie Larson ၊ Iman Vellani နဲ့ Teyonah Parris တို့လည်း ပါဝင်မှာ ဖြစ်သလို ၂၀၂၃ ခုနှစ်မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ လူတွေ စိတ်ဝင်စားနေတာကတော့ Park Seo-Joon ဟာ ဒီရုပ်ရှင်ထဲမှာ ဘယ်ဇာတ်ကောင်နေရာက ပါဝင်လာနိုင်မလည်း ဆိုတာပါပဲ။

Park Seo-Joon ကတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Itaewon Class ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့သလို အော်စကာဆု ရရှိထားတဲ့ Parasite ရုပ်ရှင်ထဲမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ တောင်ကိုရီးယား သတင်းဌာနတစ်ခု ဖြစ်တဲ့ Star News ရဲ့ ဖော်ပြချက်အရ Park Seo-Joon ဟာ The Marvels ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့ အမေရိကန်ကို ဒီနှစ်နှောင်းပိုင်းမှာ သွားလိမ့်မယ်လို့ သိရပါတယ်။

photo via screenrant

ပရိသတ်တွေကြားမှာ ရေပန်းစားနေကြတဲ့ ကောလာဟလတစ်ခုကတော့ Park Seo-Joon ဟာ Amadeus Cho နေရာမှာ ပါဝင်သွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ Amadeus Cho ကတော့ Bruce Banner ရဲ့ စွမ်းအားတွေကို ရရှိပြီး Hulk ဖြစ်လာသူပါ။ ဒါ့အပြင် သူကတော့ Marvel ကောမစ်ထဲက နာမည်အကြီးဆုံး ကိုရီးယား ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Amadeus Cho ဟာ The Marvels ရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် ဇာတ်ကောင်တွေနဲ့ သိပ်ပြီး ဆက်စပ်မှု မရှိလှပါဘူး။

ဒါတင်မက Park Seo-Joon ဟာ အသက် (၃၂)နှစ် ရှိနေပြီ ဖြစ်တာကြောင့် ဆယ်ကျော်သက်ဇာတ်ကောင် ဖြစ်တဲ့ Amadeus Cho နေရာနဲ့ အံဝင်ခွင်ကျမှု မဖြစ်တာကို တွေ့ရမှာပါ။ ဒါ့အပြင် Age of Ultron ထဲမှာ ပါဝင်ခဲ့တဲ့ Amadeus Cho ရဲ့ မိခင်ဖြစ်သူ Helen Cho နေရာမှာ သရုပ်ဆောင်ခဲ့သူနဲ့ Park Seo-Joon ဟာလည်း အသက်ချင်း သိပ်မကွာတာကို တွေ့ရပါတယ်။ ဒါကြောင့် အသက်သိပ်မကွာသူ နှစ်ယောက်ကို အမေနဲ့သားနေရာမှာ သရုပ်ဆောင်ခိုင်းလို့ အဆင်မပြေလှပါဘူး။ ဒါကြောင့် Amadeus Cho ဇာတ်ကောင်မှာ ပါဝင်မယ်ဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။

photo via screenrant

တကယ်လို့ Park Seo-Joon ဟာ MCU ထဲက ဟီးရိုးတစ်ယောက်အနေနဲ့ ပါဝင်လာမယ်ဆိုရင်တော့ အဖြစ်နိုင်ဆုံး ဇာတ်ကောင်ဟာ Noh-Varr (ခေါ်) Marvel Boy ပဲ ဖြစ်ပါတယ်။ Noh-Varr ကလည်း Carol Danvers လိုပဲ Kree စစ်သားတစ်ယောက် ဖြစ်ပါတယ်။ Dr. Midas လို့ ခေါ်တဲ့ ဗီလိန်တစ်ယောက်က Noh-Varr ရဲ့ ယာဉ်ပျံကို တိုက်ခိုက်လိုက်တဲ့ အချိန်မှာတော့ သူ့ဘဝတစ်ခုလုံးဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ Noh-Varr ရဲ့ ယာဉ်ဟာ ကမ္ဘာပေါ်ကို ပျက်ကျသွားပြီး သူ့ရဲ့မိဘတွေနဲ့ ရည်းစားဖြစ်သူဟာလည်း အသတ်ခံလိုက်ရပါတယ်။

photo via marvel.fandom

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ Noh-Varr ရဲ့ယာဉ်ဟာ New Jersey ပြည်နယ်ထဲကို ပျက်ကျသွားတာ ဖြစ်ပြီး The Marvels ရုပ်ရှင်ကိုလည်း New Jersey ပြည်နယ်ထဲမှာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Noh-Varr ကတော့ Kree တစ်ယောက် ဖြစ်တာကြောင့် သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားတွေ ရှိနေသလို သူ့ရဲ့ DNA ကိုလည်း အင်းဆက်တွေရဲ့ DNA နဲ့ ရောစပ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ သူဟာ အလွန်သန်မာပြီး မယုံကြည်နိုင်လောက်တဲ့ ခံနိုင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့အပြင် နံရံတွေနဲ့ မျက်နှာကျက်တွေပေါ်မှာလည်း ပြေးလွှားနိုင်ပါတယ်။ အကယ်၍ ရိုက်ကူးရေး စတင်တဲ့ အချိန်မှာ Park Seo-Joon ကို ဆံပင်အဖြူနဲ့ မြင်တွေ့ရမယ် ဆိုရင်တော့ Marvel Boy နေရာက ပါဝင်လာမယ်ဆိုတာ သေချာသွားပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိကတော့ Park Seo-Joon ရဲ့ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးတာကြောင့် ခန့်မှန်းရင်း စောင့်ကြည့်နေရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Captain Marvel 2 ျဖစ္တဲ့ The Marvels ႐ုပ္ရွင္ထဲမွာေတာ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္တဲ့ Park Seo-Joon ပါဝင္လာမယ္လို႔ သိရပါတယ္။ The Marvels ႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ Nia DaCosta က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး Brie Larson ၊ Iman Vellani နဲ႔ Teyonah Parris တို႔လည္း ပါဝင္မွာ ျဖစ္သလို ၂၀၂၃ ခုႏွစ္မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။ ယခုလက္ရွိ လူေတြ စိတ္ဝင္စားေနတာကေတာ့ Park Seo-Joon ဟာ ဒီ႐ုပ္ရွင္ထဲမွာ ဘယ္ဇာတ္ေကာင္ေနရာက ပါဝင္လာႏိုင္မလည္း ဆိုတာပါပဲ။

Park Seo-Joon ကေတာ့ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးခဲ့တဲ့ Itaewon Class ဇာတ္လမ္းတြဲထဲမွာ ပါဝင္ခဲ့သလို ေအာ္စကာဆု ရရွိထားတဲ့ Parasite ႐ုပ္ရွင္ထဲမွာလည္း ဧည့္သည္သ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ ေတာင္ကိုရီးယား သတင္းဌာနတစ္ခု ျဖစ္တဲ့ Star News ရဲ႕ ေဖာ္ျပခ်က္အရ Park Seo-Joon ဟာ The Marvels ႐ုပ္ရွင္ထဲမွာ သ႐ုပ္ေဆာင္ဖို႔ အေမရိကန္ကို ဒီႏွစ္ေႏွာင္းပိုင္းမွာ သြားလိမ့္မယ္လို႔ သိရပါတယ္။

photo via screenrant

ပရိသတ္ေတြၾကားမွာ ေရပန္းစားေနၾကတဲ့ ေကာလာဟလတစ္ခုကေတာ့ Park Seo-Joon ဟာ Amadeus Cho ေနရာမွာ ပါဝင္သြားမယ္ ဆိုတာပဲ ျဖစ္ပါတယ္။ Amadeus Cho ကေတာ့ Bruce Banner ရဲ႕ စြမ္းအားေတြကို ရရွိၿပီး Hulk ျဖစ္လာသူပါ။ ဒါ့အျပင္ သူကေတာ့ Marvel ေကာမစ္ထဲက နာမည္အႀကီးဆုံး ကိုရီးယား ဇာတ္ေကာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Amadeus Cho ဟာ The Marvels ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ့္ ဇာတ္ေကာင္ေတြနဲ႔ သိပ္ၿပီး ဆက္စပ္မႈ မရွိလွပါဘူး။

ဒါတင္မက Park Seo-Joon ဟာ အသက္ (၃၂)ႏွစ္ ရွိေနၿပီ ျဖစ္တာေၾကာင့္ ဆယ္ေက်ာ္သက္ဇာတ္ေကာင္ ျဖစ္တဲ့ Amadeus Cho ေနရာနဲ႔ အံဝင္ခြင္က်မႈ မျဖစ္တာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ Age of Ultron ထဲမွာ ပါဝင္ခဲ့တဲ့ Amadeus Cho ရဲ႕ မိခင္ျဖစ္သူ Helen Cho ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူနဲ႔ Park Seo-Joon ဟာလည္း အသက္ခ်င္း သိပ္မကြာတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ အသက္သိပ္မကြာသူ ႏွစ္ေယာက္ကို အေမနဲ႔သားေနရာမွာ သ႐ုပ္ေဆာင္ခိုင္းလို႔ အဆင္မေျပလွပါဘူး။ ဒါေၾကာင့္ Amadeus Cho ဇာတ္ေကာင္မွာ ပါဝင္မယ္ဆိုတာကေတာ့ သိပ္မျဖစ္ႏိုင္ဘူးလို႔ ယူဆရပါတယ္။

photo via screenrant

တကယ္လို႔ Park Seo-Joon ဟာ MCU ထဲက ဟီး႐ိုးတစ္ေယာက္အေနနဲ႔ ပါဝင္လာမယ္ဆိုရင္ေတာ့ အျဖစ္ႏိုင္ဆုံး ဇာတ္ေကာင္ဟာ Noh-Varr (ေခၚ) Marvel Boy ပဲ ျဖစ္ပါတယ္။ Noh-Varr ကလည္း Carol Danvers လိုပဲ Kree စစ္သားတစ္ေယာက္ ျဖစ္ပါတယ္။ Dr. Midas လို႔ ေခၚတဲ့ ဗီလိန္တစ္ေယာက္က Noh-Varr ရဲ႕ ယာဥ္ပ်ံကို တိုက္ခိုက္လိုက္တဲ့ အခ်ိန္မွာေတာ့ သူ႔ဘဝတစ္ခုလုံးဟာ ေျပာင္းလဲသြားခဲ့ရပါတယ္။ Noh-Varr ရဲ႕ ယာဥ္ဟာ ကမာၻေပၚကို ပ်က္က်သြားၿပီး သူ႔ရဲ႕မိဘေတြနဲ႔ ရည္းစားျဖစ္သူဟာလည္း အသတ္ခံလိုက္ရပါတယ္။

photo via marvel.fandom

စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္တစ္ခုကေတာ့ Noh-Varr ရဲ႕ယာဥ္ဟာ New Jersey ျပည္နယ္ထဲကို ပ်က္က်သြားတာ ျဖစ္ၿပီး The Marvels ႐ုပ္ရွင္ကိုလည္း New Jersey ျပည္နယ္ထဲမွာ ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ Noh-Varr ကေတာ့ Kree တစ္ေယာက္ ျဖစ္တာေၾကာင့္ သာမန္လူေတြထက္ သာလြန္တဲ့ ခြန္အားေတြ ရွိေနသလို သူ႔ရဲ႕ DNA ကိုလည္း အင္းဆက္ေတြရဲ႕ DNA နဲ႔ ေရာစပ္ထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ သူဟာ အလြန္သန္မာၿပီး မယုံၾကည္ႏိုင္ေလာက္တဲ့ ခံႏိုင္ရည္ေတြကို ပိုင္ဆိုင္ထားတဲ့အျပင္ နံရံေတြနဲ႔ မ်က္ႏွာက်က္ေတြေပၚမွာလည္း ေျပးလႊားႏိုင္ပါတယ္။ အကယ္၍ ႐ိုက္ကူးေရး စတင္တဲ့ အခ်ိန္မွာ Park Seo-Joon ကို ဆံပင္အျဖဴနဲ႔ ျမင္ေတြ႕ရမယ္ ဆိုရင္ေတာ့ Marvel Boy ေနရာက ပါဝင္လာမယ္ဆိုတာ ေသခ်ာသြားၿပီ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိကေတာ့ Park Seo-Joon ရဲ႕ ဇာတ္ေကာင္နဲ႔ ပတ္သက္ၿပီး ဘာတစ္ခုမွ တရားဝင္ ထုတ္ျပန္ထားတာမ်ိဳး မရွိေသးတာေၾကာင့္ ခန႔္မွန္းရင္း ေစာင့္ၾကည့္ေနရမွာပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular