HomeEntertainmentFilmMCU မှာ ပါဝင်ရမယ့်အကြောင်း တရားဝင်အတည်ပြုလိုက်တဲ့ Park Seo Joon 

MCU မှာ ပါဝင်ရမယ့်အကြောင်း တရားဝင်အတည်ပြုလိုက်တဲ့ Park Seo Joon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နောက်ဆုံးမှာတော့ ကိုရီးယားသရုပ်ဆောင် Park Seo Joon ဟာ Marvel Cinematic Universe မှာ ပါဝင်သရုပ်ဆောင်ဖို့ တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Park Seo Joon ဟာ Captain Marvel ရုပ်ရှင်ရဲ့ အဆက်ဖြစ်တဲ့ The Marvels ရုပ်ရှင်မှာ ပါဝင်လာမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ အခုဆိုရင် လနဲ့ချီနေပြီ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ယနေ့ စက်တင်ဘာလ(၃)ရက် သောကြာနေ့မှာမှ Park Seo Joon ရဲ့ အေဂျင်စီက တရားဝင် သတင်းထုတ်ပြန်ပြီး အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ယခင်က ဒီသတင်း ထွက်ပေါ်ခဲ့တုန်းက မင်းသားရဲ့အေဂျင်စီဟာ မှတ်ချက်တစုံတရာ မပေးဘဲ နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။

Photo: bn_sj2013/ Instagram

ပြီးခဲ့တဲ့ ဩဂုတ်လ(၃)ရက်နေ့တုန်းကတော့ Awesome ENT ဟာ Park Seo Joon တစ်ယောက် Marvel ရုပ်ရှင်တစ်ခုမှာ ရိုက်ကူးရေး ပြုလုပ်ဖို့အတွက် အဲဒီနေ့မှာပဲ ကိုရီးယားကနေ ထွက်ခွာသွားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း ဒီထက်ပိုပြီး ပြည့်စုံတိကျတဲ့ သတင်းအချက်အလက်တွေကိုတော့ ထုတ်ပြန်ပေးခြင်း မရှိခဲ့ဘဲ Marvel ရဲ့ ဘယ်ရုပ်ရှင်မှာ ပါဝင်ရမယ်ဆိုတာကိုလည်း လျှို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။

“Park Seo Joon အနေနဲ့ အခုလို စိန်ခေါ်မှုအသစ်တစ်ရပ်ကို ရင်ဆိုင်မယ့်အချိန်မှာ လူတွေအများကြီးက သူ့ကိုစိတ်ဝင်စားပေးကြပြီး အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဒါ့အပြင် ပရိသတ်တွေအနေနဲ့ သူ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်လမ်း၊ ကာရိုက်တာ၊ ရိုက်ကွင်း တည်နေရာ၊ ရိုက်ကူးရေး ပြုလုပ်မယ့် အချိန်ဇယား စတာတွေကို စိတ်ဝင်စားနေကြတယ်ဆိုတာ ကျွန်ုပ်တို့အနေနဲ့ ကောင်းကောင်း သတိပြုမိပါတယ်။ သို့ပေမယ့်လည်း ရုပ်ရှင်နဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်တွေကိုတော့ နောက်တစ်ရက်မှ ထုတ်ပြန်ပေးဖို့ စီစဉ်ထားပါတယ် … ” လို့ မင်းသားရဲ့ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

Photo via IMDb

ယခုဆိုရင်တော့ Park Seo Joon ဟာ Marvel ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ရမယ့် တတိယမြောက် ကိုရီးယားသရုပ်ဆောင် ဖြစ်လာမှာပါ။ သူ့အရှေ့က သရုပ်ဆောင်ထားကြသူတွေကတော့ Avengers: Age of Ultron မှာ ပါဝင်ထားတဲ့ Claudia Kim နဲ့ မကြာခင် ထွက်ရှိလာတော့မယ့် Eternals ရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ Ma Dong Seok တို့ပဲ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ေနာက္ဆုံးမွာေတာ့ ကိုရီးယားသ႐ုပ္ေဆာင္ Park Seo Joon ဟာ Marvel Cinematic Universe မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ တရားဝင္ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

Park Seo Joon ဟာ Captain Marvel ႐ုပ္ရွင္ရဲ႕ အဆက္ျဖစ္တဲ့ The Marvels ႐ုပ္ရွင္မွာ ပါဝင္လာမယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚလာခဲ့တာ အခုဆိုရင္ လနဲ႔ခ်ီေနၿပီ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ ယေန႔ စက္တင္ဘာလ(၃)ရက္ ေသာၾကာေန႔မွာမွ Park Seo Joon ရဲ႕ ေအဂ်င္စီက တရားဝင္ သတင္းထုတ္ျပန္ၿပီး အတည္ျပဳေပးလိုက္တာ ျဖစ္ပါတယ္။ ယခင္က ဒီသတင္း ထြက္ေပၚခဲ့တုန္းက မင္းသားရဲ႕ေအဂ်င္စီဟာ မွတ္ခ်က္တစုံတရာ မေပးဘဲ ႏႈတ္ဆိတ္ေနခဲ့တာ ျဖစ္ပါတယ္။

Photo: bn_sj2013/ Instagram

ၿပီးခဲ့တဲ့ ဩဂုတ္လ(၃)ရက္ေန႔တုန္းကေတာ့ Awesome ENT ဟာ Park Seo Joon တစ္ေယာက္ Marvel ႐ုပ္ရွင္တစ္ခုမွာ ႐ိုက္ကူးေရး ျပဳလုပ္ဖို႔အတြက္ အဲဒီေန႔မွာပဲ ကိုရီးယားကေန ထြက္ခြာသြားတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ သို႔ေသာ္လည္း ဒီထက္ပိုၿပီး ျပည့္စုံတိက်တဲ့ သတင္းအခ်က္အလက္ေတြကိုေတာ့ ထုတ္ျပန္ေပးျခင္း မရွိခဲ့ဘဲ Marvel ရဲ႕ ဘယ္႐ုပ္ရွင္မွာ ပါဝင္ရမယ္ဆိုတာကိုလည္း လွ်ိဳ႕ဝွက္ထားခဲ့တာ ျဖစ္ပါတယ္။

“Park Seo Joon အေနနဲ႔ အခုလို စိန္ေခၚမႈအသစ္တစ္ရပ္ကို ရင္ဆိုင္မယ့္အခ်ိန္မွာ လူေတြအမ်ားႀကီးက သူ႔ကိုစိတ္ဝင္စားေပးၾကၿပီး အားေပးၾကတဲ့အတြက္ ေက်းဇူးအထူးတင္ရွိပါတယ္။ ဒါ့အျပင္ ပရိသတ္ေတြအေနနဲ႔ သူ ပါဝင္သ႐ုပ္ေဆာင္မယ့္ ဇာတ္လမ္း၊ ကာ႐ိုက္တာ၊ ႐ိုက္ကြင္း တည္ေနရာ၊ ႐ိုက္ကူးေရး ျပဳလုပ္မယ့္ အခ်ိန္ဇယား စတာေတြကို စိတ္ဝင္စားေနၾကတယ္ဆိုတာ ကြၽႏ္ုပ္တို႔အေနနဲ႔ ေကာင္းေကာင္း သတိျပဳမိပါတယ္။ သို႔ေပမယ့္လည္း ႐ုပ္ရွင္နဲ႔သက္ဆိုင္တဲ့ အေသးစိတ္အခ်က္ေတြကိုေတာ့ ေနာက္တစ္ရက္မွ ထုတ္ျပန္ေပးဖို႔ စီစဥ္ထားပါတယ္ … ” လို႔ မင္းသားရဲ႕ ေအဂ်င္စီက ထုတ္ျပန္ထားပါတယ္။

Photo via IMDb

ယခုဆိုရင္ေတာ့ Park Seo Joon ဟာ Marvel ႐ုပ္ရွင္ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရမယ့္ တတိယေျမာက္ ကိုရီးယားသ႐ုပ္ေဆာင္ ျဖစ္လာမွာပါ။ သူ႔အေရွ႕က သ႐ုပ္ေဆာင္ထားၾကသူေတြကေတာ့ Avengers: Age of Ultron မွာ ပါဝင္ထားတဲ့ Claudia Kim နဲ႔ မၾကာခင္ ထြက္ရွိလာေတာ့မယ့္ Eternals ႐ုပ္ရွင္ထဲမွာ ပါဝင္ထားတဲ့ Ma Dong Seok တို႔ပဲ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular