HomeCharacterနာဇီတွေကို ဆန့်ကျင်ခဲ့တဲ့ Batman ရဲ့ အဘိုးဖြစ်သူ Patrick Wayne

နာဇီတွေကို ဆန့်ကျင်ခဲ့တဲ့ Batman ရဲ့ အဘိုးဖြစ်သူ Patrick Wayne

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Bruce Wayne ဟာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို အသုံးပြုပြီး ဂေါ့သမ်မြို့ကို ကာကွယ်ပေးနေတဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ သာမန်လူချမ်းသာတွေဆိုရင် ကိုယ့်စည်းစိမ်နဲ့ကိုယ် အေးဆေးနေနေကြမှာ ဖြစ်ကြပေမယ့်လည်း သူဟာ ဘီလျံနာတစ်ယောက် ဖြစ်နေတာတောင် အသက်စွန့်စားပြီး ရာဇဝတ်မှုတွေကို တိုက်ဖျက်နေတဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။

အဲ့ဒီလို မကောင်းတဲ့အရာတွေကို အသက်စွန့်ပြီးတော့ တိုက်ခိုက်တတ်တဲ့ စိတ်ဓာတ်ဟာ သူ့ရဲ့မျိူးရိုးမှာ ပါလာတာဖြစ်ပြီး သူ့ရဲ့အဘိုးဖြစ်သူ Patrick Wayne ကလည်း နာဇီတွေကို ဆန့်ကျင်ခဲ့ပါတယ်။ Wayne မိသားစုဟာ အရင်ကတည်း ဂေါ့သမ်မြို့မှာ လူချမ်းသာတွေ ဖြစ်ကြပြီးတော့ သူ့ရဲ့အဖေဖြစ်သူ Thomas Wayne ဟာလည်း ဂေါ့သမ်မြို့ကြီးကို သူအားသန်တဲ့ဘက်ကနေ ပြန်လည်တည်ထောင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ Bruce ရဲ့အလှည့်ကို ရောက်လာတဲ့အချိန်မှာတော့ သူဟာ ကိုယ့်အသက်ကိုတောင် ပမာနမထားဘဲ ဟီးရိုးတစ်ယောက်အနေနဲ့ ဂေါ့သမ်မြို့ကြီးကို ကာကွယ်ပေးခဲ့ပါတယ်။

မကြာသေးခင်ကမှ ထွက်ခဲ့တဲ့ Detective Comics #1027 ထဲမှာတော့ Wayne မိသားစုဟာ သားစဉ်မြေးဆက်အလိုက် သူတို့အားသန်ရာဘက်ကနေ မကောင်းမှုတွေကို တိုက်ဖျက်ခဲ့တာကို ဖော်ပြခဲ့ပါတယ်။ ဒီကောမစ်ရဲ့ ဇာတ်လမ်းကိုတော့ Marv Wolfman ကရေးသားခဲ့ပြီး Emanuela Lupacchino က ရေးဆွဲထားခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာတော့ Bruce ရဲ့ အဘိုးဖြစ်သူ Patrick ဟာ နာဇီတွေကို ရဲရဲရင့်ရင့် ဆန့်ကျင်ခဲ့တာကို ဖော်ပြထားခဲ့ပါတယ်။

photo via screenrant

နာဇီတွေဟာ ဂျူးလူမျိူးတွေရဲ့ တန်ဖိုးကြီးမားတဲ့ ပန်းချီကားတွေကို ခိုးယူပြီးတော့ သူတို့ရဲ့ စစ်တပ်အသုံးစရိတ်ရအောင် မှောင်ခိုဈေးကွက်မှာ ရောင်းစားနေတာကို သူဟာ သတိထားမိသွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ဂျာမနီမှာရှိနေတဲ့ ဂျူးလူမျိူးတွေနဲ့ ပူးပေါင်းပြီးတော့ တန်ဖိုးကြီးတဲ့ ပန်းချီကားတွေကို အမေရိကန်မှာရှိတဲ့ လုံခြုံတဲ့နေရာတစ်ခုကို ပို့ဆောင်ဖို့အတွက် အစီအစဉ်ဆွဲခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ တန်ဖိုးကြီးပစ္စည်းတွေကို ပို့ဆောင်တဲ့ သင်္ဘောမှန်းမရိပ်မိအောင် ဇိမ်ခံသင်္ဘောတစ်စီးကို တည်ဆောက်ခိုင်းပြီး The Odyssey လို့ နာမည်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ နာဇီတွေဟာ သူ့ရဲ့အစီအစဉ်ကို ကြိုသိသွားပြီးတော့ သိပ်မသေချာပေမယ့်လည်း ယုံကြည်မှုရှိရှိနဲ့ The Odyssey ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသွားတဲ့အပြင် စီးနင်းလာတဲ့ ခရီးသည်တွေကိုလည်း သူတို့ရဲ့ အိပ်ခန်းတွေထဲမှာ သော့ခတ်ပြီး ထားခဲ့ကြပါတယ်။ သူ့ရဲ့အစီအစဉ်ဟာ တော်တော်လေးကောင်းပေမယ့်လည်း သူဟာ မထင်ထားဘဲနဲ့ နာဇီတွေ ခိုးယူဖို့အတွက် တန်ဖိုးကြီးပစ္စည်းတွေကို တစ်နေရာတည်းမှာ စုပေးထားသလို ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ အနည်းဆုံးတော့ နာဇီတွေကို ဆန့်ကျင်ဖို့အတွက် ကြိုးစားခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်တုန်းက နာဇီတွေကလည်း အင်အားစုဆောင်းဆဲအချိန် ဖြစ်တာကြောင့် တစ်ခြားနိုင်ငံက အာဏာရှိသူတွေကတော့ သူတို့ကို ကမ္ဘာစစ်ဖြစ်လောက်တဲ့အထိ အန္တရာယ်ကြီးလာမယ်လို့ မသိခဲ့ကြပါဘူး။ အဲ့လိုမျိူး ဘယ်သူကမှ မထင်ထားတဲ့အချိန်မှာတောင် သူဟာ မြင်လိုက်ရုံနဲ့ မကောင်းတဲ့လူတွေမှန်း တန်းသိကာ သူတတ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံး တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Bruce Wayne ဟာ သူ႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈေတြကို အသုံးျပဳၿပီး ေဂါ့သမ္ၿမိဳ႕ကို ကာကြယ္ေပးေနတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ပါတယ္။ သာမန္လူခ်မ္းသာေတြဆိုရင္ ကိုယ့္စည္းစိမ္နဲ႔ကိုယ္ ေအးေဆးေနေနၾကမွာ ျဖစ္ၾကေပမယ့္လည္း သူဟာ ဘီလ်ံနာတစ္ေယာက္ ျဖစ္ေနတာေတာင္ အသက္စြန႔္စားၿပီး ရာဇဝတ္မႈေတြကို တိုက္ဖ်က္ေနတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ပါတယ္။

အဲ့ဒီမေကာင္းတဲ့အရာေတြကို အသက္စြန႔္ၿပီးေတာ့ တိုက္ခိုက္တတ္တဲ့ စိတ္ဓာတ္ဟာ သူ႔ရဲ႕မ်ိဴး႐ိုးမွာ ပါလာတာျဖစ္ၿပီး သူ႔ရဲ႕အဘိုးျဖစ္သူ Patrick Wayne ကလည္း နာဇီေတြကို ဆန႔္က်င္ခဲ့ပါတယ္။ Wayne မိသားစုဟာ အရင္ကတည္း ေဂါ့သမ္ၿမိဳ႕မွာ လူခ်မ္းသာေတြ ျဖစ္ၾကၿပီးေတာ့ သူ႔ရဲ႕အေဖျဖစ္သူ Thomas Wayne ဟာလည္း ေဂါ့သမ္ၿမိဳ႕ႀကီးကို သူအားသန္တဲ့ဘက္ကေန ျပန္လည္တည္ေထာင္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ Bruce ရဲ႕အလွည့္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူဟာ ကိုယ့္အသက္ကိုေတာင္ ပမာနမထားဘဲ ဟီး႐ိုးတစ္ေယာက္အေနနဲ႔ ေဂါ့သမ္ၿမိဳ႕ႀကီးကို ကာကြယ္ေပးခဲ့ပါတယ္။

မၾကာေသးခင္ကမွ ထြက္ခဲ့တဲ့ Detective Comics #1027 ထဲမွာေတာ့ Wayne မိသားစုဟာ သားစဥ္ေျမးဆက္အလိုက္ သူတို႔အားသန္ရာဘက္ကေန မေကာင္းမႈေတြကို တိုက္ဖ်က္ခဲ့တာကို ေဖာ္ျပခဲ့ပါတယ္။ ဒီေကာမစ္ရဲ႕ ဇာတ္လမ္းကိုေတာ့ Marv Wolfman ကေရးသားခဲ့ၿပီး Emanuela Lupacchino က ေရးဆြဲထားခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းထဲမွာေတာ့ Bruce ရဲ႕ အဘိုးျဖစ္သူ Patrick ဟာ နာဇီေတြကို ရဲရဲရင့္ရင့္ ဆန႔္က်င္ခဲ့တာကို ေဖာ္ျပထားခဲ့ပါတယ္။

photo via screenrant

နာဇီေတြဟာ ဂ်ဴးလူမ်ိဴးေတြရဲ႕ တန္ဖိုးႀကီးမားတဲ့ ပန္းခ်ီကားေတြကို ခိုးယူၿပီးေတာ့ သူတို႔ရဲ႕ စစ္တပ္အသုံးစရိတ္ရေအာင္ ေမွာင္ခိုေဈးကြက္မွာ ေရာင္းစားေနတာကို သူဟာ သတိထားမိသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ ဂ်ာမနီမွာရွိေနတဲ့ ဂ်ဴးလူမ်ိဴးေတြနဲ႔ ပူးေပါင္းၿပီးေတာ့ တန္ဖိုးႀကီးတဲ့ ပန္းခ်ီကားေတြကို အေမရိကန္မွာရွိတဲ့ လုံၿခဳံတဲ့ေနရာတစ္ခုကို ပို႔ေဆာင္ဖို႔အတြက္ အစီအစဥ္ဆြဲခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ တန္ဖိုးႀကီးပစၥည္းေတြကို ပို႔ေဆာင္တဲ့ သေဘၤာမွန္းမရိပ္မိေအာင္ ဇိမ္ခံသေဘၤာတစ္စီးကို တည္ေဆာက္ခိုင္းၿပီး The Odyssey လို႔ နာမည္ေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း စိတ္မေကာင္းစြာနဲ႔ပဲ နာဇီေတြဟာ သူ႔ရဲ႕အစီအစဥ္ကို ႀကိဳသိသြားၿပီးေတာ့ သိပ္မေသခ်ာေပမယ့္လည္း ယုံၾကည္မႈရွိရွိနဲ႔ The Odyssey ကို တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ တန္ဖိုးႀကီးပစၥည္းေတြကို ခိုးယူသြားတဲ့အျပင္ စီးနင္းလာတဲ့ ခရီးသည္ေတြကိုလည္း သူတို႔ရဲ႕ အိပ္ခန္းေတြထဲမွာ ေသာ့ခတ္ၿပီး ထားခဲ့ၾကပါတယ္။ သူ႔ရဲ႕အစီအစဥ္ဟာ ေတာ္ေတာ္ေလးေကာင္းေပမယ့္လည္း သူဟာ မထင္ထားဘဲနဲ႔ နာဇီေတြ ခိုးယူဖို႔အတြက္ တန္ဖိုးႀကီးပစၥည္းေတြကို တစ္ေနရာတည္းမွာ စုေပးထားသလို ျဖစ္သြားခဲ့ပါတယ္။

ဒါေပမယ့္လည္း သူဟာ အနည္းဆုံးေတာ့ နာဇီေတြကို ဆန႔္က်င္ဖို႔အတြက္ ႀကိဳးစားခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္တုန္းက နာဇီေတြကလည္း အင္အားစုေဆာင္းဆဲအခ်ိန္ ျဖစ္တာေၾကာင့္ တစ္ျခားႏိုင္ငံက အာဏာရွိသူေတြကေတာ့ သူတို႔ကို ကမာၻစစ္ျဖစ္ေလာက္တဲ့အထိ အႏၲရာယ္ႀကီးလာမယ္လို႔ မသိခဲ့ၾကပါဘူး။ အဲ့လိုမ်ိဴး ဘယ္သူကမွ မထင္ထားတဲ့အခ်ိန္မွာေတာင္ သူဟာ ျမင္လိုက္႐ုံနဲ႔ မေကာင္းတဲ့လူေတြမွန္း တန္းသိကာ သူတတ္ႏိုင္တဲ့ဘက္ကေန အတတ္ႏိုင္ဆုံး တားဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular