HomeEntertainmentFilmWonder Woman 3 ကိုပါ ဆက်လက်ရိုက်ကူးသွားမယ့် Patty Jenkins

Wonder Woman 3 ကိုပါ ဆက်လက်ရိုက်ကူးသွားမယ့် Patty Jenkins

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာတော့ Wonder Woman 3 အတွက် ပြင်ဆင်နေပါပြီဆိုပြီး Warner Bros က တရားဝင် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Wonder Woman 3 ကိုလည်း ဒါရိုက်တာ Patty Jenkins ကပဲ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ၂၀၁၉ နိုဝင်ဘာကတည်းက ရုံတင်ဖို့အတွက် စီစဉ်ခဲ့တဲ့ WW84 ဟာ ကိုဗစ်ကြောင့် အကြိမ်များစွာ နှောင့်နှေးခဲ့ပြီး အခုချိန်မှာတော့ တကယ်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ HBO Max မှာရော ရုပ်ရှင်ရုံတွေမှာပါ ပြသသွားဖို့ စီစဉ်ခဲ့တဲ့ ပထမဦးဆုံး ရုပ်ရှင်ဖြစ်ပြီး ၂၀၂၁ မှာ ထွက်ရှိလာမယ့် ရုပ်ရှင်တွေကလည်း အလားတူပဲ ပြသသွားမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၄ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး Diana ဟာ Washington D.C. မှာ နေထိုင်ကာ Smithsonian မှာ အလုပ်လုပ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ကောမစ်ထဲက Wonder Woman ရဲ့ အထင်ကရဗီလိန်တွေ ဖြစ်တဲ့ Maxwell Lord နဲ့ Cheetah တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထွက်မလာခင်ကတည်းက သုံးကားမြောက်လည်း ထွက်လာပါဦးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေခဲ့ပါတယ်။

သိပ်မကြာခင်တုန်းကတော့ Patty Jenkins သာ ဇာတ်လမ်းကောင်းကောင်းနဲ့ ပြန်လာမယ် ဆိုရင် Gal Gadot ကလည်း Diana အဖြစ် ဆက်လက်သရုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ အခုချိန်မှာတော့ Warner Bros ကိုယ်တိုင်က WW84 ထွက်ပြီး နှစ်ရက်အကြာမှာ Wonder Woman 3 ဆက်လက် ထွက်လာပါဦးမယ်လို့ ကြေညာခဲ့ပါတယ်။ Variety သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင်တော့ တတိယမြောက် ရုပ်ရှင်ကို Patty Jenkins ကိုယ်တိုင်ကပဲ ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

photo via screenrant

အဲ့ဒါကြောင့်ပဲ Wonder Woman 3 ကိုတော့ Patty Jenkins က ဘယ်လိုမျိူး ဖန်တီးသွားမလည်း ဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ Wonder Woman 3 ဟာ ထွက်လာဖို့ အချိန်တွေ ကြာမြင့်ဦးမှာ ဖြစ်တာကြောင့် အဲ့ဒီအချိန်မှာတော့ အရင်လို ရုပ်ရှင်ရုံတိုင်းမှာ ပြသသွားမယ်လို့ Warner Bros က ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်တုန်းကလည်း Wonder Woman 3 အတွက် ဇာတ်လမ်းတွေ စဉ်းစားပြီးသား ရှိပါတယ် ဆိုပြီးတော့ Patty Jenkins က ပြောခဲ့ပါသေးတယ်။ အခုချိန်မှာတော့ တတိယမြောက်ကားအတွက် တစ်ခြားအချက်အလက်တွေ မသိရသေးပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ ပစ္စုပ္ပန်ကာလမှာ ဇာတ်အိမ်တည်သွားမယ်လို့ သိရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

အခုခ်ိန္မွာေတာ့ Wonder Woman 3 အတြက္ ျပင္ဆင္ေနပါၿပီဆိုၿပီး Warner Bros က တရားဝင္ ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ Wonder Woman 3 ကိုလည္း ဒါ႐ိုက္တာ Patty Jenkins ကပဲ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ ၂၀၁၉ ႏိုဝင္ဘာကတည္းက ႐ုံတင္ဖို႔အတြက္ စီစဥ္ခဲ့တဲ့ WW84 ဟာ ကိုဗစ္ေၾကာင့္ အႀကိမ္မ်ားစြာ ေႏွာင့္ေႏွးခဲ့ၿပီး အခုခ်ိန္မွာေတာ့ တကယ္ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ HBO Max မွာေရာ ႐ုပ္ရွင္႐ုံေတြမွာပါ ျပသသြားဖို႔ စီစဥ္ခဲ့တဲ့ ပထမဦးဆုံး ႐ုပ္ရွင္ျဖစ္ၿပီး ၂၀၂၁ မွာ ထြက္ရွိလာမယ့္ ႐ုပ္ရွင္ေတြကလည္း အလားတူပဲ ျပသသြားမွာ ျဖစ္ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၈၄ ခုႏွစ္မွာ ဇာတ္အိမ္တည္ထားၿပီး Diana ဟာ Washington D.C. မွာ ေနထိုင္ကာ Smithsonian မွာ အလုပ္လုပ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ ေကာမစ္ထဲက Wonder Woman ရဲ႕ အထင္ကရဗီလိန္ေတြ ျဖစ္တဲ့ Maxwell Lord နဲ႔ Cheetah တို႔ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ထြက္မလာခင္ကတည္းက သုံးကားေျမာက္လည္း ထြက္လာပါဦးမယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေနခဲ့ပါတယ္။

သိပ္မၾကာခင္တုန္းကေတာ့ Patty Jenkins သာ ဇာတ္လမ္းေကာင္းေကာင္းနဲ႔ ျပန္လာမယ္ ဆိုရင္ Gal Gadot ကလည္း Diana အျဖစ္ ဆက္လက္သ႐ုပ္ေဆာင္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Warner Bros ကိုယ္တိုင္က WW84 ထြက္ၿပီး ႏွစ္ရက္အၾကာမွာ Wonder Woman 3 ဆက္လက္ ထြက္လာပါဦးမယ္လို႔ ေၾကညာခဲ့ပါတယ္။ Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ တတိယေျမာက္ ႐ုပ္ရွင္ကို Patty Jenkins ကိုယ္တိုင္ကပဲ ဇာတ္ၫႊန္းေရးသားၿပီး ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

photo via screenrant

အဲ့ဒါေၾကာင့္ပဲ Wonder Woman 3 ကိုေတာ့ Patty Jenkins က ဘယ္လိုမ်ိဴး ဖန္တီးသြားမလည္း ဆိုတာကေတာ့ စိတ္ဝင္စားစရာ ျဖစ္ေနပါတယ္။ Wonder Woman 3 ဟာ ထြက္လာဖို႔ အခ်ိန္ေတြ ၾကာျမင့္ဦးမွာ ျဖစ္တာေၾကာင့္ အဲ့ဒီအခ်ိန္မွာေတာ့ အရင္လို ႐ုပ္ရွင္႐ုံတိုင္းမွာ ျပသသြားမယ္လို႔ Warner Bros က ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၉ ခုႏွစ္တုန္းကလည္း Wonder Woman 3 အတြက္ ဇာတ္လမ္းေတြ စဥ္းစားၿပီးသား ရွိပါတယ္ ဆိုၿပီးေတာ့ Patty Jenkins က ေျပာခဲ့ပါေသးတယ္။ အခုခ်ိန္မွာေတာ့ တတိယေျမာက္ကားအတြက္ တစ္ျခားအခ်က္အလက္ေတြ မသိရေသးေပမယ့္လည္း ဒီ႐ုပ္ရွင္ထဲမွာေတာ့ ပစၥဳပၸန္ကာလမွာ ဇာတ္အိမ္တည္သြားမယ္လို႔ သိရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular