HomeCelebs Update NewsInternationalသားသမီးတွေဆီမှာ Worst Avenger လို့ စနောက်ခံခဲ့ရတဲ့ Paul Bettany

သားသမီးတွေဆီမှာ Worst Avenger လို့ စနောက်ခံခဲ့ရတဲ့ Paul Bettany

သရုပ်ဆောင် Paul Bettany ရဲ့ သားသမီးတွေကတော့ သူတို့ရဲ့ဖခင်ဖြစ်သူ သရုပ်ဆောင်ထားတဲ့ Marvel Cinematic Universe ထဲက Vision ဇာတ်ကောင်နဲ့ ပတ်သက်ပြီး အဖေလုပ်သူကို အမြဲတမ်း စနောက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

အခုလည်း Paul Bettany ဟာ သူ့သားသမီးတွေရဲ့ စနောက်မှုကို ခံလိုက်ရပြန်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ဗုဒ္ဓဟူးနေ့ညက ထုတ်လွှင့် ပြသခဲ့တဲ့ Late Night with Seth Meyers ရှိုးကို ဧည့်သည်အဖြစ် လာရောက်စဉ် Bettany က ပြောပြသွားတာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ Bettany ဟာ သူ့ရဲ့ Disney+ အကောင့်ထဲကို log in ဝင်ကြည့်တဲ့အခါ သူ့ရဲ့ပရိုဖိုင်ကို Vision ရဲ့ပုံနဲ့ တပ်ပြီး Worst Avenger လို့ အမည်ပေးထားတာကို တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။

Photo: paulbettany/ Instagram

“သူတို့အဖေက Avenger ဆိုတော့ ခင်ဗျားရဲ့ကလေးတွေက အဲဒါကို မိုက်တယ်လို့ ထင်ကြလား … “လို့ Seth Meyers က မေးမြန်းခဲ့ရာ “အင်း … ဒါပေါ့ဗျာ။ ဒါပေမယ့် အဲဒါနဲ့ပဲ ကိုင်ပေါက်ပြီး ကျွန်တော့်ကို သူတို့ နှိပ်စက်နေကြတာဗျ …” လို့ Bettany က ပြန်ဖြေထားပါတယ်။

“ကျွန်တော့်သမီးကဆိုရင် Avengers ရုပ်ရှင်အမျိုးမျိုးကို သူ ကြည့်ပြီးပြီ။ သူ့အကြိုက်ဆုံးတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်တော့ ဘယ်တော့မှ သူ့အကြိုက်ဆုံးထဲမှာ မပါဘူး …” လို့ Bettany က ဆိုပါတယ်။

“ဟိုတလောလေးကပဲ ကျွန်တော် Moon Knight ကြည့်ချင်လို့ Disney+ အကောင့်ထဲကို ဝင်လိုက်တော့ ကျွန်တော့်ရဲ့ ပရိုဖိုင်ကို သူတို့က edit လုပ်ထားကြတယ် …” လို့ Bettany က ပြောပြပါတယ်။ သူ့ရဲ့ Disney+ အကောင့် ပရိုဖိုင်မှာတော့ Vision ပုံနဲ့ username ကိုတော့ Worst Avenger လို့ ပေးထားတာ တွေ့ရပါတယ်။

Photo: YouTube

“ကျွန်တော် သံသယဖြစ်မိတဲ့သူတော့ ရှိတယ်။ ဒါပေမယ့် ဒါကို တကယ် ဘယ်သူက လုပ်ထားတယ်တော့ ကျွန်တော်လည်း မသိပါဘူး …” လို့ Bettany က ဆိုပါတယ်။

Paul Bettany ဟာ ၂၀၀၃ ခုနှစ်တည်းက မင်းသမီးချော Jennifer Connelly နဲ့ လက်ထပ်ထားတာ ဖြစ်ပြီး သူတို့မှာ သားသမီးနှစ်ယောက် ထွန်းကားထားပါတယ်။ အသက်(၁၈)နှစ်အရွယ် Stellan Bettany ဆိုတဲ့ သားအကြီးနဲ့ အသက်(၁၀)နှစ်အရွယ် Agnes Lark Bettany ဆိုတဲ့ သမီးအငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Jennifer ရဲ့ ယခင်အိမ်ထောင်က ရရှိခဲ့တဲ့ သားဖြစ်သူ Kai Dugan ကိုလည်း နှစ်ယောက်အတူတူ ပြုစု ပျိုးထောင်ခဲ့ကြပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular