HomeEntertainmentFilmWandaVision အပြီးမှာ မရေရာသေးတဲ့ Vision နဲ့ Paul Bettany ရဲ့အနာဂတ်

WandaVision အပြီးမှာ မရေရာသေးတဲ့ Vision နဲ့ Paul Bettany ရဲ့အနာဂတ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Paul Bettany ဟာ WandaVision ဇာတ်လမ်းထဲမှာ ပါဝင် သရုပ်ဆောင်ပြီးကတည်းက Marvel ရဲ့ ဘယ်ပရောဂျက်အသစ်တွေမှာမှ ပါဝင်ဖို့ စာချုပ်မချုပ်ရသေးဘူးလို့ ဆိုလိုက်ပါတယ်။

ပရိသတ်အများစုကတော့ Paul ကို White Vision အနေနဲ့ ပြန်လည်မြင်တွေ့ရဦးမယ်လို့ မျှော်လင့်နေကြပေမယ့်လည်း Paul ရဲ့ ပြောစကားအရ ဆိုရင်တော့ Vision ဒါမှမဟုတ်၊ White Vision ကို တော်တော်နဲ့ မြင်တွေ့ရဦးမှာ မဟုတ်ပါဘူး။

Paul ဟာ MCU ကို စတင်ခဲ့တဲ့ Iron Man ထဲမှာ Tony ရဲ့ A.I ဖြစ်တဲ့ J.A.R.V.I.S နေရာကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Paul ဟာ J.A.R.V.I.S အနေနဲ့ Marvel ရုပ်ရှင်တွေမှာ အသံသရုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Age of Ultron ထဲမှာတော့ Vision အနေနဲ့ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Vision ဟာ Avengers: Infinity War ထဲမှာ နှစ်ကြိမ်တောင် သေဆုံးခဲ့ပြီး Avengers: Endgame ထဲမှာတော့ Time Stone နဲ့ သေဆုံးသွားသူတွေကို ပြန်လည်ခေါ်ယူတဲ့ အချိန်မှာလည်း မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း WandaVision ထဲမှာတော့ Vision အနေနဲ့ နောက်ထပ်တစ်ကြိမ် ပါဝင်ခဲ့ပါသေးတယ်။

ဇာတ်လမ်းအရ ဆိုရင်တော့ WandaVision ထဲက Vision ဟာ အရင် Marvel ရုပ်ရှင်တွေမှာ တွေ့ခဲ့ရတဲ့ Vision မဟုတ်ဘဲ Wanda ရဲ့ Chaos Magic နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးမှာတော့ Wanda ဟာ သူ့ရဲ့ဖန်တီးမှုတွေ အားလုံးကို ပြန်လည် ပြင်ဆင်ခဲ့တာကြောင့် Vision နဲ့ သူမရဲ့ ကလေးနှစ်ယောက်ပါ ပျောက်ကွယ်သွားပါတယ်။ တချိန်တည်းမှာပဲ White Vision ကတော့ တစ်နေရာကို ထွက်သွားပြီး နောက်ထပ် ဘာဖြစ်သွားလည်း ဆိုတာကို ပရိသတ်တွေ မသိရသေးပါဘူး။

photo via screenrant

Paul ရဲ့ ပြောစကားအရဆိုရင် Vision နဲ့ White Vision နှစ်ယောက်လုံးရဲ့ အနာဂတ်ကို သူကိုယ်တိုင်တောင် မသိရသေးဘူးလို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ The Playlist သတင်းဌာနနဲ့ အင်တာဗျူးမှာ Paul က ပြောသွားတာ ဖြစ်ပါတယ်။

အဲ့ဒီအင်တာဗျူးထဲမှာတော့ Paul ကို White Vision အနေနဲ့ ဆက်ပြီး သရုပ်ဆောင်နိုင်ချေ ရှိသေးလားလို့ မေးမြန်းခဲ့ပါတယ်။ Paul ကတော့ “အနာဂတ်မှာ ဘာတွေ ဖြစ်လာမလည်းဆိုတာ ကျွန်တော် မသိပါဘူး။ နောက်ပြီးတော့ အခုချိန်ထိ နောက်ထပ် Marvel ပရောဂျက်တွေမှာ သရုပ်ဆောင်ဖို့ စာချုပ်တောင် မချုပ်ရသေးပါဘူး … ” လို့ ပြောသွားပါတယ်။

photo via screenrant

Marvel ဟာ နာမည်ကြီးဇာတ်ကောင်တွေရဲ့ အနာဂတ်ကို အချိန်တစ်ခုထိ အမြဲတမ်း ဖုံးကွယ်ထားလေ့ ရှိပါတယ်။ Falcon နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Anthony Mackie ဆိုရင်လည်း သူ့ဇာတ်ကောင်ရဲ့ အနာဂတ်အကြောင်းကို မသိဘူးလို့ ပြောခဲ့ဖူးပါတယ်။ The Falcon and the Winter Soldier အပြီးမှာတော့ Falcon ဟာ Captain America ဖြစ်သွားပြီး သူ့အတွက် ကြီးမားတဲ့ အနာဂတ်က စောင့်ကြိုနေတာကို တွေ့ခဲ့ပါတယ်။ Marvel ကတော့ အဲ့ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့သူကိုတောင် အခုချိန်ထိ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှမပြောသေးပါဘူး။ ဒါကြောင့်ပဲ Marvel ဟာ Paul ရဲ့ MCU ထဲက အနာဂတ်ကို အချိန်တစ်ခုထိ လျှို့ဝှက်ထားတာ ဖြစ်လိမ့်မယ်လို့လည်း ယူဆလို့ ရပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Paul Bettany ဟာ WandaVision ဇာတ္လမ္းထဲမွာ ပါဝင္ သ႐ုပ္ေဆာင္ၿပီးကတည္းက Marvel ရဲ႕ ဘယ္ပေရာဂ်က္အသစ္ေတြမွာမွ ပါဝင္ဖို႔ စာခ်ဳပ္မခ်ဳပ္ရေသးဘူးလို႔ ဆိုလိုက္ပါတယ္။

ပရိသတ္အမ်ားစုကေတာ့ Paul ကို White Vision အေနနဲ႔ ျပန္လည္ျမင္ေတြ႕ရဦးမယ္လို႔ ေမွ်ာ္လင့္ေနၾကေပမယ့္လည္း Paul ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ Vision ဒါမွမဟုတ္၊ White Vision ကို ေတာ္ေတာ္နဲ႔ ျမင္ေတြ႕ရဦးမွာ မဟုတ္ပါဘူး။

Paul ဟာ MCU ကို စတင္ခဲ့တဲ့ Iron Man ထဲမွာ Tony ရဲ႕ A.I ျဖစ္တဲ့ J.A.R.V.I.S ေနရာကေန ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ Paul ဟာ J.A.R.V.I.S အေနနဲ႔ Marvel ႐ုပ္ရွင္ေတြမွာ အသံသ႐ုပ္ေဆာင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Avengers: Age of Ultron ထဲမွာေတာ့ Vision အေနနဲ႔ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

Vision ဟာ Avengers: Infinity War ထဲမွာ ႏွစ္ႀကိမ္ေတာင္ ေသဆုံးခဲ့ၿပီး Avengers: Endgame ထဲမွာေတာ့ Time Stone နဲ႔ ေသဆုံးသြားသူေတြကို ျပန္လည္ေခၚယူတဲ့ အခ်ိန္မွာလည္း မပါဝင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း WandaVision ထဲမွာေတာ့ Vision အေနနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ပါဝင္ခဲ့ပါေသးတယ္။

ဇာတ္လမ္းအရ ဆိုရင္ေတာ့ WandaVision ထဲက Vision ဟာ အရင္ Marvel ႐ုပ္ရွင္ေတြမွာ ေတြ႕ခဲ့ရတဲ့ Vision မဟုတ္ဘဲ Wanda ရဲ႕ Chaos Magic နဲ႔ ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ ေနာက္ဆုံးမွာေတာ့ Wanda ဟာ သူ႔ရဲ႕ဖန္တီးမႈေတြ အားလုံးကို ျပန္လည္ ျပင္ဆင္ခဲ့တာေၾကာင့္ Vision နဲ႔ သူမရဲ႕ ကေလးႏွစ္ေယာက္ပါ ေပ်ာက္ကြယ္သြားပါတယ္။ တခ်ိန္တည္းမွာပဲ White Vision ကေတာ့ တစ္ေနရာကို ထြက္သြားၿပီး ေနာက္ထပ္ ဘာျဖစ္သြားလည္း ဆိုတာကို ပရိသတ္ေတြ မသိရေသးပါဘူး။

photo via screenrant

Paul ရဲ႕ ေျပာစကားအရဆိုရင္ Vision နဲ႔ White Vision ႏွစ္ေယာက္လုံးရဲ႕ အနာဂတ္ကို သူကိုယ္တိုင္ေတာင္ မသိရေသးဘူးလို႔ သိရပါတယ္။ ဒီအေၾကာင္းကိုေတာ့ The Playlist သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ Paul က ေျပာသြားတာ ျဖစ္ပါတယ္။

အဲ့ဒီအင္တာဗ်ဴးထဲမွာေတာ့ Paul ကို White Vision အေနနဲ႔ ဆက္ၿပီး သ႐ုပ္ေဆာင္ႏိုင္ေခ် ရွိေသးလားလို႔ ေမးျမန္းခဲ့ပါတယ္။ Paul ကေတာ့ “အနာဂတ္မွာ ဘာေတြ ျဖစ္လာမလည္းဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ေနာက္ၿပီးေတာ့ အခုခ်ိန္ထိ ေနာက္ထပ္ Marvel ပေရာဂ်က္ေတြမွာ သ႐ုပ္ေဆာင္ဖို႔ စာခ်ဳပ္ေတာင္ မခ်ဳပ္ရေသးပါဘူး … ” လို႔ ေျပာသြားပါတယ္။

photo via screenrant

Marvel ဟာ နာမည္ႀကီးဇာတ္ေကာင္ေတြရဲ႕ အနာဂတ္ကို အခ်ိန္တစ္ခုထိ အၿမဲတမ္း ဖုံးကြယ္ထားေလ့ ရွိပါတယ္။ Falcon ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Anthony Mackie ဆိုရင္လည္း သူ႔ဇာတ္ေကာင္ရဲ႕ အနာဂတ္အေၾကာင္းကို မသိဘူးလို႔ ေျပာခဲ့ဖူးပါတယ္။ The Falcon and the Winter Soldier အၿပီးမွာေတာ့ Falcon ဟာ Captain America ျဖစ္သြားၿပီး သူ႔အတြက္ ႀကီးမားတဲ့ အနာဂတ္က ေစာင့္ႀကိဳေနတာကို ေတြ႕ခဲ့ပါတယ္။ Marvel ကေတာ့ အဲ့ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူကိုေတာင္ အခုခ်ိန္ထိ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဘာမွမေျပာေသးပါဘူး။ ဒါေၾကာင့္ပဲ Marvel ဟာ Paul ရဲ႕ MCU ထဲက အနာဂတ္ကို အခ်ိန္တစ္ခုထိ လွ်ိဳ႕ဝွက္ထားတာ ျဖစ္လိမ့္မယ္လို႔လည္း ယူဆလို႔ ရပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular