HomeCelebs Update NewsInternationalPaul Rudd ကို ရုပ်ရှင်ရုံမှာ အလုပ်လုပ်တယ်လို့ ထင်နေကြတဲ့ သူ့ရဲ့သားသမီးများ

Paul Rudd ကို ရုပ်ရှင်ရုံမှာ အလုပ်လုပ်တယ်လို့ ထင်နေကြတဲ့ သူ့ရဲ့သားသမီးများ

သရုပ်ဆောင် Paul Rudd ရဲ့သားသမီးတွေကတော့ ဖခင်ဖြစ်သူကို နာမည်ကြီး သရုပ်ဆောင်တစ်ယောက်အဖြစ် မသိကြဘဲ ရုပ်ရှင်ရုံမှာ အလုပ်လုပ်နေတဲ့သူလို့ နှစ်ပေါင်းများစွာ ထင်မှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Paul Rudd ဟာ သူ့ရဲ့ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ နေတတ်တဲ့ပုံစံနဲ့ လူသိများပြီး Clueless ၊ Anchorman နဲ့ The 40-Year-Old Virgin တို့လို ဟာသရုပ်ရှင်တွေနဲ့လည်း အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး Sit-Com ဇာတ်လမ်းတွဲဖြစ်တဲ့ Friends ထဲမှာလည်း ပါဝင်ခဲ့ပြီး ယခုအချိန်မှာတော့ MCU ရဲ့ Ant-Man အဖြစ် သရုပ်ဆောင်နေပါတယ်။

Sunday Today with Willie Geist နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Paul Rudd ဟာ Ant-Man and the Wasp: Quantumania ဇာတ်လမ်းအတွက် ပရိုမိုးရှင်းဆင်းနေရင်း ဒီအကြောင်းကို ပြောပြသွားတာ ဖြစ်ပါတယ်။ Paul ရဲ့ပြောပြချက်အရ သူ့ရဲ့ကလေးတွေဟာ သူ့ကို ရုပ်ရှင်ရုံမှာ အလုပ်လုပ်တယ်လို့ နှစ်အတော်ကြာ ထင်နေခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် Paul ကိုယ်တိုင်ကလည်း ဒီအထင်လွဲမှုကို ဘယ်တုန်းကမှ မဖြေရှင်းခဲ့ဘူးလို့ ဆိုပါတယ်။

photo via screenrant

“မင်းတို့ကို ပြချင်တဲ့ DVD တွေ ရှိတယ်ဆိုပြီး သုံးနှစ်သားအရွယ်လောက် ကျွန်တော့်ကလေးတွေကို ရှင်းပြနေမှာ မဟုတ်ပါဘူး။ ကျွန်တော် ဘာအလုပ်လုပ်တယ် ဆိုတာတောင် သူတို့ကို မရှင်းပြခဲ့ပါဘူး။

ကျွန်တော့်သားလေး လေးငါးနှစ်အရွယ်လောက်တုန်းကပေါ့။ သူ့ရဲ့သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ကြတယ်ဗျ။ အဲဒီရုပ်ရှင်ရုံရဲ့ Lobby မှာ ကျွန်တော့်ပုံပါတဲ့ ပိုစတာကို သူတို့ တွေ့ခဲ့ကြတယ်လေ။ အဲ့တော့ ကျွန်တော်က ရုပ်ရှင်ရုံမှာ အလုပ်လုပ်တယ်လို့ သူတို့အားလုံးက ထင်သွားကြတာဗျ။ ချစ်စရာကောင်းတဲ့ ကလေးအတွေးပေါ့။

နောက်တော့ ကျွန်တော့်သားလည်း အသက်(၁၅)နှစ်လောက် ရောက်လာတော့ သူနားလည်သွားပါတယ်။ ကျွန်တော်ကတော့ သူ့ကို ဘယ်တုန်းကမှ မရှင်းပြခဲ့ပါဘူး။ Santa Monica မြို့မှာရှိတဲ့ AMC ရုပ်ရှင်ရုံမှာ အလုပ်လုပ်တယ်လို့တောင် ပြောခဲ့သေးတယ် …”

photo via screenrant

Paul Rudd ကတော့ ရုပ်ရှင်ထဲမှာတင် ပျော်ပျော်နေတတ်တာ မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာလည်း ပျော်ပျော်နေတတ်သူ ဖြစ်ပါတယ်။ သူ့ရဲ့သားကိုယ်တိုင်က သူ့ကို ရုပ်ရှင်ရုံမှာ အလုပ်လုပ်တယ်လို့ အထင်မှားနေတာတောင် အမှန်ကို မပြောပြဘဲ (၁၀)နှစ်လောက် ဆက်ပြီးအထင်မှားနေစေခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင် Paul Rudd ကိုတော့ လာမယ့် ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ Ant-Man အဖြစ် ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular