HomeCelebs Update NewsInternationalဇနီးဖြစ်သူနဲ့ လမ်းခွဲလိုက်တဲ့ Vampire Diaries သရုပ်ဆောင် Paul Wesley

ဇနီးဖြစ်သူနဲ့ လမ်းခွဲလိုက်တဲ့ Vampire Diaries သရုပ်ဆောင် Paul Wesley

မြန်မာပရိသတ်တွေကြားမှာရော၊ နိုင်ငံတကာမှာပါ ရေပန်းစားခဲ့တဲ့ The Vampire Dairies ဇာတ်လမ်းတွဲ သရုပ်ဆောင် Paul Wesley ကတော့ အိမ်ထောင်သက် သုံးနှစ်အကြာမှာ ဇနီးဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။ Paul ဟာ ဇနီးဖြစ်သူ Ines de Ramon နဲ့ တိတ်တဆိတ်ပဲ လမ်းခွဲခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ငါးလတည်းက ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်။

အသက်(၄၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Paul Wesley ဟာ အသက်(၂၉)နှစ်အရွယ် Ines de Ramon နဲ့ လမ်းခွဲခဲ့တာ အခုဆို ငါးလခန့်ရှိနေပြီဖြစ်ပြီး ဒါဟာ နှစ်ဖက်စလုံးက နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ Paul ရဲ့ ကိုယ်စားလှယ်က People မဂ္ဂဇင်းကို ပြောထားပါတယ်။

Photo: paulwesley/ Instagram

“လမ်းခွဲဖို့က နှစ်ဘက်စလုံး ဆုံးဖြတ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ငါးလလောက်တည်းက လမ်းခွဲခဲ့ကြတာပါ။ နှစ်ဘက်စလုံးကတော့ သူတို့ပုဂ္ဂိုလ်ရေးကိစ္စဖြစ်တဲ့အတွက် Privacy ပေးဖို့ တောင်းဆိုထားပါတယ် …”လို့ အဆိုပါကိုယ်စားလှယ်က ဆိုပါတယ်။

Paul နဲ့ Ines တို့ဟာ ၂၀၁၈ ခုနှစ် ဇွန်လမှာ ချစ်သူတွေ ဖြစ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ လက်ထပ်လက်စွပ်ကို ဆင်တူဝတ်ဆင်ထားကြတာ တွေ့ရပါတယ်။ သူတို့ဟာ တွဲတုန်းကလည်း သိုသိုသိပ်သိပ်ပဲ တွဲခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာပွဲကိုလည်း လူရင်းတွေနဲ့ပဲ တိတ်တဆိတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo: paulwesley/ Instagram

ယုတ်စွအဆုံး သူတို့နှစ်ယောက် လက်ထပ်သွားတာကိုတောင် မီဒီယာတွေဆီ အသိမပေးခဲ့ဘဲ Paul ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ Nina Dobrev က အတည်ပြုပေးလိုက်တော့မှသာ လက်ထပ်သွားမှန်း သိခဲ့ကြရတာ ဖြစ်ပါတယ်။ Nina ကတော့ အဲဒီနှစ်ရဲ့ ဇွန်လမှာ Podcast တစ်ခုဆီ ဧည့်သည်အဖြစ် ပါဝင်ရင်း Ines ကို Paul ရဲ့ဇနီးလို့ သုံးနှုန်းသွားတော့မှသာ သူတို့လက်ထပ်ထားမှန်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

The Vampire Diaries ဇာတ်လမ်းတွဲထဲမှာ Stefan Salvatore နဲ့ Elena Gilbert အဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ Paul နဲ့ Nina တို့ဟာ ပရိသတ်တွေ အသည်းအသန် အားပေးခဲ့တဲ့ တီဗွီစုံတွဲတစ်တွဲ ဖြစ်ပေမယ့် အပြင်လောကမှာတော့ သူတို့ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေသာ ဖြစ်ကြပါတယ်။ လက်ရှိမှာ Paul တစ်ယောက်က ဇနီးဖြစ်သူနဲ့ လမ်းခွဲလိုက်ပေမယ့် Nina ကတော့ အိုလံပစ် နှင်းလျှောစီးကစားသမား Shaun White နဲ့ ချစ်သူတွေ ဖြစ်နေပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular