HomeEntertainmentFilmဒါရိုက်တာ James Gunn ပြောပြတဲ့ Peacemaker ဇာတ်သိမ်းပိုင်းရဲ့ Cameo ဖြစ်ပေါ်လာပုံ

ဒါရိုက်တာ James Gunn ပြောပြတဲ့ Peacemaker ဇာတ်သိမ်းပိုင်းရဲ့ Cameo ဖြစ်ပေါ်လာပုံ

***Spoiler Alert***

Peacemaker ဇာတ်သိမ်းပိုင်းမှာတော့ ပရိသတ်တွေအားလုံးကို အံ့ဩသွားစေတဲ့ Cameo တွေ ပါဝင်ခဲ့ပြီး အဲ့ဒီ Cameo တွေ ဘယ်လို ဖြစ်လာတယ်ဆိုတာကို ဒါရိုက်တာ James Gunn က ပြောပြထားပါတယ်။

ဒါရိုက်တာ James Gunn ကတော့ The Suicide Squad ရုပ်ရှင်နဲ့ DCEU ထဲကို ဝင်ရောက်လာပြီး နောက်မှာတော့ Spin-Off ဇာတ်လမ်းတွဲဖြစ်တဲ့ Peacemaker ကို ထပ်မံရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် James Gunn ဟာ နောက်ထပ် Spin-Off ဇာတ်လမ်းတွဲတစ်ခု ထပ်မံရိုက်ကူးသွားဦးမယ်လို့ ပြောထားပါတယ်။

photo via screenrant

ဇာတ်သိမ်းပိုင်းရဲ့ အကြီးမားဆုံး အံ့ဩစရာကတော့ Cameo အနေနဲ့ Justice League ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Justice League အဖွဲ့ဝင်တွေအားလုံး ပါဝင်လာတာ မဟုတ်ဘဲ Wonder Woman ၊ Superman ၊ Aquaman နဲ့ Flash တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလေးယောက်ထဲမှာတော့ Flash နဲ့ Aquaman တို့နှစ်ယောက်ကိုပဲ သေချာပြသသွားခဲ့ပြီး Wonder Woman နဲ့ Superman တို့ကိုတော့ သေချာမပြသွားပါဘူး။

Variety သတင်းဌာနနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးမှာတော့ James Gunn ဟာ ဒီ Cameo ဘယ်လို ဖြစ်လာတယ်ဆိုတာ ပြောပြခဲ့ပါတယ်။ James Gunn ဟာ Justice League တွေ ရောက်လာတယ်ဆိုတာကို စတူဒီယိုနဲ့ မတိုင်ပင်ဘဲ ဇာတ်ညွှန်းထဲမှာ ဒီအတိုင်း ထည့်ရေးခဲ့တာလို့ သိရပါတယ်။ အဲ့ဒါကို Warner Bros. က ခွင့်ပြုပေးခဲ့ပြီး အဆင်ပြေအောင် ဖန်တီးပေးခဲ့တယ်လို့လည်း သိရပါတယ်။

photo via screenrant

ဒါတင်မကသေးဘဲ Justice League ဟာ ဘာကြောင့် နောက်ကျမှ ရောက်လာရတယ် ဆိုတာကိုလည်း James Gunn က နောက်ပြောင်ခဲ့ပါသေးတယ်။ သူ့ရဲ့ ပြောစကားကတော့ ဒီဇာတ်လမ်းတွဲဟာ Justice League အဖွဲ့ဝင်နေရာမှာ သရုပ်ဆောင်သူတွေကို ဒီထက်ကြီးတဲ့ Role အတွက် ပေးစရာဘတ်ဂျက် မလုံလောက်လို့ပါ ဆိုပြီး နောက်ပြောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Peacemaker ဇာတ်သိမ်းပိုင်းဟာ စိတ်ကျေနပ်စရာကောင်းတဲ့ ခံစားမှုကိုတော့ ပေးစွမ်းနိုင်ခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular