HomeEntertainmentFilmကြောင်တောင်တောင် ခေါင်းစွပ်ဒီဇိုင်းကြောင့် Suicide Squad ထဲ ပါဝင်ခွင့်ရခဲ့တဲ့ Peacemaker

ကြောင်တောင်တောင် ခေါင်းစွပ်ဒီဇိုင်းကြောင့် Suicide Squad ထဲ ပါဝင်ခွင့်ရခဲ့တဲ့ Peacemaker

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Suicide Squad ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Gunn ဟာ Peacemaker ဇာတ်ကောင်ကို သူ့ရဲ့ ကြောင်တောင်တောင်နိုင်တဲ့ ခေါင်းစွပ်ဒီဇိုင်းကြောင့် ဒီရုပ်ရှင်ထဲမှာ ထည့်သွင်းခဲ့တာပါလို့ ပြောပြခဲ့ပါတယ်။

ဒါရိုက်တာ James Gunn ရဲ့ The Suicide Squad ကတော့ ၂၀၁၆ ခုနှစ်တုန်းက ဒါရိုက်တာ David Ayer ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်အနည်းငယ်ကိုပဲ ပြန်လည်အသုံးပြုခဲ့ပြီး Peacemaker လိုမျိူး ဇာတ်ကောင်အသစ်တွေများစွာကို အသုံးပြုခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ Bloodsport ကလည်း ဇာတ်ကောင်အသစ်ပဲ ဖြစ်ပြီး သူ့ရဲ့ဒီဇိုင်းကိုတော့ ကောမစ်ထဲကအတိုင်း တစ်ပုံစံတည်း မဟုတ်ဘဲ ပြုပြင်ဖန်တီးထားပါတယ်။ ဒါပေမယ့်လည်း Peacemaker ရဲ့ ခေါင်းစွပ်ကိုတော့ ကောမစ်ထဲကအတိုင်းပဲ ဖန်တီးထားတာကြောင့် ပရိသတ်အချို့ဟာ ဒီအချက်ကို သဘောမတွေ့ကြပါဘူး။ James Gunn ရဲ့ ပြောစကားအရဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ Peacemaker ပါဝင်လာရတဲ့ အကြောင်းရင်းကိုက အဲ့ဒီခေါင်းစွပ်ကြောင့်ပဲလို့ ဆိုပါတယ်။

Peacemaker Spin-Off ဇာတ်လမ်းတွဲအတွက် အင်တာဗျူးခဲ့တဲ့ အချိန်မှာတော့ James Gunn ဟာ ဒီဇာတ်ကောင်နဲ့ ပတ်သက်တဲ့ အချက်တွေကို ပြောပြခဲ့ပါတယ်။ အဲ့ဒီထဲကတစ်ချက်ကတော့ Peacemaker ရဲ့ ကြောင်တောင်တောင်နိုင်တဲ့ ခေါင်းစွပ်ဟာ James Gunn ကို ဆွဲဆောင်နိုင်ခဲ့ပြီး အဲ့ဒီအချက်ကြောင့်ပဲ Peacemaker ဟာ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာတာလို့ ဆိုပါတယ်။

photo via screenrant

James Gunn ရဲ့ ဒီလိုဖန်တီးမှုတွေကြောင့်လည်း The Suicide Squad လိုမျိူး ကြောင်တောင်တောင်နိုင်တဲ့ ဇာတ်ကောင်တွေ စုစည်းထားတဲ့ ရုပ်ရှင်ထဲမှာတောင် Peacemaker ဟာ အလွန်ထင်ရှားနေပါတယ်။ The Suicide Squad ထဲမှာတော့ Bloodsport ဟာ Peacemaker ကို သတ်လိုက်တယ်လို့ ပြသသွားပေမယ့်လည်း Credit Scene ထဲမှာတော့ သူဟာ မသေသေးဘူးဆိုတာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာ Peacemaker ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေကိုတော့ Peacemaker ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရမှာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

The Suicide Squad ႐ုပ္ရွင္ကို ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာ James Gunn ဟာ Peacemaker ဇာတ္ေကာင္ကို သူ႔ရဲ့ ေၾကာင္ေတာင္ေတာင္နိုင္တဲ့ ေခါင္းစြပ္ဒီဇိုင္းေၾကာင့္ ဒီ႐ုပ္ရွင္ထဲမွာ ထည့္သြင္းခဲ့တာပါလို႔ ေျပာျပခဲ့ပါတယ္။

ဒါရိုက္တာ James Gunn ရဲ့ The Suicide Squad ကေတာ့ ၂၀၁၆ ခုႏွစ္တုန္းက ဒါရိုက္တာ David Ayer ရိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ထဲက ဇာတ္ေကာင္အနည္းငယ္ကိုပဲ ျပန္လည္အသုံးျပဳခဲ့ၿပီး Peacemaker လိုမ်ိဴး ဇာတ္ေကာင္အသစ္ေတြမ်ားစြာကို အသုံးျပဳခဲ့ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တဲ့ Bloodsport ကလည္း ဇာတ္ေကာင္အသစ္ပဲ ျဖစ္ၿပီး သူ႔ရဲ့ဒီဇိုင္းကိုေတာ့ ေကာမစ္ထဲကအတိုင္း တစ္ပုံစံတည္း မဟုတ္ဘဲ ျပဳျပင္ဖန္တီးထားပါတယ္။ ဒါေပမယ့္လည္း Peacemaker ရဲ့ ေခါင္းစြပ္ကိုေတာ့ ေကာမစ္ထဲကအတိုင္းပဲ ဖန္တီးထားတာေၾကာင့္ ပရိသတ္အခ်ိဳ႕ဟာ ဒီအခ်က္ကို သေဘာမေတြ႕ၾကပါဘူး။ James Gunn ရဲ့ ေျပာစကားအရဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ထဲမွာ Peacemaker ပါဝင္လာရတဲ့ အေၾကာင္းရင္းကိုက အဲ့ဒီေခါင္းစြပ္ေၾကာင့္ပဲလို႔ ဆိုပါတယ္။

Peacemaker Spin-Off ဇာတ္လမ္းတြဲအတြက္ အင္တာဗ်ဴးခဲ့တဲ့ အခ်ိန္မွာေတာ့ James Gunn ဟာ ဒီဇာတ္ေကာင္နဲ႔ ပတ္သက္တဲ့ အခ်က္ေတြကို ေျပာျပခဲ့ပါတယ္။ အဲ့ဒီထဲကတစ္ခ်က္ကေတာ့ Peacemaker ရဲ့ ေၾကာင္ေတာင္ေတာင္နိုင္တဲ့ ေခါင္းစြပ္ဟာ James Gunn ကို ဆြဲေဆာင္နိုင္ခဲ့ၿပီး အဲ့ဒီအခ်က္ေၾကာင့္ပဲ Peacemaker ဟာ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာတာလို႔ ဆိုပါတယ္။

photo via screenrant

James Gunn ရဲ့ ဒီလိုဖန္တီးမွုေတြေၾကာင့္လည္း The Suicide Squad လိုမ်ိဴး ေၾကာင္ေတာင္ေတာင္နိုင္တဲ့ ဇာတ္ေကာင္ေတြ စုစည္းထားတဲ့ ႐ုပ္ရွင္ထဲမွာေတာင္ Peacemaker ဟာ အလြန္ထင္ရွားေနပါတယ္။ The Suicide Squad ထဲမွာေတာ့ Bloodsport ဟာ Peacemaker ကို သတ္လိုက္တယ္လို႔ ျပသသြားေပမယ့္လည္း Credit Scene ထဲမွာေတာ့ သူဟာ မေသေသးဘူးဆိုတာကို သိလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာ Peacemaker ရင္ဆိုင္ၾကဳံေတြ႕ရမယ့္ အခက္အခဲေတြကိုေတာ့ Peacemaker ဇာတ္လမ္းတြဲထဲမွာ ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ဒီဇာတ္လမ္းတြဲဟာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular