HomeCharacterPeacemaker ရဲ့ ခေါင်းစွပ်တစ်ခုချင်းစီမှာရှိတဲ့ စွမ်းအားများ

Peacemaker ရဲ့ ခေါင်းစွပ်တစ်ခုချင်းစီမှာရှိတဲ့ စွမ်းအားများ

Peacemaker ကတော့ သူ့ရဲ့ ဝတ်စုံနဲ့ ခေါင်းစွပ်ကို အမြဲလိုလို မချွတ်တမ်း ဝတ်ဆင်ထားတတ်သူ ဖြစ်ပါတယ်။ The Suicide Squad ထဲမှာတော့ သူ့ရဲ့ ခေါင်းစွပ်ဟာ ကျည်ကာနိုင်တာကလွဲပြီး တခြားလုပ်နိုင်စွမ်းတွေ ရှိသေးတဲ့အကြောင်း မတွေ့ခဲ့ရပါဘူး။

သို့သော်လည်း Peacemaker ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ထဲမှာတော့ Christopher ဟာ အဲ့ဒီခေါင်းစွပ်ကို တက္ကစီခအနေနဲ့ ပေးခဲ့ရပြီး သူ့ရဲ့အဖေဆီမှာ ခေါင်းစွပ်အသစ် သွားယူခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ မတူညီတဲ့ လုပ်နိုင်စွမ်းတွေ ရှိတဲ့ ခေါင်းစွပ်တွေကို မြင်တွေ့ခဲ့ကြရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အဲ့ဒီခေါင်းစွပ်တွေရဲ့ စွမ်းအားတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Sonic Blast Helmet
photo via screenrant

အပိုင်း(၁)ထဲမှာ Christopher ယူလာတဲ့ ခေါင်းစွပ်ကတော့ အသံလှိုင်းတွေ ထုတ်လွှင့်နိုင်တဲ့ အစွမ်းရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ အပိုင်း(၁)ရဲ့ အဆုံးနားမှာတော့ Christopher ဟာ အဲ့ဒီခေါင်းစွပ်ကို စွပ်လိုက်ပြီး “Activate Sonic Boom” လို့ ပြောလိုက်တဲ့အခါ သူ့ရဲ့ ဘေးပတ်လည်မှာ ရှိသမျှ အရာအားလုံးကို အသံလှိုင်းရိုက်ခတ်သွားကာ သူ့ကို တိုက်ခိုက်ဖို့လာနေတဲ့ အမျိူးသမီးဟာလည်း အဲ့ဒီအသံလှိုင်းကြောင့် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားရပါတယ်။

အဲ့ဒီအချိန်မှာတော့ ခေါင်းစွပ်ဟာ အပြာရောင်လျှပ်စီးပုံစံမျိူး လင်းနေတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ ခေါင်းစွပ်က ထုတ်လုပ်လိုက်တဲ့ အသံလှိုင်းတွေကို ဝတ်ဆင်သူ မထိခိုက်အောင် ကာကွယ်ပေးထားတဲ့ Force Shield တစ်မျိူးပဲ ဖြစ်ပါတယ်။

ကောမစ်ထဲမှာလည်း ဒီခေါင်းစွပ် ပါဝင်ပြီး ထူးခြားတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော ခေါင်းစွပ်လည်း ဖြစ်ပါတယ်။ ကောမစ်ဗားရှင်းမှာတော့ ဒီခေါင်းစွပ်က ထုတ်လုပ်တဲ့ အသံလှိုင်းတွေဟာ အခုလောက် ဖျက်အားမပြင်းဘဲ သူ့ရဲ့ ရန်သူတွေကို ခဏတာ တားဆီးရုံလောက်ပဲ ပြုလုပ်နိုင်ပါတယ်။

X-Ray Vision
photo via screenrant

အပိုင်း(၄)ထဲမှာတော့ Christopher ဟာ Vigilante နဲ့အတူ သူ့အဖေရဲ့အိမ်ကို သွားရောက်ခဲ့ပြီး တခြားခေါင်းစွပ်တွေကို ယူဆောင်လာခဲ့ပါတယ်။ ပထမဆုံး သူ ကိုင်လိုက်တဲ့ ခေါင်းစွပ်ကတော့ X-Ray Vision လို့ စာရေးထားတာကြောင့် အရာဝတ္ထုတွေကို ဖောက်မြင်နိုင်စွမ်း ရှိပါတယ်။ ဖြစ်နိုင်တာကတော့ Christopher ဟာ ဘယ်သူက Butterfly ဖြစ်နေတယ်ဆိုတာ သိနိုင်ဖို့အတွက် ဒီခေါင်းစွပ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

Forcefield Helmet
photo via screenrant

အပိုင်း(၁)ထဲမှာ Christopher ရဲ့ အဖေက သူ့ကို ပထမဆုံး ပြခဲ့တဲ့ ခေါင်းစွပ်ကတော့ တစ်ကိုယ်လုံးကို Forcefield နဲ့ ကာကွယ်ပေးထားနိုင်စွမ်း ရှိပါတယ်။ ပုံမှန်ဆိုရင်တော့ သူ့ရဲ့ ခေါင်းစွပ်ဟာ ခေါင်းနေရာကိုပဲ ကျည်ကာနိုင်ပေမယ့် ဒီခေါင်းစွပ်ကတော့ တစ်ကိုယ်လုံးကို ကာကွယ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Christopher ဟာ သူသာ အဲ့ဒီခေါင်းစွပ်ကို ရွေးချယ်ခဲ့ရင် သူ့ရဲ့အဖေက သူ့ကို အားနည်းတယ်လို့ မြင်သွားမှာ စိုးရိမ်တာကြောင့် မယူခဲ့တာ ဖြစ်နိုင်ပါတယ်။

ရေအောက်မှာ အသက်ရှုနိုင်တဲ့ ခေါင်းစွပ်
photo via screenrant

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သူ့ရဲ့အဖေဟာ ရေအောက်မှာ အသက်ရှုနိုင်မယ့် ခေါင်းစွပ်ကို ပြသခဲ့ပါတယ်။ အဲ့ဒီခေါင်းစွပ်ကိုတော့ Underwater World လို့ စာရေးထားပြီး ခေါင်းစွပ်မှာလည်း ငါးတွေရဲ့ ရေကူးတဲ့ အတောင်လိုပုံစံ ထည့်သွင်းထားတာ မြင်တွေ့ရပါတယ်။ အပိုင်း(၄)ထဲမှာတော့ Christopher ဟာ အဲ့ဒီခေါင်းစွပ်ကို ယူဆောင်သွားပြီး သူဟာ ပျံသန်းတဲ့ ရန်သူကို ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ဒီခေါင်းစွပ်ကို ဘယ်နေရာမှာ အသုံးချမလည်းဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

အင်ပြင်တွေ ထလာစေမယ့် ခေါင်းစွပ်
photo via screenrant

အပိုင်း(၁)ရဲ့ Credit Scene မှာတော့ သူ့ရဲ့ အဖေဟာ ထူးဆန်းတဲ့ ခေါင်းစွပ်တစ်ခုကို ပြသခဲ့ပါသေးတယ်။ အဲ့ဒီခေါင်းစွပ်ကတော့ ဝတ်ဆင်ထားသူကို အင်ပြင်တွေ ထလာစေမှာ ဖြစ်ပြီး “Scabies For All” လို့ ရေးထားပါတယ်။ Christopher ကိုယ်တိုင်က “ဘာလို့ အင်ပြင်တွေ ထလာမယ့် ခေါင်းစွပ်ကို လိုချင်ရမှာလဲ … ” လို့မေးခဲ့တာကို သူ့အဖေကတော့ “ကိုယ့်ကိုယ်ကို Challenge လုပ်ဖို့ အတွက် … ” လို့ ရှင်းပြခဲ့ပါတယ်။

Bound For Good
photo via screenrant

ဒီခေါင်းစွပ်ကတော့ အားလုံးထဲမှာ အထူးဆန်းဆုံးလို့ ပြောလို့ရပါတယ်။ Bound For Good လို့ ရေးသားထားပြီး ဘယ်လို လုပ်ဆောင်နိုင်စွမ်းရှိတယ် ဆိုတာတော့ သေချာမသိရသေးပါဘူး။ ဖြစ်နိုင်ချေကတော့ နှစ်ခုရှိပြီး ပထမတစ်ခုကတော့ ဝတ်ဆင်ထားသူကို ကောင်းမွန်တဲ့ လုပ်ရပ်တွေကိုပဲ ပြုလုပ်အောင် တွန်းအားပေးတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း သူ့အဖေဟာ လူမျိူးရေးခွဲခြားသူ ဖြစ်တာကြောင့် သူ့ရဲ့အမြင်မှာ ကောင်းမွန်တဲ့ လုပ်ရပ်ဆိုတာဟာ လူမည်းတွေကို လိုက်သတ်ပစ်တာမျိူးလည်း ဖြစ်နေနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ဒီခေါင်းစွပ်ကို ဝတ်ပြီးတာနဲ့ ပြန်ချွတ်လို့ မရတော့အောင် ဖန်တီးထားတာ ဖြစ်နိုင်ပါတယ်။

တခြားခေါင်းစွပ်များ
photo via screenrant

Christopher ရဲ့အဖေ ဖန်တီးထားတဲ့ တခြားခေါင်းစွပ်များစွာကိုလည်း မြင်တွေ့ခဲ့ရပြီး အဲ့ဒီခေါင်းစွပ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ဘာတွေလည်း ဆိုတာတော့ မသိရသေးပါဘူး။ အပိုင်း(၄)ထဲမှာတော့ Christopher ဟာ ခေါင်းစွပ်တွေ အများကြီးကို ယူဆောင်သွားပါတယ်။

သို့သော်လည်း သူ ယူသွားတဲ့ ခေါင်းစွပ်တွေအားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းကိုတောင် သေချာမသိရသေးပါဘူး။ ဒါကြောင့်ပဲ အဲ့ဒီခေါင်းစွပ်တွေအကြောင်းကိုတော့ အသစ်ထွက်ရှိလာမယ့် အပိုင်းတွေမှာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular