HomeEntertainmentFilmနောက်ဆုံးနှစ်ပိုင်းမှာ ဝမ်းနည်းစရာတွေ ပါဝင်နေမယ်ဆိုတဲ့ Peacemaker ဇာတ်လမ်းတွဲ

နောက်ဆုံးနှစ်ပိုင်းမှာ ဝမ်းနည်းစရာတွေ ပါဝင်နေမယ်ဆိုတဲ့ Peacemaker ဇာတ်လမ်းတွဲ

Peacemaker ဇာတ်လမ်းတွဲဟာ နောက်ထပ်အပိုင်း နှစ်ပိုင်း ထွက်ရှိပြီးရင်တော့ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီကျန်ရှိနေတဲ့ အပိုင်းနှစ်ပိုင်းဟာ ပရိသတ်တွေကို မျက်ရည်ကျစေနိုင်ပါတယ်လို့ Murn နေရာမှာ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Chukwudi Iwuji က ပြောပြထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ အစပိုင်းမှာ ပေါ့ပေါ့ပါးပါး ပုံစံမျိူး မြင်တွေ့ခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လေးနက်မှုတွေ ပါဝင်လာပါတယ်။

photo via screenrant

ပြီးခဲ့တဲ့ အပိုင်းမှာတော့ Murn ဟာ ကမ္ဘာကို သိမ်းပိုက်ချင်တဲ့ Butterfly တွေထဲက သင်းကွဲတစ်ယောက် ဖြစ်ပြီး Peacemaker တို့အဖွဲ့နဲ့ ပူးပေါင်းကာ အဲ့ဒီ Butterfly တွေကို နှိမ်နှင်းဖို့ ပြုလုပ်နေတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Evergreen ရဲစခန်းတစ်ခုလုံးဟာလည်း Butterfly တွေနဲ့ ပြည့်နှက်သွားတာကို မြင်တွေ့ခဲ့ရပြီး ယနေ့မှာ အသစ်ထွက်ရှိလာမယ့် အပိုင်း(၇)ကတော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ သရုပ်ဆောင် Chukwudi Iwuji ဟာ အင်တာဗျူးတစ်ခုမှာ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။

“အမှန်တိုင်းပြောရရင် နောက်ဆုံးနှစ်ပိုင်းမှာ ဒီဇာတ်ကောင်တွေက ဘယ်လိုဖြစ်သွားမလည်းဆိုတာနဲ့ Character Development တွေကို မြင်ရလိမ့်မယ်ဗျ။ ဒီဇာတ်လမ်းတွဲက အစပိုင်းမှာ ပျော်စရာတွေနဲ့ ဟာသတွေ ပါထားတော့ နောက်ဆုံးနှစ်ပိုင်းမှာ ပရိသတ်တွေ ငိုရလိမ့်မယ်လို့ ထင်ပါတယ် … “

photo via screenrant

ဒါရိုက်တာ James Gunn ကလည်း ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းကို ရုပ်ရှင်ဝေဖန်ရေးတွေဆီ မပို့ဖို့ HBO Max ကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် သူဟာ ဒီဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေကိုတောင် ဇာတ်သိမ်းကို မပြောပြထားဘဲ သရုပ်ဆောင် အနည်းငယ်ကပဲ တကယ့်ဇာတ်သိမ်းကို သိထားတယ်လို့ ဆိုပါတယ်။

ယခုအချိန်မှာတော့ Chukwudi Iwuji ကလည်း နောက်ဆုံးနှစ်ပိုင်းဟာ ပရိသတ်တွေကို ငိုရစေနိုင်တယ်လို့ ပြောလိုက်တာကြောင့် ဘယ်လိုလျှို့ဝှက်ချက်မျိူးကို မြင်တွေ့ရမလည်း ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular