HomeEntertainmentFilmPeacemaker Season 2 ကို အတည်ပြုလိုက်တဲ့ ဒါရိုက်တာ James Gunn

Peacemaker Season 2 ကို အတည်ပြုလိုက်တဲ့ ဒါရိုက်တာ James Gunn

HBO Max ဟာ Peacemaker Season 2 ကို ထပ်မံဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့အကြောင်း ဒါရိုက်တာ James Gunn က အတည်ပြုလိုက်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ The Suicide Squad ရဲ့ Spin-Off ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး ငြိမ်းချမ်းရေးသာ ရမယ်ဆိုရင် လူဘယ်နှယောက်ပဲ သတ်ရသတ်ရ ဝန်မလေးတဲ့ Peacemaker အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Season 1 ကတော့ ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက် ကြာသပတေးနေ့မှာပဲ ဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ The Suicide Squad ဇာတ်လမ်းအပြီး ငါးလအကြာမှာ ဇာတ်အိမ်တည်ထားပြီး Peacemaker ဟာ Butterfly ပရောဂျက်မှာ ပါဝင်ရတဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Butterfly တွေကတော့ လူတွေကိုသတ်ပြီး အဲ့ဒီလူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်နေကာ လူသားတွေကြားထဲ ရောနှောနေထိုင်နေကြတာ ဖြစ်ပါတယ်။ Peacemaker ရဲ့ တာဝန်ကတော့ အဲ့ဒီ Butterfly တွေကို သတ်ပစ်ဖို့ပဲ ဖြစ်ပါတယ်။

ယခုဆိုရင်တော့ HBO Max က ဒီဇာတ်လမ်းတွဲကို Season 2 ထပ်မံရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတဲ့အကြောင်း  ဒါရိုက်တာ James Gunn က သူ့ရဲ့ တွစ်တာစာမျက်နှာကနေ အတည်ပြုလိုက်ပါတယ်။ ဒါရိုက်တာ James Gunn ကတော့ ဒီဇာတ်လမ်းတွဲကို အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးခဲ့တဲ့ သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

ဒီဇာတ်လမ်းတွဲဟာ အောင်မြင်မှုတွေ ရရှိနေတာကြောင့် Season 2 ထပ်မံ ထွက်ရှိလာမယ်ဆိုတာဟာ အံ့ဩစရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါတင်မက ဒီဇာတ်လမ်းတွဲဟာ DCEU ရဲ့ Rating အများဆုံး ပရောဂျက်တစ်ခု ဖြစ်လာခဲ့ပါသေးတယ်။ သရုပ်ဆောင်တွေကလည်း Season 2 ကို ထပ်မံလိုချင်နေကြပြီး Season 2 မှာတော့ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ မြင်တွေ့ရဦးမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular