HomeEntertainmentFilmPeacemaker ဇာတ်လမ်းတွဲ ထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Peacemaker ဇာတ်လမ်းတွဲ ထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

DC FanDome ထဲမှာတော့ ထွေလာတွေများစွာ ထုတ်လုပ်ပေးခဲ့ပြီး Peacemaker ဇာတ်လမ်းတွဲရဲ့ ထွေလာလည်း ထွက်လာခဲ့ပါတယ်။ Peacemaker ကတော့ The Suicide Squad ရုပ်ရှင်ထဲမှာ စတင်ပါဝင်လာခဲ့ပြီး ဒီဇာတ်လမ်းတွဲကတော့ The Suicide Squad ထဲက Credit Scene နဲ့ တိုက်ရိုက်ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာ ထွက်ရှိလာမှာ ဖြစ်ပြီး ဒီတစ်ခါမှာတော့ ဒီထွေလာထဲက စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Peacemaker နဲ့ Vigilante Train
photo via screenrant

ဒီထွေလာထဲမှာတော့ Freddie Stroma သရုပ်ဆောင်ထားတဲ့ Vigilante Train ကို မြင်တွေ့ခဲ့ရပြီး သူဟာ Peacemaker ရဲ့ သူငယ်ချင်းလို့တောင် ပြောလို့ရပါတယ်။ သူတို့နှစ်ယောက်ဟာ ကောမစ်ထဲမှာတော့ မကြာခဏ ပူးပေါင်းခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ကျွမ်းကျင်မှုတွေကလည်း အတူတူပဲ ဖြစ်ပါတယ်။ Vigilante Train ကတော့ နေ့ခင်းဘက်မှာ ဉပဒေကို အသုံးပြုပြီး ရာဇဝတ်မှုတွေကို တိုက်ဖျက်တဲ့ ရှေ့နေတစ်ယောက် ဖြစ်ပြီး ညဘက်မှာတော့ သူကိုယ်တိုင်က ဉပဒေအနေနဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ပါတယ်။ Vigilante Train ဟာ သူတို့နှစ်ယောက်က လူသတ်သမားတွေဆိုတာကို လက်ခံထားသလို သူတို့ဟာ များသောအားဖြင့် လူဆိုးတွေကိုပဲ သတ်တာကြောင့် အဆင်ပြေပါတယ်ဆိုပြီး ပြောခဲ့တဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ခဲ့ပါတယ်။

(2) Peacemaker ရဲ့ မစ်ရှင်
photo via screenrant

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း ဆိုရင်တော့ Peacemaker ဟာ ထောင်မကျဖို့အတွက် Amanda Waller ခိုင်းတာတွေကို လုပ်ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ လူဆိုးတွေကို သတ်ပစ်ရမှာပဲ ဖြစ်ပြီး The Suicide Squad ရုပ်ရှင်ထဲမှာ Amanda Waller ကို ပုန်ကန်ခဲ့တဲ့ သူမရဲ့အဖွဲ့သားတွေကတော့ Peacemaker ကို ထိန်းရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ Clemson Murn ဆိုတဲ့ ကြေးစားပဲ ဖြစ်ပြီး Waller က လိုအပ်လာရင် Peacemaker ကို ယှဉ်တိုက်နိုင်တယ်လို့ ယုံကြည်တာကြောင့် ခန့်ထားတာ ဖြစ်ပါတယ်။

(3) Harcourt
photo via screenrant

Emilia Harcourt ကတော့ The Suicide Squad ထဲမှာ Amanda Waller ကို ပုန်ကန်ခဲ့တဲ့ NSA အေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ Amanda Waller ကို ပုန်ကန်ခဲ့တာကြောင့် Amanda Waller က အပြစ်ပေးတဲ့အနေနဲ့ သူမကို Peacemaker ကို ထိန်းချုပ်ရမယ့် သူနေရာမှာ ထားခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ သူမဟာ ARGUS ထဲကို ကျူးကျော်ခဲ့ပြီး Task Force X ကို ထိန်းချုပ်ခဲ့တဲ့ အကြမ်းဖက်သမား တစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ သစ္စာဖောက်မှုတွေကို Amanda Waller က သိသွားတာကြောင့် Amanda Waller ကိုယ်တိုင်က သူမကို သတ်ပစ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်လည်း ဒီဇာတ်လမ်းတွဲထဲမှာတော့ Emilia Harcourt ဟာ သစ္စာဖောက်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။

(4) John Economos
photo via screenrant

အဖွဲ့တိုင်းဟာ နောက်ကွယ်ကနေ ထောက်ပံ့ပေးမယ့် နည်းပညာ တစ်ယောက်တော့ လိုအပ်ကြပါတယ်။ Peacemaker ကို ထိန်းချုပ်ရမယ့် အဖွဲ့ထဲမှာတော့ John Economos ဟာ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူရမှာ ဖြစ်ပြီး သူကတော့ ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက် မဟုတ်ဘဲ Live Action ထဲမှာ ထည့်သွင်းဖို့သက်သက် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

(5) Adebayo
photo via screenrant

Leota Adebayo ကတော့ ဒီအဖွဲ့ထဲမှာ ပါဝင်လာမယ့် အဖွဲ့ဝင်သစ် တစ်ယောက် ဖြစ်ပါတယ်။ ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေအရ ဆိုရင်တော့ သူမဟာ လက်တွေ့ကွင်းဆင်းမှုမှာ အတွေ့အကြုံရှိသေးပုံ မရဘဲ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။ Peacemaker ကတော့ သူမကို အတွေ့အကြုံတွေရအောင် သင်ပေးသွားမှာ ဖြစ်ပါတယ်။

(6) Peacemaker ရဲ့ ပထမဆုံးပစ်မှတ်
photo via screenrant

Peacemaker ရဲ့ ပထမဆုံးပစ်မှတ်ကတော့ အမေရိကန်နိုင်ငံရဲ့ လွှတ်တော်အမတ်တစ်ယောက်ဖြစ်သူ Royland Goff ပဲ ဖြစ်ပါတယ်။ Goff ကလည်း ကောမစ်ထဲက ဇာတ်ကောင်မဟုတ်ဘဲ ဒီဇာတ်လမ်းတွဲအတွက် ဖန်တီးထားသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Amanda Waller ဟာ သူ့ကို ဘာကြောင့် ပစ်မှတ်ထားတာလည်း ဆိုတာကို မသိရသေးပါဘူး။ ဒီဇာတ်လမ်းတွဲထဲကတော့ အပိုင်းသုံးရဲ့ နာမည်ကတော့ “Better Goff Dead” ဖြစ်တာကြောင့် Peacemaker ဟာ ဒီလွှတ်တော်အမတ်ကို သတ်ဖို့အတွက် အနည်းဆုံးသုံးပိုင်းလောက် ကြာမြင့်မှာ ဖြစ်ပါတယ်။

(7) ဖခင်ဆီကို အလည်သွားခဲ့တဲ့ Peacemaker
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Peacemaker ရဲ့ Origin ကို မြင်တွေ့သွားရမှာ ဖြစ်ပြီး ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သူဟာ သူ့ရဲ့ဖခင်ဆီကို အလည်သွားရောက်ခဲ့ပါတယ်။ Peacemaker ရဲ့ဖခင်ကတော့ သူ့ကိုသိပ်ပြီး သဘောကျပုံမရပါဘူး။ နောက်ထပ်ဇာတ်ဝင်ခန်းတွေထဲမှာတော့ Peacemaker ဟာ သူ့ရဲ့ကားနဲ့ သိမ်းငှက်တို့ကို သူ့အဖေဆီက ရရှိခဲ့တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

(8) Judomaster
photo via screenrant

Judomaster ကတော့ ဒီဇာတ်လမ်းတွဲထဲက အထူးဆန်းဆုံး ဇာတ်ကောင်တစ်ယောက်လို့တော့ ပြောလို့ရပါတယ်။ သူကတော့ ကိုယ်ခံပညာကို ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး Peacemaker နဲ့လည်း တစ်နည်းနည်းနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ပြောပါတယ်။ ကောမစ်ထဲမှာတော့ Judomaster နဲ့ ဆင်တူတဲ့ ဇာတ်ကောင်တွေ ရှိပြီး များသောအားဖြင့်တော့ သူတို့တွေဟာ ဟီးရိုးတွေ ဖြစ်ကြသလို တစ်ယောက်ဆိုရင် Justice Society of America အဖွဲ့ဝင်တောင် ဖြစ်ခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Peacemaker ဟာ အမေရိကန်လွှတ်တော်အမတ်တစ်ယောက်ကို သတ်ဖို့ကြိုးစားမှာ ဖြစ်တာကြောင့် ဟီးရိုးတစ်ချို့ကလည်း သူ့ကိုတားဆီးဖို့ ကြိုးစားသွားမယ်လို့ ယူဆရပါတယ်။ ဒါကြောင့်ပဲ သူဟာ ဒီဇာတ်လမ်းတွဲထဲမှာ အဓိကကျတဲ့နေရာက ပါဝင်လာမှာဖြစ်ပြီး ဘယ်လိုနေရာမှာ ပါဝင်လာမယ် ဆိုတာတော့ မသေချာသေးပါဘူး။

(9) Superhero Landing မလုပ်နိုင်တဲ့ Peacemaker
photo via screenrant

အခုနောက်ပိုင်းမှာ ထွက်လာတဲ့ ရုပ်ရှင်တွေအများစုမှာတော့ စူပါဟီးရိုးတွေတင်မကဘဲ ဇာတ်ကောင်တွေဟာ အမြင့်ကနေ ခုန်ချလိုက်ရင် လှလှပပပဲ Superhero Landing ပြုလုပ်လေ့ ရှိပါတယ်။ ဒါကြောင့်ပဲ Deadpool လိုမျိူး တစ်ခြားရုပ်ရှင်တွေကို လှောင်ပြောင်တဲ့ ရုပ်ရှင်တွေမှာတော့ ဒီအချက်ကို ဟာသပြုလုပ်လေ့ရှိပါတယ်။ ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Peacemaker ဟာ တိုက်ပေါ်ကနေ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျလာပြီး Superhero Landing ကို မပြုလုပ်နိုင်ခဲ့ပါဘူး။

(10) အလဲထိုးခံလိုက်ရတဲ့ Peacemaker
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Peacemaker ဟာ အမျိူးသမီးတစ်ယောက်နဲ့ တိုက်ခိုက်နေတာကို တွေ့ခဲ့ရပြီး အဲ့ဒီအမျိူးသမီးဟာ Peacemaker ကို လွယ်လွယ်ကူကူပဲ အနိုင်ယူခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ သူတို့နှစ်ယောက်လုံးက အဝတ်အစားတွေ မပါတာကြောင့် ဒီတိုက်ပွဲဟာ Sex Scene အပြီးမှာ ဖြစ်တာလို့ ယူဆရပါတယ်။ လောလောဆယ်မှာတော့ ဒီအမျိူးသမီးဟာ ဘယ်သူလည်း ဘယ်လိုနေရာမှာ ပါဝင်လာမှာလည်း ဆိုတာတော့ မသိရသေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular