HomeEntertainmentFilmPeaky Blinders စီးရီးနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Peaky Blinders စီးရီးနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Peaky Blinders စီးရီးဟာ အခုနောက်ပိုင်းမှာ တော်တော်လေးကို လူကြိုက်များလာပါတယ်။ IMDb 8.8 တောင်ရရှိထားတဲ့ စီးရီးတစ်ခုဖြစ်လို့ လူကြိုက်များတာက ဆန်းတော့မဆန်းပါဘူး။ ဂိုက်ဆိုက်အပြည့်နဲ့ ဘာမင်ဂမ်မြို့က Shelby ညီအစ်ကိုတွေကို ကြည့်ပြီး ဇာတ်လမ်းကို အသည်းစွဲ ဖြစ်သွားသူတွေအတွက် စီးရီးရဲ့နောက်ကွယ်က လူသိပ်မသိသေးတဲ့ အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

John Shelby နဲ့ Michael Gray တို့ဟာ အပြင်မှာ ညီအစ်ကိုတွေပါ။
photo via screenrant

John Shelby နဲ့ Michael Gray တို့က ဇာတ်လမ်းထဲမှာ ဝမ်းကွဲညီအကိုတွေအဖြစ် သရုပ်ဆောင်ခဲ့ကြသလို အပြင်ဘဝမှာလည်း တကယ့် ညီအစ်ကိုအရင်းတွေ ဖြစ်ကြပါတယ်။ အပြင်က တကယ့်ဘဝမှာ John ရဲ့ နာမည်က Joe Cole ဖြစ်ပြီး Michael ရဲ့နာမည်ကတော့ Fin Cole ဖြစ်ပါတယ်။ Joe ဟာ အစ်ကိုကြီးဖြစ်ပြီး ၁၉၈၈ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့မှာ မွေးဖွားလို့ အသက်(၃၁)နှစ်ရှိပြီဖြစ်ပြီး Fin ကတော့ ၁၉၉၅ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့မှာ မွေးဖွားလို့ အသက်(၂၄)နှစ် ရှိပါပြီ။

Alfie Solomons နဲ့ May Carleton တို့က အပြင်မှာ လက်ထပ်ထားကြတာပါ။
photo via screenrant

ဇာတ်လမ်းထဲက ဂျူးဂိုဏ်းခေါင်းဆောင် Alfie နဲ့ ပြိုင်မြင်းတွေပိုင်တဲ့ လူချမ်းသာ အမျိုးသမီး May တို့ဟာ အပြင်လက်တွေ့ဘဝထဲမှာ လက်ထပ်ထားကြတာပါ။ သူတို့ရဲ့နာမည်အရင်းတွေကတော့ Tom Hardy နဲ့ Charlotte Riley တို့ ဖြစ်ကြပြီးတော့ ၂၀၀၉ ခုနှစ်မှာ Wuthering Heights ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်ရိုက်တဲ့ ရိုက်ကွင်းမှာ စတွေ့ခဲ့ကြပါတယ်။ အဲ့ဒီ့မတိုင်ခင်က Tom Hardy က Sarah Ward လို့ခေါ်တဲ့ အမျိုးသမီးနဲ့ လက်ထပ်ထားခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ Tom နဲ့ Charlotte တို့ လက်ထပ်ခဲ့ကြတာကတော့ ၂၀၁၄ ခုနှစ်မှာပါ။

တကယ့်အပြင်က Peaky Blinders ဂိုဏ်းဟာ ဘာမင်ဂမ်မြို့က  အကြီးဆုံးဂိုဏ်းတော့ မဟုတ်ခဲ့ပါဘူး။
photo via screenrant

ဇာတ်လမ်းထဲမှာဆိုရင် ၁၉၂၀ နောက်ပိုင်း ဘာမင်ဂမ်မြို့မှာရှိတဲ့ အကြီးဆုံးဂိုဏ်းက Peaky Blinders ဖြစ်ပြီးတော့ Thomas Shelby နဲ့ သူ့ရဲ့မိသားစုဟာ တစ်မြို့လုံးမှာ အာဏာအရှိဆုံးဆိုတဲ့ ပုံစံကို ပြထားပါတယ်။ ဒါပေမဲ့ တကယ့်အပြင်မှာတော့ အဲ့လိုမဟုတ်ပါဘူး။ Peaky Blinders တွေဟာ ၁၈၉၀ပြည့်နှစ်များအတွင်းမှာတော့ အတိုင်းအတာတစ်ခုလောက်ထိ အောင်မြင်ခဲ့ကြပေမယ့် ၁၉၂၀ပြည့်နှစ် နောက်ပိုင်းတွေမှာဆိုရင်တော့ The Birmingham Gang ဆိုတဲ့ ဂိုဏ်းကသာ မြို့မှာ အာဏာအကြီးဆုံး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ Peaky Blinders တွေက ရှိနေသေးပေမယ့် ဇာတ်လမ်းထဲမှာ ပြထားသလိုမျိုးတော့ ပါဝါမရှိခဲ့ကြပါဘူး။

Cillian Murphy ဟာ season တစ်ခုမှာ ဆေးလိပ်ပေါင်း  အလိပ် ၃၀၀၀ သောက်ခဲ့ပါတယ်။
photo via imdb

ကျွန်တော်တို့သိတဲ့ Tommy ဟာ ဆေးလိပ်ကို မီးခိုးခေါင်းတိုင်လို သောက်တဲ့သူပါ။ Tommy နေရာမှာ သရုပ်ဆောင်ရတဲ့ Cillian Murphy ကတော့ အဲ့လောက်များတဲ့ ဆေးလိပ်တွေကို မသောက်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ ကာရိုက်တာအရ သောက်ဖို့လိုအပ်လာတဲ့အချိန်မှာတော့ Cillian ဟာ နှင်းဆီအနံ့နဲ့ ဆေးဖက်ဝင်တဲ့အပင်တွေပါတဲ့ ဆေးလိပ်ကိုပဲ သောက်ခဲ့ပါတယ်။

သူသောက်တဲ့ ဆေးလိပ်က ပုံမှန်ဆေးရွက်ကြီးတွေပါတဲ့ ဆေးလိပ်မဟုတ်ဘဲ ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေ ပေးတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ လုပ်ထားတဲ့ ဆေးလိပ်ဖြစ်ပါတယ်။ တစ်ခါမှာတော့ season တစ်ခုမှာ ဆေးလိပ် ဘယ်နှလိပ်သောက်လည်းဆိုတာကို မှတ်ထားပေးပါလို့ ရုပ်ရှင်အဖွဲ့သားတွေကို မှာထားခဲ့ပါတယ်။ အဲ့ဒီ့အခါ Cillian သောက်ခဲ့တဲ့ဆေးလိပ်စုစုပေါင်းကတော့ season တစ်ခုကို ဆေးလိပ် သုံးထောင်ဝန်းကျင် ရှိတယ်လို့ အဖြေထွက်လာပါတော့တယ်။

Cillian Murphy က Tommy Shelby ရဲ့ ဆံပင်ပုံစံကို မုန်းပါတယ်။
photo via screenrant

ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်ကစပြီး  Tommy ရဲ့ ဆံပင်ပုံစံက လူငယ်တွေကြားထဲမှာ ရေပန်းစားလာပါတယ်။ တဖြည်းဖြည်းနဲ့  Tommy ရဲ့ဆံပင်ပုံစံက ဖက်ရှင်လောကမှာ လုံးဝကို ပြယုဂ် တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ ဒါဟာ Friends ဇာတ်လမ်းတွဲထဲက Rachel Green ရဲ့ ဆံပင်ပုံစံ ခေတ်စားပြီးနောက်ပိုင်းတည်းက hair style တွေအပေါ် အလွှမ်းမိုးနိုင်ဆုံးသော TV ကာရိုက်တာ ဖြစ်လာခဲ့တာပါ။

Cillian Murphy ဟာ လမ်းသွားရင်းနဲ့ သူ့ရဲ့ပရိသတ်တွေကို တွေ့တဲ့အခါမှာလည်းTommy ရဲ့ဆံပင်ပုံစံလိုမျိုး လိုက်ပြီး အတုယူထားတာကို ခဏခဏတွေ့နေရပေမယ့် သူကိုယ်တိုင်ကတော့ အဲ့ဒီ့ဆံပင်ပုံစံကို မုန်းတယ်လို့ ဆိုထားပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Peaky Blinders စီးရီးဟာ အခုေနာက္ပိုင္းမွာ ေတာ္ေတာ္ေလးကို လူႀကိဳက္မ်ားလာပါတယ္။ IMDb 8.8 ေတာင္ရရွိထားတဲ့ စီးရီးတစ္ခုျဖစ္လို႔ လူႀကိဳက္မ်ားတာက ဆန္းေတာ့မဆန္းပါဘူး။ ဂိုက္ဆိုက္အျပည့္နဲ႔ ဘာမင္ဂမ္ၿမိဳ႕က Shelby ညီအစ္ကိုေတြကို ၾကည့္ၿပီး ဇာတ္လမ္းကို အသည္းစြဲ ျဖစ္သြားသူေတြအတြက္ စီးရီးရဲ႕ေနာက္ကြယ္က လူသိပ္မသိေသးတဲ့ အခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

John Shelby နဲ႔ Michael Gray တို႔ဟာ အျပင္မွာ ညီအစ္ကိုေတြပါ။

John Shelby နဲ႔ Michael Gray တို႔က ဇာတ္လမ္းထဲမွာ ဝမ္းကြဲညီအကိုေတြအျဖစ္ သ႐ုပ္ေဆာင္ခဲ့ၾကသလို အျပင္ဘဝမွာလည္း တကယ့္ ညီအစ္ကိုအရင္းေတြ ျဖစ္ၾကပါတယ္။ အျပင္က တကယ့္ဘဝမွာ John ရဲ႕ နာမည္က Joe Cole ျဖစ္ၿပီး Michael ရဲ႕နာမည္ကေတာ့ Fin Cole ျဖစ္ပါတယ္။ Joe ဟာ အစ္ကိုႀကီးျဖစ္ၿပီး ၁၉၈၈ခုႏွစ္ ႏိုဝင္ဘာလ(၂၈)ရက္ေန႔မွာ ေမြးဖြားလို႔ အသက္(၃၁)ႏွစ္ရွိၿပီျဖစ္ၿပီး Fin ကေတာ့ ၁၉၉၅ခုႏွစ္ ႏိုဝင္ဘာလ(၉)ရက္ေန႔မွာ ေမြးဖြားလို႔ အသက္(၂၄)ႏွစ္ ရွိပါၿပီ။

Alfie Solomons နဲ႔ May Carleton တို႔က အျပင္မွာ လက္ထပ္ထားၾကတာပါ။

ဇာတ္လမ္းထဲက ဂ်ဴးဂိုဏ္းေခါင္းေဆာင္ Alfie နဲ႔ ၿပိဳင္ျမင္းေတြပိုင္တဲ့ လူခ်မ္းသာ အမ်ိဳးသမီး May တို႔ဟာ အျပင္လက္ေတြ႕ဘဝထဲမွာ လက္ထပ္ထားၾကတာပါ။ သူတို႔ရဲ႕နာမည္အရင္းေတြကေတာ့ Tom Hardy နဲ႔ Charlotte Riley တို႔ ျဖစ္ၾကၿပီးေတာ့ ၂၀၀၉ ခုႏွစ္မွာ Wuthering Heights ဝတၳဳကို ႐ုပ္ရွင္အျဖစ္ ျပန္႐ိုက္တဲ့ ႐ိုက္ကြင္းမွာ စေတြ႕ခဲ့ၾကပါတယ္။ အဲ့ဒီ့မတိုင္ခင္က Tom Hardy က Sarah Ward လို႔ေခၚတဲ့ အမ်ိဳးသမီးနဲ႔ လက္ထပ္ထားခဲ့ၿပီး ၂၀၀၄ ခုႏွစ္မွာ ကြာရွင္းခဲ့တာ ျဖစ္ပါတယ္။ Tom နဲ႔ Charlotte တို႔ လက္ထပ္ခဲ့ၾကတာကေတာ့ ၂၀၁၄ ခုႏွစ္မွာပါ။

တကယ့္အျပင္က Peaky Blinders ဂိုဏ္းဟာ ဘာမင္ဂမ္ၿမိဳ႕က  အႀကီးဆုံးဂိုဏ္းေတာ့ မဟုတ္ခဲ့ပါဘူး။

ဇာတ္လမ္းထဲမွာဆိုရင္ ၁၉၂၀ ေနာက္ပိုင္း ဘာမင္ဂမ္ၿမိဳ႕မွာရွိတဲ့ အႀကီးဆုံးဂိုဏ္းက Peaky Blinders ျဖစ္ၿပီးေတာ့ Thomas Shelby နဲ႔ သူ႔ရဲ႕မိသားစုဟာ တစ္ၿမိဳ႕လုံးမွာ အာဏာအရွိဆုံးဆိုတဲ့ ပုံစံကို ျပထားပါတယ္။ ဒါေပမဲ့ တကယ့္အျပင္မွာေတာ့ အဲ့လိုမဟုတ္ပါဘူး။ Peaky Blinders ေတြဟာ ၁၈၉၀ျပည့္ႏွစ္မ်ားအတြင္းမွာေတာ့ အတိုင္းအတာတစ္ခုေလာက္ထိ ေအာင္ျမင္ခဲ့ၾကေပမယ့္ ၁၉၂၀ျပည့္ႏွစ္ ေနာက္ပိုင္းေတြမွာဆိုရင္ေတာ့ The Birmingham Gang ဆိုတဲ့ ဂိုဏ္းကသာ ၿမိဳ႕မွာ အာဏာအႀကီးဆုံး ျဖစ္ခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္မွာ Peaky Blinders ေတြက ရွိေနေသးေပမယ့္ ဇာတ္လမ္းထဲမွာ ျပထားသလိုမ်ိဳးေတာ့ ပါဝါမရွိခဲ့ၾကပါဘူး။

Cillian Murphy ဟာ season တစ္ခုမွာ ေဆးလိပ္ေပါင္း  အလိပ္ ၃၀၀၀ ေသာက္ခဲ့ပါတယ္။

ကြၽန္ေတာ္တို႔သိတဲ့ Tommy ဟာ ေဆးလိပ္ကို မီးခိုးေခါင္းတိုင္လို ေသာက္တဲ့သူပါ။ Tommy ေနရာမွာ သ႐ုပ္ေဆာင္ရတဲ့ Cillian Murphy ကေတာ့ အဲ့ေလာက္မ်ားတဲ့ ေဆးလိပ္ေတြကို မေသာက္ခ်င္ခဲ့ပါဘူး။ ဒါေပမဲ့ ကာ႐ိုက္တာအရ ေသာက္ဖို႔လိုအပ္လာတဲ့အခ်ိန္မွာေတာ့ Cillian ဟာ ႏွင္းဆီအနံ႔နဲ႔ ေဆးဖက္ဝင္တဲ့အပင္ေတြပါတဲ့ ေဆးလိပ္ကိုပဲ ေသာက္ခဲ့ပါတယ္။

သူေသာက္တဲ့ ေဆးလိပ္က ပုံမွန္ေဆး႐ြက္ႀကီးေတြပါတဲ့ ေဆးလိပ္မဟုတ္ဘဲ ခႏၶာကိုယ္ကို အာဟာရဓာတ္ေတြ ေပးတဲ့ ေဆးဖက္ဝင္အပင္ေတြနဲ႔ လုပ္ထားတဲ့ ေဆးလိပ္ျဖစ္ပါတယ္။ တစ္ခါမွာေတာ့ season တစ္ခုမွာ ေဆးလိပ္ ဘယ္ႏွလိပ္ေသာက္လည္းဆိုတာကို မွတ္ထားေပးပါလို႔ ႐ုပ္ရွင္အဖြဲ႕သားေတြကို မွာထားခဲ့ပါတယ္။ အဲ့ဒီ့အခါ Cillian ေသာက္ခဲ့တဲ့ေဆးလိပ္စုစုေပါင္းကေတာ့ season တစ္ခုကို ေဆးလိပ္ သုံးေထာင္ဝန္းက်င္ ရွိတယ္လို႔ အေျဖထြက္လာပါေတာ့တယ္။

Cillian Murphy က Tommy Shelby ရဲ႕ ဆံပင္ပုံစံကို မုန္းပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္ကစၿပီး  Tommy ရဲ႕ ဆံပင္ပုံစံက လူငယ္ေတြၾကားထဲမွာ ေရပန္းစားလာပါတယ္။ တျဖည္းျဖည္းနဲ႔  Tommy ရဲ႕ဆံပင္ပုံစံက ဖက္ရွင္ေလာကမွာ လုံးဝကို ျပယုဂ္ တစ္ခုလို ျဖစ္လာခဲ့ပါတယ္။ ဒါဟာ Friends ဇာတ္လမ္းတြဲထဲက Rachel Green ရဲ႕ ဆံပင္ပုံစံ ေခတ္စားၿပီးေနာက္ပိုင္းတည္းက hair style ေတြအေပၚ အလႊမ္းမိုးႏိုင္ဆုံးေသာ TV ကာ႐ိုက္တာ ျဖစ္လာခဲ့တာပါ။

Cillian Murphy ဟာ လမ္းသြားရင္းနဲ႔ သူ႔ရဲ႕ပရိသတ္ေတြကို ေတြ႕တဲ့အခါမွာလည္းTommy ရဲ႕ဆံပင္ပုံစံလိုမ်ိဳး လိုက္ၿပီး အတုယူထားတာကို ခဏခဏေတြ႕ေနရေပမယ့္ သူကိုယ္တိုင္ကေတာ့ အဲ့ဒီ့ဆံပင္ပုံစံကို မုန္းတယ္လို႔ ဆိုထားပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular