HomeEntertainmentFilmPeaky Blinders Season 6 ဟာ အလွန် Dark ဖြစ်လိမ့်မယ်လို့ ပြောလာတဲ့ Cillian Murphy

Peaky Blinders Season 6 ဟာ အလွန် Dark ဖြစ်လိမ့်မယ်လို့ ပြောလာတဲ့ Cillian Murphy

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Peaky Blinders Season 6 ဟာ အလွန် Dark ဖြစ်လိမ့်မယ်လို့ Thomas Shelby နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Cillian Murphy က ပြောပြလိုက်ပါတယ်။

Peaky Blinders ဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်က စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.8) ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ မကြာခင်မှာ အသစ်ထွက်ရှိလာမယ့် Season 6 ကတော့ ဇာတ်သိမ်းပဲ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲ ပြီးသွားရင်တော့ ရုပ်ရှင်တစ်ကား ထပ်မံထွက်ရှိလာဦးမယ်လို့လည်း သိရပါတယ်။

photo via screenrant

Peaky Blinders ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Thomas Shelby ကတော့ စစ်သားဟောင်းတစ်ယောက် ဖြစ်ပြီး ပထမကမ္ဘာစစ် ပြီးဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့ဂိုဏ်းကို တဖြည်းဖြည်းနဲ့ ကြီးမားလာအောင် ပြုလုပ်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ဇာတ်လမ်းတလျှောက်မှာတော့ သူဟာ ဒီဂိုဏ်းကို ကြီးမားအောင် ပြုလုပ်နေရင်းနဲ့ အခက်အခဲမျိူးစုံနဲ့ ကြုံတွေ့ခဲ့ရပြီး  နာကျင်မှုတွေများစွာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

Thomas နေရာမှာ သရုပ်ဆောင်ထားတဲ့ Cillian Murphy ကတော့ Esquire သတင်းဌာနနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးမှာ နောက်ဆုံး Season က လူတွေထင်ထားတာထက် ပိုပြီး Dark ဖြစ်တယ်လို့ ပြောပြသွားတာ ဖြစ်ပါတယ်။ သူကိုယ်တိုင်က ဒီဇာတ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ထိုက်တန်တဲ့ ဇာတ်သိမ်း ဖြစ်ပါ့မလားဆိုတာ သေချာမသိပေမယ့်လည်း ဒီဇာတ်လမ်းတွဲကို ဖန်တီးထားတဲ့ Steven Knight ကို ယုံကြည်ပါတယ်လို့လည်း ပြောသွားပါတယ်။

“Steven က Thomas ကို သူလုပ်ခဲ့တဲ့ အမှားတွေအတွက် ပြန်ပေးဆပ်ခိုင်းမယ်လို့ ထင်တယ်ဗျ။ ဒီလိုအမြင်မှန် ရလာဖို့အတွက် အမှားတွေ အများကြီး ပြုလုပ်ရင်းနဲ့ပေါ့။ ဒါကတော့ ပရိသတ်တွေရဲ့ အမြင်ပေါ့ဗျာ။ Thomas က သူ့အပြစ်တွေအတွက် ပေးဆပ်ရမလား ဆိုတာတော့ ကျွန်တော်လည်း သေချာမသိပါဘူး … “

photo via screenrant

နောက်ဆုံး Season ဟာ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း ယခုလထဲမှာပဲ BBC ရုပ်သံလိုင်းက  ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ ပြီးဆုံးသွားရင်တောင်မှ ရှိုးရဲ့ဖန်တီးသူ ဖြစ်တဲ့ Steven Knight ဟာ နောက်ထပ် ရုပ်ရှင်တစ်ကား ထွက်ရှိလာဦးမယ်လို့ အတည်ပြုထားပါသေးတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကိုတော့ သေချာမသိရသေးပါဘူး။ ဒါ့အပြင် အဲ့ဒီရုပ်ရှင်ကမှ ဒီဇာတ်လမ်းရဲ့ တကယ့် အဆုံးသတ် ဖြစ်လိမ့်မယ်လို့လည်း ပြောထားပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular