HomeEntertainmentFilmအပိုင်း (၈)ပိုင်း ပါဝင်သွားမယ့် Penguin Spin-Off ဇာတ်လမ်းတွဲ

အပိုင်း (၈)ပိုင်း ပါဝင်သွားမယ့် Penguin Spin-Off ဇာတ်လမ်းတွဲ

ဒါရိုက်တာ Matt Reeves ရဲ့ အသစ်ထွက်လာမယ့် Penguin ဇာတ်လမ်းတွဲကတော့ အပိုင်း (၈)ပိုင်း ပါဝင်လာမယ်လို့ သရုပ်ဆောင် Colin Farrell က ပြောခဲ့ပါတယ်။ သရုပ်ဆောင် Colin Farrell ကတော့ The Batman ရုပ်ရှင်ထဲမှာ Penguin ဇာတ်ကောင်အနေနဲ့ စတင်ပါဝင်ခဲ့ပြီး သူ့ရဲ့မူလရုပ်ကို မမှတ်မိလောက်အောင် ပြောင်းလဲထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Penguin ဇာတ်ကောင်ကတော့ The Batman ရုပ်ရှင်ထဲက အခြားဇာတ်ကောင်တွေလိုပဲ အစောပိုင်းဗားရှင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။

photo via screenrant

The Batman ရုပ်ရှင်ထဲမှာတော့ ဒုစရိုက်ခေါင်းဆောင် Carmine Falcone အသတ်ခံလိုက်ရတာကြောင့် အဲဒီလစ်ဟာသွားတဲ့ နေရာကို Penguin က ဘယ်လိုအရယူသွားမလည်း ဆိုတာကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ The Batman ရုပ်ရှင်အပြီးမှာ ဇာတ်အိမ်တည်သွားမှာ ဖြစ်ပြီး အသစ်ထွက်ရှိလာမယ့် The Batman Part 2 ကတော့ Penguin ဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားတယ်လို့ သိရပါတယ်။

Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ သရုပ်ဆောင် Colin Farrell က ဒီဇာတ်လမ်းတွဲထဲမှာ အပိုင်း (၈)ပိုင်း ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ The Batman ရုပ်ရှင်အပြီး တစ်ပတ်အကြာမှာ ဇာတ်အိမ်တည်ထားတယ်လို့လည်း ဆိုပါတယ်။

“Oz က လစ်ဟာသွားတဲ့ Falcone နေရာမှာ အစားထိုးပြီး ဘယ်လိုမျိူး ဩဇာအာဏာ ကြီးလာတယ် ဆိုတာကို အပိုင်း (၈)ပိုင်းနဲ့ မြင်တွေ့ရမှာပါ။”

photo via screenrant

The Batman ရုပ်ရှင်ကတော့ Dark Tone တွေကို အသုံးပြုခဲ့ပေမယ့် ကြမ်းတမ်းလွန်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဆဲဆိုတာတွေ မပါဝင်ခဲ့တာကြောင့် PG-13 သာ ဖြစ်ခဲ့ပေမယ့် Penguin ဇာတ်လမ်းတွဲကတော့ R-Rated ဖြစ်သွားနိုင်ချေ ရှိပါတယ်လို့လည်း ဆိုပါတယ်။ Penguin ဇာတ်လမ်းတွဲကသာ တကယ်ပဲ R-Rated အဖြစ်နဲ့ ဖန်တီးသွားမယ် ဆိုရင်တော့ The Batman ရုပ်ရှင်ထက်ပိုပြီး Gotham မြို့ရဲ့ Dark ဖြစ်တဲ့ အကြောင်းတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular