HomeEntertainmentFilmR-Rated အနေနဲ့ ထွက်ရှိလာနိုင်တဲ့ Batman ရုပ်ရှင်ရဲ့ Penguin Spin-Off ဇာတ်လမ်းတွဲ

R-Rated အနေနဲ့ ထွက်ရှိလာနိုင်တဲ့ Batman ရုပ်ရှင်ရဲ့ Penguin Spin-Off ဇာတ်လမ်းတွဲ

အသစ်ထွက်ရှိလာမယ့် The Batman ရုပ်ရှင်ထဲမှာ Penguin အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ Colin Farrell ကတော့ The Batman ရုပ်ရှင်ရဲ့ Spin-Off အနေနဲ့ ထွက်ရှိလာမယ့် Penguin ဇာတ်လမ်းတွဲဟာ R-Rated အနေနဲ့ ထွက်ရှိလာနိုင်တယ်လို့ ပြောထားပါတယ်။ The Batman ရုပ်ရှင်ကတော့ မတ်လ (၃)ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်ပြီး Bruce Wayne ရဲ့ Batman ဖြစ်ခါစအချိန်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

The Batman ရုပ်ရှင်ရဲ့ အဓိကဗီလိန်ကတော့ Riddler ပဲ ဖြစ်ပြီး Penguin ကတော့ အနည်းငယ်ပဲ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Colin Farrell ရဲ့ ဒီဇာတ်ကောင်အတွက် ပြောင်းလဲထားမှုဟာ သူ့ကို မမှတ်မိစေနိုင်လောက်တဲ့ အခြေအနေ ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ပိုပြီးရေပန်းစားနေပါတယ်။ Penguin ရဲ့ Spin-Off ဇာတ်လမ်းတွဲကတော့ HBO Max ကနေ ပြသသွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတာ မသိရသေးပါဘူး။

Rotten Tomatoes နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Colin Farrell ဟာ Penguin ဇာတ်ကောင်က The Batman ရုပ်ရှင်ထဲမှာ ဘယ်လို ပါဝင်ထားပြီး ဒီရုပ်ရှင်က Penguin Spin-Off ဇာတ်လမ်းတွဲကို ဘယ်လို Setup ပြုလုပ်သွားမလည်းဆိုတာ ပြောပြခဲ့ပါတယ်။

“ဒီရုပ်ရှင်ကတော့ Penguin အတွက် အစပိုင်းပဲ ရှိသေးတာဗျ။ သူ့ရဲ့ ရည်မှန်းချက်တွေ၊ ရက်စက်မှုတွေနဲ့ ဟာသဆန်တဲ့ ပုံစံတွေကို သေချာမြင်ရဦးမှာ မဟုတ်ပါဘူး။ Spin-Off ဇာတ်လမ်းတွဲကိုတော့ R-Rated ဗားရှင်းနဲ့ ဖန်တီးလို့ ရနိုင်တယ်လို့ ကြားပါတယ်။ ဒါဆိုရင်တော့ ဒီဇာတ်ကောင်ရဲ့ အရာအားလုံးကို ကျွန်တော်တို့တွေ သေချာဖန်တီးလို့ ရမှာပါ … “

photo via screenrant

The Batman ရုပ်ရှင်ကတော့ စူပါဟီးရိုး ရုပ်ရှင်အများစုရဲ့ ထုံးစံအတိုင်း Rating မှာ PG-13 ပဲ ရရှိထားပါတယ်။ ဒါရိုက်တာဖြစ်သူ Matt Reeves ကတော့ ဒီရုပ်ရှင်ကို ဖြစ်နိုင်သမျှ လူများများ ကြည့်ရှုစေချင်တာကြောင့် R-Rated မဖြစ်အောင် ဖန်တီးထားတာလို့လည်း ပြောထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Penguin ရဲ့ Spin-Off ဇာတ်လမ်းတွဲကိုတော့ R-Rated အနေနဲ့ ကြည့်ရှုရမယ်ဆိုရင် DCEU ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular