HomeEntertainmentFilm(၇)ရက်တည်းနဲ့ လူနှစ်သန်းကျော် ရုံဝင်ခဲ့တဲ့ Train to Busan ရဲ့အဆက် Peninsula 

(၇)ရက်တည်းနဲ့ လူနှစ်သန်းကျော် ရုံဝင်ခဲ့တဲ့ Train to Busan ရဲ့အဆက် Peninsula 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေရော နိုင်ငံတကာ ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့ကြတဲ့ Train to Busan ရုပ်ရှင်ဇာတ်ကားရဲ့အဆက် Peninsula ရုပ်ရှင်ဟာ အရေးပါတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ပါပြီ။

ကိုရီးယားရုပ်ရှင်ကောင်စီရဲ့ အဆိုအရ Peninsula ရုပ်ရှင်ဟာ ဇူလိုင်လ(၂၁)ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လယ်(၂)နာရီအချိန်အထိ လာရောက်ကြည့်ရှုသူပေါင်း (၂)သန်းကျော်သွားပြီလို့ သိရပါတယ်။ ဒါဟာ ရုံတင်ရက် ခုနှစ်ရက်တည်းနဲ့ ရရှိလာတဲ့ ကြည့်ရှုနှုန်းစံချိန်ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်သမိုင်းမှာ ကနဦးကြည့်ရှုသူအများဆုံး စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ Ode to My Father ရုပ်ရှင်ရဲ့ လူတစ်သန်း ရုံဝင်ခဲ့တဲ့စံချိန်ကိုလည်း လေးရက်တည်းနဲ့ ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo: soompi

ကိုဗစ်ကပ်ရောဂါကာလမှာ နိုင်ငံအများအပြားက ရုပ်ရှင်ရုံပေါင်းများစွာဟာ ပိတ်ထားခဲ့ရတာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာမှုကြောင့် ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖွင့်ချင်းမှာတင် ဒီလိုရလဒ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဖေဖော်ဝါရီလနောက်ပိုင်းတည်းက အထိနာနေခဲ့တဲ့ ရုပ်ရှင်လောကကို ပြန်လည်ဦးမော့စေမယ့် ရလဒ်တစ်ခုဖြစ်ပြီး ကိုဗစ်စဖြစ်တည်းက ပထမဆုံးရုံတင်ရက်မှာ လူအများဆုံးဝင်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း ကိုရီးယားမှာ စံချိန်တင်ထားပါသေးတယ်။

ပရိသတ်တွေရဲ့ အားပေးမှုအပေါ် Peninsula ဇာတ်ကားမှာ ပါဝင်ကြိုးစားခဲ့ကြတဲ့ ဒါရိုက်တာ Yeong Sang Ho နဲ့တကွ သရုပ်ဆောင်များဖြစ်တဲ့ Kang Dong Won ၊ Lee Jung Hyun ၊ Kwon Hae Hyo ၊ Kim Min Jae ၊ Goo Gyo Hwan ၊ Kim Do Yoon ၊ Lee Re နဲ့ Lee Ye Won တို့ကလည်း ကျေးဇူးတင်စကား ပြောကြားထားပါသေးတယ်။

Photo via IMDb

Peninsula ရုပ်ရှင်ဟာ ပထမဇာတ်ကားဖြစ်တဲ့ Train to Busan ရဲ့ အဖြစ်အပျက်အပြီး လေးနှစ်အကြာ အချိန်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ကျွန်းဆွယ်တစ်ခုမှာ ကျန်ရှိနေသေးတဲ့ ဇွန်ဘီကောင်တွေနဲ့ အဲ့ဒီ့နေရာမှာ ရှိနေတဲ့ နိုင်ငံရဲ့အဖိုးတန်ပစ္စည်းတစ်ခုကို သွားရောက်ယူဆောင်ဖို့ အမိန့်ပေးခံရတဲ့ တပ်သားတစ်စုတို့ ထိပ်တိုက်တွေ့မယ့် ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

ဒီလို လူကြိုက်များနေတဲ့ ရုပ်ရှင်တစ်ကားကို မြန်မာ့ရုပ်ရှင်ပိတ်ကားတွေပေါ်မှာလည်း မကြာခင် ပြန်လည်ကြည့်ရှုခွင့် ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းရင်း … ။

LaNina

Source: soompi

(Zawgyi Version)

ျမန္မာပရိသတ္ေတြေရာ ႏိုင္ငံတကာ ပရိသတ္ေတြပါ အႀကိဳက္ေတြ႕ခဲ့ၾကတဲ့ Train to Busan ႐ုပ္ရွင္ဇာတ္ကားရဲ႕အဆက္ Peninsula ႐ုပ္ရွင္ဟာ အေရးပါတဲ့ မွတ္တိုင္တစ္ခုကို စိုက္ထူလိုက္ႏိုင္ပါၿပီ။

ကိုရီးယား႐ုပ္ရွင္ေကာင္စီရဲ႕ အဆိုအရ Peninsula ႐ုပ္ရွင္ဟာ ဇူလိုင္လ(၂၁)ရက္ေန႔ ကိုရီးယားစံေတာ္ခ်ိန္ ေန႔လယ္(၂)နာရီအခ်ိန္အထိ လာေရာက္ၾကည့္ရႈသူေပါင္း (၂)သန္းေက်ာ္သြားၿပီလို႔ သိရပါတယ္။ ဒါဟာ ႐ုံတင္ရက္ ခုႏွစ္ရက္တည္းနဲ႔ ရရွိလာတဲ့ ၾကည့္ရႈႏႈန္းစံခ်ိန္ျဖစ္ၿပီး ကိုရီးယားႏိုင္ငံရဲ႕ ႐ုပ္ရွင္သမိုင္းမွာ ကနဦးၾကည့္ရႈသူအမ်ားဆုံး စတုတၳေနရာမွာ ရပ္တည္ေနတဲ့ Ode to My Father ႐ုပ္ရွင္ရဲ႕ လူတစ္သန္း ႐ုံဝင္ခဲ့တဲ့စံခ်ိန္ကိုလည္း ေလးရက္တည္းနဲ႔ ေက်ာ္တက္သြားခဲ့တာ ျဖစ္ပါတယ္။

Photo: soompi

ကိုဗစ္ကပ္ေရာဂါကာလမွာ ႏိုင္ငံအမ်ားအျပားက ႐ုပ္ရွင္႐ုံေပါင္းမ်ားစြာဟာ ပိတ္ထားခဲ့ရတာျဖစ္ၿပီး ကိုရီးယားႏိုင္ငံရဲ႕ အေျခအေနေတြ ျပန္လည္ေကာင္းမြန္လာမႈေၾကာင့္ ႐ုပ္ရွင္႐ုံေတြ ျပန္ဖြင့္ဖြင့္ခ်င္းမွာတင္ ဒီလိုရလဒ္ကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ေဖေဖာ္ဝါရီလေနာက္ပိုင္းတည္းက အထိနာေနခဲ့တဲ့ ႐ုပ္ရွင္ေလာကကို ျပန္လည္ဦးေမာ့ေစမယ့္ ရလဒ္တစ္ခုျဖစ္ၿပီး ကိုဗစ္စျဖစ္တည္းက ပထမဆုံး႐ုံတင္ရက္မွာ လူအမ်ားဆုံးဝင္ခဲ့တဲ့ ႐ုပ္ရွင္အျဖစ္လည္း ကိုရီးယားမွာ စံခ်ိန္တင္ထားပါေသးတယ္။

ပရိသတ္ေတြရဲ႕ အားေပးမႈအေပၚ Peninsula ဇာတ္ကားမွာ ပါဝင္ႀကိဳးစားခဲ့ၾကတဲ့ ဒါ႐ိုက္တာ Yeong Sang Ho နဲ႔တကြ သ႐ုပ္ေဆာင္မ်ားျဖစ္တဲ့ Kang Dong Won ၊ Lee Jung Hyun ၊ Kwon Hae Hyo ၊ Kim Min Jae ၊ Goo Gyo Hwan ၊ Kim Do Yoon ၊ Lee Re နဲ႔ Lee Ye Won တို႔ကလည္း ေက်းဇူးတင္စကား ေျပာၾကားထားပါေသးတယ္။

Photo via IMDb

Peninsula ႐ုပ္ရွင္ဟာ ပထမဇာတ္ကားျဖစ္တဲ့ Train to Busan ရဲ႕ အျဖစ္အပ်က္အၿပီး ေလးႏွစ္အၾကာ အခ်ိန္မွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ ကိုရီးယားႏိုင္ငံရဲ႕ ကြၽန္းဆြယ္တစ္ခုမွာ က်န္ရွိေနေသးတဲ့ ဇြန္ဘီေကာင္ေတြနဲ႔ အဲ့ဒီ့ေနရာမွာ ရွိေနတဲ့ ႏိုင္ငံရဲ႕အဖိုးတန္ပစၥည္းတစ္ခုကို သြားေရာက္ယူေဆာင္ဖို႔ အမိန႔္ေပးခံရတဲ့ တပ္သားတစ္စုတို႔ ထိပ္တိုက္ေတြ႕မယ့္ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။

ဒီလို လူႀကိဳက္မ်ားေနတဲ့ ႐ုပ္ရွင္တစ္ကားကို ျမန္မာ့႐ုပ္ရွင္ပိတ္ကားေတြေပၚမွာလည္း မၾကာခင္ ျပန္လည္ၾကည့္ရႈခြင့္ ရရွိပါေစလို႔ ဆုမြန္ေကာင္းေတာင္းရင္း … ။

LaNina

Source: soompi

 

RELATED ARTICLES

Most Popular