HomeCharacterPennywise ရဲ့ You'll Float Too ဆိုတဲ့စကားဟာ ဘာကိုဆိုလိုတာလဲ?

Pennywise ရဲ့ You’ll Float Too ဆိုတဲ့စကားဟာ ဘာကိုဆိုလိုတာလဲ?

It ဝတ္ထုကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဆရာကြီး Stephen King ရဲ့ အအောင်မြင်ဆုံး ဝတ္ထုဇာတ်လမ်းတွေထဲမှာ ပါဝင်ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ဒီဇာတ်လမ်းကို Live Action စတင်ဖန်တီးခဲ့သလို ၂၀၁၇ ခုနှစ်မှာတော့ Part နှစ်ခုခွဲကာ Reboot ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲက Pennywise ကတော့ အလွန်ကြောက်ဖို့ကောင်းသလို You’ll Float Too ဆိုတဲ့ အထင်ကရ ဒိုင်ယာလော့ခ်တစ်ခုလည်း ပါဝင်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အဲဒီစကားရဲ့ ဆိုလိုရင်းကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီစကားရဲ့ အပြည့်အစုံကတော့ “They all float down here. You’ll float too.” ပဲ ဖြစ်ပြီး ဘာသာပြန်လိုက်ရင်တော့ “သူတို့အားလုံး ဒီအောက်မှာ လွင့်မျောနေကြပြီ။ မင်းလည်း လွင့်မျောလိမ့်မယ်” လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစကားရဲ့ အဓိကဆိုလိုရင်းကတော့ အခြေခံအားဖြင့် သေဆုံးလိမ့်မယ်လို့ ပြောတာပဲ ဖြစ်ပြီး ဝတ္ထုနဲ့ ရုပ်ရှင်ထဲမှာတော့ ဆိုလိုပုံချင်း အနည်းငယ် ကွာခြားပါတယ်။

Opening Chapter မှာတင် Georgie ဟာ Pennywise နဲ့ ဆုံမိတဲ့အချိန်မှာ ဒီဒိုင်ယာလော့ခ်ကို စတင်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ Loser Club ဟာ ရေဆိုးမြောင်းထဲက Pennywise ရဲ့ အသိုက်လို့ ပြောလို့ရတဲ့နေရာကို ရောက်ရှိသွားတဲ့အချိန်မှာ Pennywise ရဲ့ ပစ်မှတ်ဖြစ်တဲ့ ကလေးတွေများစွာရဲ့ အလောင်းတွေဟာ လေပေါ်မှာ လွင့်မျောနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်ထဲမှာတော့ “You’ll Float Too” ဆိုတဲ့ စကားဟာ တကယ်ကို လေပေါ်မှာ မျောလွင့်နေတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

photo via screenrant

ဝတ္ထုထဲမှာ‌တော့ ဒီဒိုင်ယာလော့ခ်ဟာ ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်ရဲ့ ဆိုလိုပုံနဲ့ အနည်းငယ် ကွာခြားသွားပါတယ်။ Pennywise ဟာ Derry မြို့ရဲ့ ရေဆိုးမြောင်းထဲမှာ နေထိုင်ပြီး သူ့သားကောင်တွေရဲ့ အလောင်းတွေကိုလည်း အဲဒီနေရာမှာပဲ ထားထားတာ ဖြစ်ပါတယ်။ ဝတ္ထုထဲမှာတော့ ဒီစကားဟာ ပို Evil ဆန်ပြီး သူ့ကြောင့် သေဆုံးသွားတဲ့ ကလေးတွေရဲ့ အလောင်းတွေဟာ ရေပေါ်မှာ ပေါလောပေါ်နေပြီး မျောနေတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular