HomeEntertainmentFilmဇာတ်ကောင်တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာတော့မယ့် The Penthouse Season 3 

ဇာတ်ကောင်တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာတော့မယ့် The Penthouse Season 3 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ The Penthouse Season 3 ဟာ ထုတ်လွှင့်ပြသဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။ ဒီအချိန်မှာပဲ ဇာတ်ကောင်တွေကြားထဲက တိုက်ပွဲတွေ ပြင်းထန်လာမှုကို အသစ်ထွက်ရှိလာတဲ့ teaser နဲ့ တွေ့ရှိလိုက်ရသလို သရုပ်ဆောင်တွေရဲ့ character preview ဗွီဒီယိုကြောင့်လည်း ပရိသတ်တွေ ပိုပြီးရင်ခုန်နေကြပါတယ်။

အသစ်ထွက်ရှိလာတဲ့ character preview ဗွီဒီယိုထဲမှာတော့ အဓိကဇာတ်ကောင် သုံးယောက်ဖြစ်တဲ့ Kim So Yeon ၊ Lee Ji Ah နဲ့ Eugene တို့ ပါဝင်ထားပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ ဇာတ်ကောင်သုံးယောက်လုံးဟာ သူတို့ရဲ့ ကလဲ့စားအတွက် ဘယ်လိုစီစဉ်ထားကြတဲ့အကြောင်း ကျုံးဝါးနေတာကို မြင်တွေ့ရမှာပါ။

“င့ါကို နင့်စိတ်ကြိုက် ပိတ်လှောင်ထားလို့ရတယ် ထင်နေလား။ နင့်ကိုယ်နင် ဘာထင်နေလဲ။ ငါက ‌Cheon Seo Jin ပါ … ” လို့ Cheon Seo Jin နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim So Yeon က သူမရဲ့ကာရိုက်တာအတိုင်း တစ်ဘက်လူ မခံချင်အောင် ပြောထားတာ တွေ့ရပါတယ်။

Shim Soo Ryeon နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Lee Ji Ah ကတော့ “ဒီတစ်ကြိမ်တော့ နင့်ရဲ့ နောက်ဆုံးထွက်သက်အထိ ရောက်အောင်လို့ ငါ သေချာလေး လုပ်ပေးမယ်။ နင့်မှာ ဘာပဲရှိနေနေ။ ထုတ်ပြလိုက်။ ငါ နင့်ကို ကိုင်တွယ်နိုင်တယ် … ” လို့ သတိပေးစကား ပြောထားပါတယ်။

Oh Yoon Hee နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Eugene ကတော့ “ဘာပဲဖြစ်နေပါစေ ငါ အဲ့ဒါကို ရအောင် ရှာမယ်။ ဟယ်ရာနန်းတော်မှာ သွေးချောင်းစီးသွားမယ်ဆိုရင်တောင် ငါ ရအောင် ရှာပြမယ် … ” လို့ ပဟေဠိဆန်တဲ့ အရာတစ်ခုကို ရှာဖွေမယ့်အကြောင်း ပြောထားပါတယ်။

ဗွီဒီယိုရဲ့ နောက်ဆုံးမှာတော့ မင်းသမီးသုံးယောက်လုံးဟာ စီးရီး စတင်ထုတ်လွှင့်မယ့် နေ့ရက်၊ အချိန်တို့ကို ကြေညာပေးသွားပြီး ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုကြဖို့ တိုက်တွန်းသွားပါတယ်။ The Penthouse Season 3 ကိုတော့ လာမယ့် ဇွန်လ(၄)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၁၀)နာရီမှာ SBS ရုပ်သံလိုင်းက စတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ပရိသတ္ေတြ ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ The Penthouse Season 3 ဟာ ထုတ္လႊင့္ျပသဖို႔ ရက္အနည္းငယ္သာ လိုပါေတာ့တယ္။ ဒီအခ်ိန္မွာပဲ ဇာတ္ေကာင္ေတြၾကားထဲက တိုက္ပြဲေတြ ျပင္းထန္လာမႈကို အသစ္ထြက္ရွိလာတဲ့ teaser နဲ႔ ေတြ႕ရွိလိုက္ရသလို သ႐ုပ္ေဆာင္ေတြရဲ႕ character preview ဗြီဒီယိုေၾကာင့္လည္း ပရိသတ္ေတြ ပိုၿပီးရင္ခုန္ေနၾကပါတယ္။

အသစ္ထြက္ရွိလာတဲ့ character preview ဗြီဒီယိုထဲမွာေတာ့ အဓိကဇာတ္ေကာင္ သုံးေယာက္ျဖစ္တဲ့ Kim So Yeon ၊ Lee Ji Ah နဲ႔ Eugene တို႔ ပါဝင္ထားပါတယ္။ ဒီဗြီဒီယိုထဲမွာေတာ့ ဇာတ္ေကာင္သုံးေယာက္လုံးဟာ သူတို႔ရဲ႕ ကလဲ့စားအတြက္ ဘယ္လိုစီစဥ္ထားၾကတဲ့အေၾကာင္း က်ဳံးဝါးေနတာကို ျမင္ေတြ႕ရမွာပါ။

“င့ါကို နင့္စိတ္ႀကိဳက္ ပိတ္ေလွာင္ထားလို႔ရတယ္ ထင္ေနလား။ နင့္ကိုယ္နင္ ဘာထင္ေနလဲ။ ငါက ‌Cheon Seo Jin ပါ … ” လို႔ Cheon Seo Jin ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Kim So Yeon က သူမရဲ႕ကာ႐ိုက္တာအတိုင္း တစ္ဘက္လူ မခံခ်င္ေအာင္ ေျပာထားတာ ေတြ႕ရပါတယ္။

Shim Soo Ryeon ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Lee Ji Ah ကေတာ့ “ဒီတစ္ႀကိမ္ေတာ့ နင့္ရဲ႕ ေနာက္ဆုံးထြက္သက္အထိ ေရာက္ေအာင္လို႔ ငါ ေသခ်ာေလး လုပ္ေပးမယ္။ နင့္မွာ ဘာပဲရွိေနေန။ ထုတ္ျပလိုက္။ ငါ နင့္ကို ကိုင္တြယ္ႏိုင္တယ္ … ” လို႔ သတိေပးစကား ေျပာထားပါတယ္။

Oh Yoon Hee ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Eugene ကေတာ့ “ဘာပဲျဖစ္ေနပါေစ ငါ အဲ့ဒါကို ရေအာင္ ရွာမယ္။ ဟယ္ရာနန္းေတာ္မွာ ေသြးေခ်ာင္းစီးသြားမယ္ဆိုရင္ေတာင္ ငါ ရေအာင္ ရွာျပမယ္ … ” လို႔ ပေဟဠိဆန္တဲ့ အရာတစ္ခုကို ရွာေဖြမယ့္အေၾကာင္း ေျပာထားပါတယ္။

ဗြီဒီယိုရဲ႕ ေနာက္ဆုံးမွာေတာ့ မင္းသမီးသုံးေယာက္လုံးဟာ စီးရီး စတင္ထုတ္လႊင့္မယ့္ ေန႔ရက္၊ အခ်ိန္တို႔ကို ေၾကညာေပးသြားၿပီး ပရိသတ္ေတြ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကဖို႔ တိုက္တြန္းသြားပါတယ္။ The Penthouse Season 3 ကိုေတာ့ လာမယ့္ ဇြန္လ(၄)ရက္ေန႔ ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀)နာရီမွာ SBS ႐ုပ္သံလိုင္းက စတင္ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular