HomeCelebs Update NewsInternationalfan တွေအတွက် ရုပ်ရှင်ရုံလိုက် ငှားပေးခဲ့တဲ့ Suicide Squad သရုပ်ဆောင် Pete Davidson 

fan တွေအတွက် ရုပ်ရှင်ရုံလိုက် ငှားပေးခဲ့တဲ့ Suicide Squad သရုပ်ဆောင် Pete Davidson 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Suicide Squad ရုပ်ရှင်ဟာ လက်ရှိမှာတော့ ရုပ်ရှင်ရုံမှာရော HBO Max မှာပါ ပြသနေပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ Blackguard နေရာက သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Pete Davidson ကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် ရုပ်ရှင်ရုံလိုက် ငှားရမ်းပေးလိုက်တယ်လို့ သိရပါတယ်။

အသက်(၂၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Pete Davidson ဟာ Saturday Night Live ရဲ့ စတားတစ်ယောက် ဖြစ်သလို ဟာသ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Suicide Squad ရုပ်ရှင်ထဲမှာတော့ သူဟာ ဇာတ်ဝင်ခန်းအနည်းငယ်သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း Pete ဟာ သူ့ရဲ့ မွေးရပ်မြေ မြို့ကလေးဖြစ်တဲ့ နယူးယော့ခ်ပြည်နယ်၊ Staten Island က အေထရီယမ် ရုပ်ရှင်ရုံကို စနေနေ့ နှစ်ညစာအတွက် ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။

Photo: petedaveidson/ Instagram

အေထရီယမ်ရုပ်ရှင်ရုံရဲ့ တရားဝင် အင်စတာဂရမ် စာမျက်နှာမှာတော့ အခုလို ဖော်ပြထားတာ တွေ့ရပါတယ်။ “Suicide Squad ထဲက ဗီလိန် Pete Davidson က ခင်ဗျားတို့ကို ရုပ်ရှင်ရုံမှာ လာကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ် … ” လို့ ကြေညာပြီး ဒီရုပ်ရှင်ကို ကြည့်ချင်တဲ့ ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။

ဒါဟာ ဩဂုတ်လ(၇)ရက်နေ့ညပိုင်း ပြသမယ့် ပွဲစဉ်အတွက် ငှားရမ်းပေးထားတာ ဖြစ်ပြီး မည်သူမဆို လာရောက် ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။ ကြည့်ရှုလိုသူတွေအနေနဲ့ “Pete နဲ့ သူငယ်ချင်းတွေပါ … ” လို့ ပြောလိုက်ရုံနဲ့ အခမဲ့ ကြည့်ရှုခွင့်ပေးတာ ဖြစ်ပါတယ်။

Photo: atriumtheatres/ Instagram

ရုပ်ရှင်ရုံပိုင်ရှင် Gregg Scarola ကတော့ Pete လို နာမည်ကြီး ဆယ်လီတစ်ယောက်အနေနဲ့ လုပ်ငန်းအသေးစားလေးတစ်ခုကို အခုလို အားပေးအားမြှောက် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ ဒါဟာ အခုလို ကိုဗစ်ကာလမှာ ရုပ်ရှင်ရုံထိသွားပြီး မကြည့်ရဲသေးတဲ့ ပရိသတ်တွေအတွက်လည်း လမ်းဖွင့်ပေးရာရောက်ပြီး Suicide Squad လို ရုပ်ရှင်ကားကြီးကို ရုံမှာ ကျကျနန ကြည့်ရှုခံစားချင်တဲ့ ပရိသတ်တွေအတွက်လည်း တစ်ဖက်တစ်လမ်းက ကူညီပေးရာ ရောက်ပါတယ်။

Pete ဟာ သူ့ရဲ့ မွေးရပ်မြေ မြို့ကလေးကို အလွန်ခင်တွယ်သူ ဖြစ်ပြီး မကြာခဏဆိုသလို မွေးရပ်မြေကို အထောက်အပံ့ဖြစ်စေမယ့် အရာလေးတွေ ပြုလုပ်တတ်ပြီး သူ့ရဲ့ ဟာသပြက်လုံးတွေထဲမှာလည်း ထည့်သွင်းပြီး ပြက်လုံးထုတ်လေ့ရှိသူ ဖြစ်ပါတယ်။

Photo Credit: Jessica Miglio/ DC Comics

Suicide Squad ရုပ်ရှင်ကတော့ Pete Davidson အပါအဝင် အခြားသော နာမည်ကျော် သရုပ်ဆောင်များဖြစ်တဲ့ Margot Robbie ၊ Idris Elba ၊ John Cena ၊ Joel Kinnaman ၊ Sylvester Stallone ၊ Viola Davis ၊ Peter Capaldi ၊ David Dastmalchian ၊ Daniel Melchior နဲ့ Michael Rooker တို့လည်း ပါဝင်ထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

Suicide Squad ႐ုပ္ရွင္ဟာ လက္ရွိမွာေတာ့ ႐ုပ္ရွင္႐ုံမွာေရာ HBO Max မွာပါ ျပသေနၿပီ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ Blackguard ေနရာက သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ Pete Davidson ကေတာ့ သူ႔ရဲ႕ ပရိသတ္ေတြအတြက္ ႐ုပ္ရွင္႐ုံလိုက္ ငွားရမ္းေပးလိုက္တယ္လို႔ သိရပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Pete Davidson ဟာ Saturday Night Live ရဲ႕ စတားတစ္ေယာက္ ျဖစ္သလို ဟာသ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ Suicide Squad ႐ုပ္ရွင္ထဲမွာေတာ့ သူဟာ ဇာတ္ဝင္ခန္းအနည္းငယ္သာ ပါဝင္ခဲ့ရတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း Pete ဟာ သူ႔ရဲ႕ ေမြးရပ္ေျမ ၿမိဳ႕ကေလးျဖစ္တဲ့ နယူးေယာ့ခ္ျပည္နယ္၊ Staten Island က ေအထရီယမ္ ႐ုပ္ရွင္႐ုံကို စေနေန႔ ႏွစ္ညစာအတြက္ ငွားရမ္းလိုက္တယ္လို႔ သိရပါတယ္။

Photo: petedaveidson/ Instagram

ေအထရီယမ္႐ုပ္ရွင္႐ုံရဲ႕ တရားဝင္ အင္စတာဂရမ္ စာမ်က္ႏွာမွာေတာ့ အခုလို ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ “Suicide Squad ထဲက ဗီလိန္ Pete Davidson က ခင္ဗ်ားတို႔ကို ႐ုပ္ရွင္႐ုံမွာ လာၾကည့္ဖို႔ ဖိတ္ေခၚထားပါတယ္ … ” လို႔ ေၾကညာၿပီး ဒီ႐ုပ္ရွင္ကို ၾကည့္ခ်င္တဲ့ ပရိသတ္ေတြကို အသိေပးထားတာ ျဖစ္ပါတယ္။

ဒါဟာ ဩဂုတ္လ(၇)ရက္ေန႔ညပိုင္း ျပသမယ့္ ပြဲစဥ္အတြက္ ငွားရမ္းေပးထားတာ ျဖစ္ၿပီး မည္သူမဆို လာေရာက္ ၾကည့္ရႈႏိုင္တယ္လို႔ ဆိုပါတယ္။ ၾကည့္ရႈလိုသူေတြအေနနဲ႔ “Pete နဲ႔ သူငယ္ခ်င္းေတြပါ … ” လို႔ ေျပာလိုက္႐ုံနဲ႔ အခမဲ့ ၾကည့္ရႈခြင့္ေပးတာ ျဖစ္ပါတယ္။

Photo: atriumtheatres/ Instagram

႐ုပ္ရွင္႐ုံပိုင္ရွင္ Gregg Scarola ကေတာ့ Pete လို နာမည္ႀကီး ဆယ္လီတစ္ေယာက္အေနနဲ႔ လုပ္ငန္းအေသးစားေလးတစ္ခုကို အခုလို အားေပးအားေျမႇာက္ လုပ္ေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာထားပါတယ္။ ဒါဟာ အခုလို ကိုဗစ္ကာလမွာ ႐ုပ္ရွင္႐ုံထိသြားၿပီး မၾကည့္ရဲေသးတဲ့ ပရိသတ္ေတြအတြက္လည္း လမ္းဖြင့္ေပးရာေရာက္ၿပီး Suicide Squad လို ႐ုပ္ရွင္ကားႀကီးကို ႐ုံမွာ က်က်နန ၾကည့္ရႈခံစားခ်င္တဲ့ ပရိသတ္ေတြအတြက္လည္း တစ္ဖက္တစ္လမ္းက ကူညီေပးရာ ေရာက္ပါတယ္။

Pete ဟာ သူ႔ရဲ႕ ေမြးရပ္ေျမ ၿမိဳ႕ကေလးကို အလြန္ခင္တြယ္သူ ျဖစ္ၿပီး မၾကာခဏဆိုသလို ေမြးရပ္ေျမကို အေထာက္အပံ့ျဖစ္ေစမယ့္ အရာေလးေတြ ျပဳလုပ္တတ္ၿပီး သူ႔ရဲ႕ ဟာသျပက္လုံးေတြထဲမွာလည္း ထည့္သြင္းၿပီး ျပက္လုံးထုတ္ေလ့ရွိသူ ျဖစ္ပါတယ္။

Photo Credit: Jessica Miglio/ DC Comics

Suicide Squad ႐ုပ္ရွင္ကေတာ့ Pete Davidson အပါအဝင္ အျခားေသာ နာမည္ေက်ာ္ သ႐ုပ္ေဆာင္မ်ားျဖစ္တဲ့ Margot Robbie ၊ Idris Elba ၊ John Cena ၊ Joel Kinnaman ၊ Sylvester Stallone ၊ Viola Davis ၊ Peter Capaldi ၊ David Dastmalchian ၊ Daniel Melchior နဲ႔ Michael Rooker တို႔လည္း ပါဝင္ထားပါတယ္။

Glasgow

Source: people

 

RELATED ARTICLES

Most Popular