HomeCharacterမှော်ပင့်ကူ ကိုက်တာခံခဲ့ရပြီး စွမ်းအားတွေ ရလာခဲ့တဲ့ Spider-Man

မှော်ပင့်ကူ ကိုက်တာခံခဲ့ရပြီး စွမ်းအားတွေ ရလာခဲ့တဲ့ Spider-Man

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဇာတ်လမ်းတစ်ခုထဲမှာဆိုရင် Spider-Man ဟာ တစ်ခြားဒိုင်မေးရှင်းမှာရှိတဲ့ မှော်ပင့်ကူကိုက်တာကိုခံခဲ့ရပြီး စွမ်းအားတွေ ရလာခဲ့တာ ဖြစ်ပါတယ်။ Spider-Man: Fever ဆိုတဲ့မီနီကောမစ်စီးရီးထဲမှာတော့ တစ်ခြားဒိုင်မေးရှင်းဟာ ဝိဉာဉ်တွေကို စားသုံးတဲ့ မကောင်းဆိုးဝါးပင့်ကူကြီးဟာ Spider-Man ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ Spider-Man ကို ခေါ်သွားတဲ့အချိန်မှာတော့ Doctor Strange လည်း ပါဝင်ခဲ့ပြီး သွားနေတဲ့လမ်းမှာ သူ့ကိုကိုက်ခဲ့တဲ့ ပင့်ကူဟာ ရေဒီယိုသတ္တကြွနေတဲ့ ပင့်ကူမဟုတ်ဘဲ တစ်ခြားဒိုင်မေးရှင်းက မှော်ပင့်ကူဆိုတာကို သိလိုက်ရပါတယ်။

photo via screenrant

Spider-Man ရဲ့ origin ဟာ အားလုံးသိကြတဲ့အတိုင်း ရေဒီယိုသတ္တိကြွနေတဲ့ ပင့်ကူကိုက်တာကို ခံခဲ့ရတာကြောင့် အခုလိုမျိူး စွမ်းအားတွေ ရလာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Marvel ဟာ အဲ့ဒီဇာတ်လမ်းကိုပဲ အနည်းငယ်ပြောင်းလဲခဲ့ပြီး တစ်ခြားလူတွေကို ကိုက်စေကာ Spider-Theme ဟီးရိုးတွေ ဖြစ်လာစေခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ပရိသတ်တွေအားလုံးကို အံ့ဩသွားစေမယ့် လှည့်ကွက်တစ်ခုကို ထည့်သွင်းခဲ့ပြီး Peter ကို ကိုက်ခဲ့တဲ့ ပင့်ကူဟာ တစ်ခြားဒိုင်မေးရှင်းက မှော်ပင့်ကူဆိုတာကို သိလိုက်ရပါတယ်။

Arachnix လို့ခေါ်တဲ့ အုပ်စုထဲက မကောင်းဆိုးဝါးပင့်ကူ တစ်ကောင်ဟာ Peter တို့နေထိုင်တဲ့ ဒိုင်မေးရှင်းဆီကို သွားဖို့အတွက် လမ်းရှာဖွေနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Spider-Man နဲ့ တွေ့ဆုံခဲ့ပြီး Spider-Man ရဲ့ ဝိဉာဉ်ကို နှုတ်ပြီးတော့ သူတို့ရဲ့ ဒိုင်မေးရှင်းဆီ ခေါ်သွားခဲ့ပါတယ်။ အကြောင်းကတော့ အဲ့လိုမှသာ သူတို့အုပ်စုဟာ Spider-Man ရဲ့ ဝိဉာဉ်ကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှသာ Spider-Man ဟာ သူ့ကိုကိုက်သွားတဲ့ ပင့်ကူဟာ အဲ့ဒီဒိုင်မေးရှင်းကမှန်း သိလိုက်ရပါတယ်။

photo via screenrant

ဒါ့အပြင် အဲ့ဒီပင့်ကူဟာ သူ့ကိုကိုက်လိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ နေထိုင်နေခဲ့ပြီး အိမ်ပြန်ဖို့လမ်းကို ရှာဖွေနေခဲ့ပါတယ်။ အဲ့ဒီပင့်ကူဟာ Arachnix အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်လာဖို့အတွက် Spider-Man ကို အသုံးပြုဖို့အတွက် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Spider-Man ဟာ အဲ့ဒီပင့်ကူနဲ့ Arachnix အဖွဲ့ကိုပါ အနိုင်ယူနိုင်ခဲ့ပြီး Doctor Strange ကတော့ Spider-Man ကို အဲ့ဒီဒိုင်မေးရှင်းကနေ လွှတ်ပေးခဲ့ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းကတော့ canon ဟုတ်မဟုတ် ဆိုတာကို မသေချာသေးပေမယ့်လည်း ဒီအချက်သာ အမှန်ဆိုရင်တော့ ကျွန်တော်တို့ သိထားတဲ့ Spider-Man ရဲ့ origin ဟာ အမှားကြီး ဖြစ်နေမှာပါ။ ဒါ့အပြင် Spider-Man ဟာ ရေဒီယိုကြွပင့်ကူ ကိုက်ခံရတာမဟုတ်ဘဲ မှော်ပင့်ကူကိုက်ခံရတာကြောင့် သူဟာ သိပ္ပံပညာကြောင့် မဟုတ်ဘဲ မှော်ပညာကြောင့် အခုလိုဖြစ်တာပဲ ဖြစ်ပါတယ်။ ဒီကောမစ်ဟာ ၂၀၁၀ ခုနှစ်တုန်းက ထွက်ထားတာဖြစ်ပေမယ့်လည်း Marvel ကတော့ နောက်ပိုင်းမှာ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီကောမစ်ဟာ side story သက်သက်လို့ပဲ ယူဆလို့ ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဇာတ္လမ္းတစ္ခုထဲမွာဆိုရင္ Spider-Man ဟာ တစ္ျခားဒိုင္ေမးရွင္းမွာရွိတဲ့ ေမွာ္ပင့္ကူကိုက္တာကိုခံခဲ့ရၿပီး စြမ္းအားေတြ ရလာခဲ့တာ ျဖစ္ပါတယ္။ Spider-Man: Fever ဆိုတဲ့မီနီေကာမစ္စီးရီးထဲမွာေတာ့ တစ္ျခားဒိုင္ေမးရွင္းဟာ ဝိဉာဥ္ေတြကို စားသုံးတဲ့ မေကာင္းဆိုးဝါးပင့္ကူႀကီးဟာ Spider-Man ကို ျပန္ေပးဆြဲသြားခဲ့ပါတယ္။ Spider-Man ကို ေခၚသြားတဲ့အခ်ိန္မွာေတာ့ Doctor Strange လည္း ပါဝင္ခဲ့ၿပီး သြားေနတဲ့လမ္းမွာ သူ႔ကိုကိုက္ခဲ့တဲ့ ပင့္ကူဟာ ေရဒီယိုသတၱႂကြေနတဲ့ ပင့္ကူမဟုတ္ဘဲ တစ္ျခားဒိုင္ေမးရွင္းက ေမွာ္ပင့္ကူဆိုတာကို သိလိုက္ရပါတယ္။

photo via screenrant

Spider-Man ရဲ႕ origin ဟာ အားလုံးသိၾကတဲ့အတိုင္း ေရဒီယိုသတၱိႂကြေနတဲ့ ပင့္ကူကိုက္တာကို ခံခဲ့ရတာေၾကာင့္ အခုလိုမ်ိဴး စြမ္းအားေတြ ရလာခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Marvel ဟာ အဲ့ဒီဇာတ္လမ္းကိုပဲ အနည္းငယ္ေျပာင္းလဲခဲ့ၿပီး တစ္ျခားလူေတြကို ကိုက္ေစကာ Spider-Theme ဟီး႐ိုးေတြ ျဖစ္လာေစခဲ့ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ ပရိသတ္ေတြအားလုံးကို အံ့ဩသြားေစမယ့္ လွည့္ကြက္တစ္ခုကို ထည့္သြင္းခဲ့ၿပီး Peter ကို ကိုက္ခဲ့တဲ့ ပင့္ကူဟာ တစ္ျခားဒိုင္ေမးရွင္းက ေမွာ္ပင့္ကူဆိုတာကို သိလိုက္ရပါတယ္။

Arachnix လို႔ေခၚတဲ့ အုပ္စုထဲက မေကာင္းဆိုးဝါးပင့္ကူ တစ္ေကာင္ဟာ Peter တို႔ေနထိုင္တဲ့ ဒိုင္ေမးရွင္းဆီကို သြားဖို႔အတြက္ လမ္းရွာေဖြေနခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Spider-Man နဲ႔ ေတြ႕ဆုံခဲ့ၿပီး Spider-Man ရဲ႕ ဝိဉာဥ္ကို ႏႈတ္ၿပီးေတာ့ သူတို႔ရဲ႕ ဒိုင္ေမးရွင္းဆီ ေခၚသြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ အဲ့လိုမွသာ သူတို႔အုပ္စုဟာ Spider-Man ရဲ႕ ဝိဉာဥ္ကို စားသုံးႏိုင္မွာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွသာ Spider-Man ဟာ သူ႔ကိုကိုက္သြားတဲ့ ပင့္ကူဟာ အဲ့ဒီဒိုင္ေမးရွင္းကမွန္း သိလိုက္ရပါတယ္။

photo via screenrant

ဒါ့အျပင္ အဲ့ဒီပင့္ကူဟာ သူ႔ကိုကိုက္လိုက္ၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ ေနထိုင္ေနခဲ့ၿပီး အိမ္ျပန္ဖို႔လမ္းကို ရွာေဖြေနခဲ့ပါတယ္။ အဲ့ဒီပင့္ကူဟာ Arachnix အုပ္စုရဲ႕ ေခါင္းေဆာင္ျဖစ္လာဖို႔အတြက္ Spider-Man ကို အသုံးျပဳဖို႔အတြက္ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ Spider-Man ဟာ အဲ့ဒီပင့္ကူနဲ႔ Arachnix အဖြဲ႕ကိုပါ အႏိုင္ယူႏိုင္ခဲ့ၿပီး Doctor Strange ကေတာ့ Spider-Man ကို အဲ့ဒီဒိုင္ေမးရွင္းကေန လႊတ္ေပးခဲ့ပါတယ္။

photo via screenrant

ဒီဇာတ္လမ္းကေတာ့ canon ဟုတ္မဟုတ္ ဆိုတာကို မေသခ်ာေသးေပမယ့္လည္း ဒီအခ်က္သာ အမွန္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ သိထားတဲ့ Spider-Man ရဲ႕ origin ဟာ အမွားႀကီး ျဖစ္ေနမွာပါ။ ဒါ့အျပင္ Spider-Man ဟာ ေရဒီယိုႂကြပင့္ကူ ကိုက္ခံရတာမဟုတ္ဘဲ ေမွာ္ပင့္ကူကိုက္ခံရတာေၾကာင့္ သူဟာ သိပၸံပညာေၾကာင့္ မဟုတ္ဘဲ ေမွာ္ပညာေၾကာင့္ အခုလိုျဖစ္တာပဲ ျဖစ္ပါတယ္။ ဒီေကာမစ္ဟာ ၂၀၁၀ ခုႏွစ္တုန္းက ထြက္ထားတာျဖစ္ေပမယ့္လည္း Marvel ကေတာ့ ေနာက္ပိုင္းမွာ ဒီဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး ဘာမွမလုပ္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီေကာမစ္ဟာ side story သက္သက္လို႔ပဲ ယူဆလို႔ ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular