HomeEntertainmentFilmNetflix က ရိုက်ကူးထားတဲ့ horror ဇာတ်ကားကောင်းများ

Netflix က ရိုက်ကူးထားတဲ့ horror ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အရင်တုန်းကဆိုရင် လူတွေဟာ အသစ်ထွက်တဲ့ရုပ်ရှင်တွေကို ကြည့်ချင်ရင် ရုပ်ရှင်ရုံတွေဆီ သွားကြည့်ရပါတယ်။ အခုချိန်မှာတော့ ခေတ်က ပြောင်းလဲလာပြီ ဖြစ်တာကြောင့် streaming ကုမ္ပဏီတွေလည်း ရှိလာပါပြီ။ အဲ့ဒီထဲမှာမှ Netflix ကတော့ တစ်ကမ္ဘာလုံး အနေအထားနဲ့ အောင်မြင်နေပြီး တစ်ခြားထုတ်လုပ်ရေးကုမ္ပဏီတွေက ရုပ်ရှင်တွေကို ကြည့်လို့ရရုံတင်မကဘဲ သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာကိုပါ ကြည့်ရှုခံစားနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Netflix က ရိုက်ကူးထားတဲ့ horror ဇာတ်လမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Perfection
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (6.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒုက္ခရောက်နေတဲ့ ဂီတသမားတစ်ယောက်ဟာ သူ့ရဲ့ဆရာဆီကို ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာပဲ ပါရမီထူးတဲ့ ဂီတသမားတစ်ယောက်နဲ့ တွေ့ဆုံမိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်လုံးဟာ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို ကြုံတွေ့ရပါတော့တယ်။ Allison Williams နဲ့ Alaina Huffman တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(6) The Ritual
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သူငယ်ချင်းဟောင်းတစ်စုဟာ သူတို့ထဲကတစ်ယောက် သေဆုံးသွားတာကြောင့် ပြန်လည်ဆုံစည်းမိခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ကျန်ရှိနေတဲ့သူတွေဟာ တောင်တက်ခရီးသွားဖို့အတွက် စီစဉ်ကြပါတယ်။ အဲ့ဒီလမ်းခရီးမှာပဲ တဖြည်းဖြည်းနဲ့ သူတို့ရဲ့နောက်ကို တစ်ယောက်ယောက်က နောက်ယောင်ခံ လိုက်နေသလို ခံစားလာရပါတယ်။ သရုပ်ဆောင်တွေကတော့ Rafe Spall ၊ Arsher Ali နဲ့ Robert James-Collier တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Apostle
photo via screenrant

ဒီဇာတ်လမ်းကလည်း ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၀၅ခုနှစ်လောက်မှာ အခြေခံထားပြီး ဘာသာရေးအကြောင်းတွေလည်း ပါဝင်ပါတယ်။ ကောင်မလေးတစ်ယောက်ဟာ လူသူမနီးတဲ့ ကျွန်းတစ်ခုပေါ်က ဘာသာရေးဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ အဲ့ဒီကောင်မလေးဟာ Thomas ဆိုသူရဲ့ ညီမဖြစ်ပြီးတော့ Thomas ဟာ အန္တရာယ်တွေကြားထဲကနေ သူ့ရဲ့ညီမဖြစ်သူကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ Dan Stevens နဲ့ Richard Elfyn တို့က အဓိက ပါဝင်ထားပါတယ်။

(4) Cargo
photo via screenrant

ဒီဇာတ်ကားကလည်း ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဩစတျေးလျနိုင်ငံတစ်ခုလုံးမှာ ကပ်ရောဂါတွေ ပျံ့နှံ့သွားတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဖခင်တစ်ယောက်ဟာ သူ့ရဲ့မွေးကာစသမီးလေးကို ကာကွယ်ပေးနိုင်တဲ့ လူတစ်ယောက်ကို လိုက်ရှာရပါတော့တယ်။ အကြောင်းကတော့ သူကပါ အဲ့ဒီကပ်ရောဂါ ကူးစက်ခံထားရတာကြောင့်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Martin Freeman နဲ့ Susie Porter တို့က အဓိက ပါဝင်ထားပါတယ်။

(3) 1922
photo via screenrant

ဒီဇာတ်လမ်းကလည်း ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားပြီး Stephen King ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb ကတော့ (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Wilfred James ဆိုတဲ့ ဆင်းရဲသား လယ်သမားတစ်ယောက်ဟာ ပိုက်ဆံအတွက် သူ့ရဲ့အမျိူးသမီးကိုတောင် သတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီလိုမျိူး သတ်မယ့်နေရာမှာ သူ့ရဲ့သားကိုလည်း ပါဝင်ဖို့အတွက် ပြောခဲ့ပါသေးတယ်။ Thomas Jame နဲ့ Dylan Schmid တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(2) Gerald’s Game
photo via screenrant

ဒီဇာတ်ကားကလည်း ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (6.6) ရရှိထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ၁၉၉၂ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Stephen King ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်ရေးကို ပိုပြီးတော့ ပျော်ဖို့ကောင်းအောင် လူသူမနီးတဲ့ ရေကန်ဘေးက အိမ်ဆီကို ပြောင်းရွှေ့လာကြပါတယ်။ ဒါပေမယ့်လည်း မမျှော်လင့်ဘဲ အမျိူးသားက သေဆုံးသွားပြီး အဲ့ဒီအချိန်မှာ အမျိူးသမီးက အိပ်ရာပေါ်မှာ လက်ထိပ်ခတ်ခံထားရပါတယ်။ သရုပ်ဆောင်တွေကတော့ Carla Gugino နဲ့ Bruce Greenwood တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Bird Box
photo via screenrant

ဒီဇာတ်လမ်းကလည်း ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မမြင်ရတဲ့အရာတစ်ခုဟာ ကမ္ဘာပေါ်ကို ကျူးကျော်လာပြီး အဲ့ဒီအရာကြီးကို မြင်ပြီးသူတွေကလည်း ဘယ်သူမှ အသက်ရှင်လျက် မကျန်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာတော့ ကလေးနှစ်ယောက်နဲ့ မိခင်ဟာ လုံခြုံတဲ့နေရာကို သွားဖို့အတွက် ကြိုးစားကြပါတော့တယ်။ Sandra Bullock ၊ Trevante Rhodes နဲ့ Sarah Paulson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အရင္တုန္းကဆိုရင္ လူေတြဟာ အသစ္ထြက္တဲ့႐ုပ္ရွင္ေတြကို ၾကည့္ခ်င္ရင္ ႐ုပ္ရွင္႐ုံေတြဆီ သြားၾကည့္ရပါတယ္။ အခုခ်ိန္မွာေတာ့ ေခတ္က ေျပာင္းလဲလာၿပီ ျဖစ္တာေၾကာင့္ streaming ကုမၸဏီေတြလည္း ရွိလာပါၿပီ။ အဲ့ဒီထဲမွာမွ Netflix ကေတာ့ တစ္ကမာၻလုံး အေနအထားနဲ႔ ေအာင္ျမင္ေနၿပီး တစ္ျခားထုတ္လုပ္ေရးကုမၸဏီေတြက ႐ုပ္ရွင္ေတြကို ၾကည့္လို႔ရ႐ုံတင္မကဘဲ သူတို႔ကိုယ္တိုင္ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္မ်ားစြာကိုပါ ၾကည့္ရႈခံစားႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Netflix က ႐ိုက္ကူးထားတဲ့ horror ဇာတ္လမ္းေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Perfection
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (6.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဒုကၡေရာက္ေနတဲ့ ဂီတသမားတစ္ေယာက္ဟာ သူ႔ရဲ႕ဆရာဆီကို ျပန္လည္ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္မွာပဲ ပါရမီထူးတဲ့ ဂီတသမားတစ္ေယာက္နဲ႔ ေတြ႕ဆုံမိသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ စိတ္မေကာင္းစရာ ျဖစ္ရပ္ေတြကို ႀကဳံေတြ႕ရပါေတာ့တယ္။ Allison Williams နဲ႔ Alaina Huffman တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(6) The Ritual
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ သူငယ္ခ်င္းေဟာင္းတစ္စုဟာ သူတို႔ထဲကတစ္ေယာက္ ေသဆုံးသြားတာေၾကာင့္ ျပန္လည္ဆုံစည္းမိခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ က်န္ရွိေနတဲ့သူေတြဟာ ေတာင္တက္ခရီးသြားဖို႔အတြက္ စီစဥ္ၾကပါတယ္။ အဲ့ဒီလမ္းခရီးမွာပဲ တျဖည္းျဖည္းနဲ႔ သူတို႔ရဲ႕ေနာက္ကို တစ္ေယာက္ေယာက္က ေနာက္ေယာင္ခံ လိုက္ေနသလို ခံစားလာရပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Rafe Spall ၊ Arsher Ali နဲ႔ Robert James-Collier တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(5) Apostle
photo via screenrant

ဒီဇာတ္လမ္းကလည္း ၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ ၁၉၀၅ခုႏွစ္ေလာက္မွာ အေျခခံထားၿပီး ဘာသာေရးအေၾကာင္းေတြလည္း ပါဝင္ပါတယ္။ ေကာင္မေလးတစ္ေယာက္ဟာ လူသူမနီးတဲ့ ကြၽန္းတစ္ခုေပၚက ဘာသာေရးဂိုဏ္းတစ္ခုရဲ႕ ျပန္ေပးဆြဲျခင္းကို ခံလိုက္ရပါတယ္။ အဲ့ဒီေကာင္မေလးဟာ Thomas ဆိုသူရဲ႕ ညီမျဖစ္ၿပီးေတာ့ Thomas ဟာ အႏၲရာယ္ေတြၾကားထဲကေန သူ႔ရဲ႕ညီမျဖစ္သူကို ကယ္တင္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ Dan Stevens နဲ႔ Richard Elfyn တို႔က အဓိက ပါဝင္ထားပါတယ္။

(4) Cargo
photo via screenrant

ဒီဇာတ္ကားကလည္း ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဩစေတ်းလ်ႏိုင္ငံတစ္ခုလုံးမွာ ကပ္ေရာဂါေတြ ပ်ံ႕ႏွံ႔သြားတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဖခင္တစ္ေယာက္ဟာ သူ႔ရဲ႕ေမြးကာစသမီးေလးကို ကာကြယ္ေပးႏိုင္တဲ့ လူတစ္ေယာက္ကို လိုက္ရွာရပါေတာ့တယ္။ အေၾကာင္းကေတာ့ သူကပါ အဲ့ဒီကပ္ေရာဂါ ကူးစက္ခံထားရတာေၾကာင့္ပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Martin Freeman နဲ႔ Susie Porter တို႔က အဓိက ပါဝင္ထားပါတယ္။

(3) 1922
photo via screenrant

ဒီဇာတ္လမ္းကလည္း ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားၿပီး Stephen King ရဲ႕ ဝတၳဳကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ IMDb ကေတာ့ (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Wilfred James ဆိုတဲ့ ဆင္းရဲသား လယ္သမားတစ္ေယာက္ဟာ ပိုက္ဆံအတြက္ သူ႔ရဲ႕အမ်ိဴးသမီးကိုေတာင္ သတ္ပစ္ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီလိုမ်ိဴး သတ္မယ့္ေနရာမွာ သူ႔ရဲ႕သားကိုလည္း ပါဝင္ဖို႔အတြက္ ေျပာခဲ့ပါေသးတယ္။ Thomas Jame နဲ႔ Dylan Schmid တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(2) Gerald’s Game
photo via screenrant

ဒီဇာတ္ကားကလည္း ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (6.6) ရရွိထားပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ ၁၉၉၂ ခုႏွစ္တုန္းက ထြက္ရွိထားတဲ့ Stephen King ရဲ႕ဝတၳဳကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ သူတို႔ရဲ႕ အိမ္ေထာင္ေရးကို ပိုၿပီးေတာ့ ေပ်ာ္ဖို႔ေကာင္းေအာင္ လူသူမနီးတဲ့ ေရကန္ေဘးက အိမ္ဆီကို ေျပာင္းေ႐ႊ႕လာၾကပါတယ္။ ဒါေပမယ့္လည္း မေမွ်ာ္လင့္ဘဲ အမ်ိဴးသားက ေသဆုံးသြားၿပီး အဲ့ဒီအခ်ိန္မွာ အမ်ိဴးသမီးက အိပ္ရာေပၚမွာ လက္ထိပ္ခတ္ခံထားရပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Carla Gugino နဲ႔ Bruce Greenwood တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) Bird Box
photo via screenrant

ဒီဇာတ္လမ္းကလည္း ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.6) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မျမင္ရတဲ့အရာတစ္ခုဟာ ကမာၻေပၚကို က်ဴးေက်ာ္လာၿပီး အဲ့ဒီအရာႀကီးကို ျမင္ၿပီးသူေတြကလည္း ဘယ္သူမွ အသက္ရွင္လ်က္ မက်န္ခဲ့ပါဘူး။ အဲ့ဒီအခ်ိန္မွာေတာ့ ကေလးႏွစ္ေယာက္နဲ႔ မိခင္ဟာ လုံၿခဳံတဲ့ေနရာကို သြားဖို႔အတြက္ ႀကိဳးစားၾကပါေတာ့တယ္။ Sandra Bullock ၊ Trevante Rhodes နဲ႔ Sarah Paulson တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular