HomeEntertainmentFilmMarvel Phase 5 မှာ သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်များ

Marvel Phase 5 မှာ သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်များ

MCU ကတော့ မကြာခင်က ထွက်ရှိထားတဲ့ Black Panther: Wakanda Forever နဲ့ Phase 4 ကို ဇာတ်သိမ်းထားပြီး Phase 5 ကိုတော့ Ant-Man and the Wasp: Quantumania နဲ့ စတင်သွားမှာ ဖြစ်ပါတယ်။ Phase 3 နဲ့ 4 အတွင်းမှာတော့ Black Widow ၊ Iron Man ၊ Jane Foster နဲ့ Vision တို့အပြင် အခြား နှုတ်ဆက်လိုက်ရတဲ့ ဇာတ်ကောင်တွေ ရှိခဲ့ပြီး Phase 5 ထဲမှာလည်း ဇာတ်ကောင်အချို့ကို အလားတူပဲ နှုတ်ဆက်ရဦးမှာ ဖြစ်ပါတယ်။ Phase 5 ကတော့ Sam Wilson နဲ့ Kamala Khan တို့လို ဇာတ်ကောင်တွေအတွက် အစပဲရှိသေးပေမယ့် အချို့ဇာတ်ကောင်တွေအတွက်တော့ အဆုံးသတ် ဖြစ်သွားမှာပါ။

Drax

photo via screenrant

ဒါရိုက်တာ James Gunn ကိုယ်တိုင်က Guardians of the Galaxy အဖွဲ့ဝင်တွေဟာ Vol.3 အပြီးမှာတော့ ပြောင်းလဲမှုတွေ ဖြစ်သွားမယ်လို့ ပြောထားပါတယ်။ ဒါကြောင့်ပဲ GOTG ထဲက တစ်ယောက်ယောက်ကိုတော့ နှုတ်ဆက်ရဖို့ သေချာသလောက် ဖြစ်နေပြီး Drax ကတော့ ဖြစ်နိုင်ချေအများဆုံးထဲမှာ ပါဝင်နေပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့နှစ်မှာ Dave Bautista ဟာ Drax ဇာတ်ကောင်ကနေ ထွက်ခွာသွားပါပြီလို့ ကြေညာခဲ့တာကြောင့် ဖြစ်ပါတယ်။ Marvel စတူဒီယိုဟာ ဒီဇာတ်ကောင်ကို Recast ပြုလုပ်သွားနိုင်ချေ ရှိပေမယ့်လည်း နှုတ်ဆက်ရဖို့တော့ သေချာသလောက် ဖြစ်နေပါတယ်။

Rocket Raccoon

photo via screenrant

GOTG Vol.3 ထဲမှာတော့ ပထမဆုံးအနေနဲ့ Rocket Raccoon ရဲ့ Origin ကို ပြသသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေအများစုဟာ ဇာတ်ကောင်တစ်ယောက်ကို မသတ်လိုက်ခင်မှာ သူ့ရဲ့ဝမ်းနည်းစရာ နောက်ကြောင်းကို ပြန်လည်ပြသလေ့ ရှိတာကြောင့် အခုလို Rocket ရဲ့ Origin ကို မြင်တွေ့ရမယ် ဆိုတာဟာ ပရိသတ်တွေအတွက်တော့ သတင်းဆိုး ဖြစ်နေပါတယ်။ ဒါ့အပြင် ထွေလာထဲမှာ မြင်တွေ့ခဲ့ရသလောက်ဆိုရင် Rocket ဟာလည်း သေဆုံးသွားနိုင်ချေရှိသူတစ်ယောက် ဖြစ်နေပါတယ်။

Mantis

photo via screenrant

အသစ်ထွက်ရှိလာမယ့် Guardians of the Galaxy Vol.3 ထဲမှာတော့ သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်တွေ တစ်ယောက်မက ရှိနေပါတယ်။ နောက်ဆုံး ထွက်ရှိထားတဲ့ Guardians of the Galaxy Holiday Specials ထဲမှာတော့ Mantis ဟာ Peter Quill ရဲ့ညီအစ်မ ဖြစ်တယ်လို့ သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ Mantis ဟာ Peter အတွက် နောက်ဆုံးသော မိသားစုဝင် ဖြစ်နေပြီး Mantis သာ သေဆုံးသွားမယ် ဆိုရင်တော့ Peter အတွက် အတော်လေး ဝမ်းနည်းစရာကောင်းတဲ့ Arc တစ်ခု ဖြစ်လာမှာပါ။

Hank Pym

photo via screenrant

Hank Pym ကတော့ Ant-Man Franchise ရဲ့ အဓိကနေရာမှာ ပါဝင်ထားတဲ့ Supporting ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး သူ့ရဲ့နည်းပညာတွေသာ မရှိဘူးဆိုရင်တော့ Ant-Man လည်း ရှိလာမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇာတ်လမ်းတွေမှာလည်း Marvel ဟာ Odin နဲ့ Aunt May တို့လို အရေးပါတဲ့ Supporting ဇာတ်ကောင်တွေကို သတ်ပစ်ခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဇာတ်ရှိန်ကိုလည်း ပိုတက်လာစေပြီး အဓိကဇာတ်ကောင်တွေအတွက် အရေးပါတဲ့ Arc တစ်ခုလည်း ဖြစ်လာမှာပါ။

Janet Van Dyne

photo via screenrant

Janet Van Dyne ကတော့ ဒုတိယမြောက်ဇာတ်ကားမှသာ စတင်ပါဝင်လာပေမယ့် သူဟာလည်း Hank Pym လိုပဲ အရေးပါသူတစ်ယောက် ဖြစ်ပါတယ်။ ထွေလာထဲမှာ မြင်တွေ့ရသလောက် ဆိုရင်တော့ သူမဟာ Quantum Realm ထဲက Kang အကြောင်းကို သိနေပုံရပြီး အခြားသူတွေကို ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံသွားတာမျိူး ပြုလုပ်သွားနိုင်ပါတယ်။ Janet ဟာ အစကတည်းက Hank နဲ့အတူ မစ်ရှင်တစ်ခုကို လုပ်နေရင်း သူမကိုယ်သူမ စွန့်လွှတ်အနစ်နာခံခဲ့တာကြောင့် Quantum Realm ထဲကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ အလားတူပဲ နောက်ထပ်တစ်ကြိမ် ပြုလုပ်သွားနိုင်ပါတယ်။

Ghost

photo via screenrant

MCU ရဲ့ Thunderbolts ရုပ်ရှင်ကလည်း Phase 5 ထဲမှာ ပါဝင်နေပါတယ်။ Thunderbolts အဖွဲ့ကတော့ DC ရဲ့ Suicide Squad လိုမျိူးပဲ ရည်ရွယ်ချက်တစ်ခုအတွက် ဗီလိန် သို့မဟုတ် Anti-Hero တွေ စုစည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဒီလိုအဖွဲ့မျိူးကို ဖန်တီးပြီဆိုကတည်းက ဇာတ်လမ်းအဆုံးမှာတော့ လူစုံတက်စုံ ရှိနေတော့မှာ မဟုတ်ပါဘူး။

Ghost ကတော့ Ant-Man 2 ထဲမှာပဲ ပါဝင်ခဲ့ပြီး ယခုအချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Marvel ဟာ ဒီဇာတ်ကောင်အတွက် Arc တွေ များများစားစား ဖန်တီးဖို့ အစီအစဉ်မရှိတာ ဖြစ်နိုင်ပြီး သူမဟာ Thunderbolts ရုပ်ရှင်ထဲမှာ သေဆုံးသွားနိုင်ပါတယ်။ ဒါ့အပြင် Ant-Man 2 ထဲမှာ မြင်တွေ့ခဲ့ရသလိုပဲ သူမရဲ့ခန္ဓာကိုယ်ဟာ Stable ဖြစ်မနေဘဲ အချိန်မရွေး သေဆုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

Red Guardian

photo via screenrant

Red Guardian ဇာတ်ကောင်ကတော့ Black Widow ရုပ်ရှင်ထဲမှာ စတင်ပါဝင်ခဲ့ပြီး သူနဲ့ Natasha ၊ Yelena တို့ရဲ့ ဆက်ဆံရေးကလည်း သိပ်ပြီးအဆင်မပြေလှပါဘူး။ သို့သော်လည်း Yelena ကတော့ သူမရဲ့စိတ်ထဲမှာ သူတို့မိသားစုကို တကယ့်အစစ်လိုပဲ တန်ဖိုးထားပါတယ်။ Thunderbolts ရုပ်ရှင်ထဲမှာတော့ Yelena နဲ့ Red Guardian တို့ဟာ တစ်ဖွဲ့တည်း ဖြစ်နေပြီး Marvel ဟာ Yelena အတွက် အရေးကြီးတဲ့ Character Development ဖြစ်လာစေဖို့ Red Guardian ကို သတ်ပစ်လိုက်နိုင်ပါတယ်။

Talos

photo via screenrant

Secret Invasion ဇာတ်လမ်းတွဲထဲမှာတော့ Talos ဟာ Nick Fury နဲ့အတူ အဓိကနေရာက ပါဝင်သွားမှာ ဖြစ်ပါတယ်။ သူဟာ Captain Marvel ထဲမှာ စတင်ပါဝင်ခဲ့ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Talos ရဲ့ သေဆုံးမှုကတော့ Nick Fury အပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှု ရှိမှာဖြစ်ပြီး သူဟာ Skrull တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်တာကြောင့် ဇာတ်လမ်းသဘောအရ သေဆုံးသွားနိုင်ပါတယ်။

ဒါကတော့ Marvel ရဲ့ လာမယ့် Phase 5 အတွင်းမှာ သေဆုံးသွားနိုင်ချေရှိတဲ့ ဇာတ်ကောင်တွေကို ခန့်မှန်းဖော်ပြထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ကောမန့်မှာ ပြန်လည်ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular