HomeEntertainmentFilmBridgerton Season 3 မှာ ပါဝင်မှာမဟုတ်တော့တဲ့ Phoebe Dynevor

Bridgerton Season 3 မှာ ပါဝင်မှာမဟုတ်တော့တဲ့ Phoebe Dynevor

မင်းသမီးချောလေး Phoebe Dynevor ကတော့ Netflix ရဲ့ နာမည်ကြီး ရိုမန့်စ်ဇာတ်လမ်းတွဲ ဖြစ်တဲ့ Bridgerton ထဲမှာ Daphne Bridgerton အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမဟာ ပထမဆုံး season 1 ထဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပြီး season 2 ထဲမှာတော့ ဇာတ်ပို့အနေနဲ့ ဆက်လက် ပါဝင်ထားပါတယ်။

သို့သော်လည်း ယခုထပ်မံ ထွက်ရှိလာမယ့် season 3 ထဲမှာတော့ ပါဝင်လာမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ ဒါဟာ Bridgerton ဇာတ်လမ်းတွဲက အပြီးထွက်ခွာသွားရတာလား၊ နောက် season တွေမှာ ပြန်လည် ပါဝင်လာဦးမှာလား ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

Photo Credit: Liam Daniel/ Netflix

“ကျွန်မရဲ့ season နှစ်ခုကို ရိုက်ပြီးပြီလေ။ အဲဒီကာရိုက်တာမှာ ကျွန်မလုပ်ချင်တဲ့ဟာတွေ လုပ်ပြီးသွားပါပြီ။ သူကလည်း တကယ်ကောင်းတဲ့ arc ကို ရထားတာပါ။ အနာဂတ်မှာ သူဘာဖြစ်မယ်ဆိုတာတော့ ဘယ်သူက သိနိုင်ပါ့မလဲ …” လို့ Variety နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဒါ့အပြင် Screen Rant နဲ့ အင်တာဗျူးမှာလည်း သူမဟာ Bridgerton ရဲ့ season 3 မှာ ဝမ်းနည်းစရာကောင်းစွာနဲ့ပဲ မပါဝင်ရပေမယ့် ရှေ့လာမယ့် season တွေမှာတော့ ပါဝင်လာနိုင်ချေ ရှိပါသေးတယ်လို့ ပြောသွားပါသေးတယ်။ “season 3 မှာတော့ ကျွန်မက ကြည့်ရှုသူတစ်ယောက်အနေနဲ့ပဲ စိတ်လှုပ်ရှားစွာနဲ့ပဲ ကြည့်နေပါ့မယ်…”လို့ Phoebe က ဆိုပါတယ်။

Photo Credit: Netflix

Bridgerton ဇာတ်လမ်းတွဲကတော့ စာရေးသူ Julia Quinn ရဲ့ နာမည်ကြီး ဝတ္ထုဇာတ်လမ်းတွဲတွေအပေါ် အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ season တစ်ခုစီတိုင်းမှာ Bridgerton မိသားစုက အသစ်အိမ်ထောင်ချပေးမယ့် ဇနီးမောင်နှံစုံတွဲတွေရဲ့ အချစ်ဇာတ်လမ်းအကြောင်းတွေကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

Netflix က ဖန်တီးထားတဲ့ ဇာတ်လမ်းတွဲထဲမှာတော့ season 1 ဟာ Phoebe ရဲ့ဇာတ်ကောင် Daphne နဲ့ Rege-Jean Page သရုပ်ဆောင်ထားတဲ့ Duke Simon တို့ရဲ့အချစ်ဇာတ်လမ်းကို အဓိက မြင်တွေ့ခဲ့ရပါတယ်။ season 2 မှာတော့ Jonathan Bailey သရုပ်ဆောင်ထားတဲ့ Anthony Bridgerton နဲ့ Simone Ashley သရုပ်ဆောင်ထားတဲ့ Kate တို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်း ဖြစ်ပါတယ်။

Photo Credit: Liam Daniel/ Netflix

season 2 ထဲမှာတော့ Daphne ရဲ့အရေးပါမှုဟာ လျော့ကျသွားပြီး ဇာတ်ပို့တစ်ယောက်အဖြစ် ပြောင်းလဲသွားတာ မြင်ရပါတယ်။ အလားတူပဲ သူမရဲ့ခင်ပွန်းဖြစ်တဲ့ မြို့စား Simon ကတော့ လုံးဝကို မပါဝင်တော့တာ တွေ့ရပါတယ်။ ယခုအသစ်ထွက်လာမယ့် season 3 ထဲမှာတော့ Nicola Coughlan သရုပ်ဆောင်ထားတဲ့ Penelope နဲ့ Luke Newton သရုပ်ဆောင်ထားတဲ့ Colin Bridgerton တို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိက ပြသသွားမယ်လို့ သိရပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular