HomeEntertainmentFilmPierce Brosnan နဲ့ Nina Dobrev တို့ရဲ့ အက်ရှင်ရုပ်ရှင်ကားသစ် The Out-Laws

Pierce Brosnan နဲ့ Nina Dobrev တို့ရဲ့ အက်ရှင်ရုပ်ရှင်ကားသစ် The Out-Laws

မင်းသားကြီး Pierce Brosnan နဲ့ Twilight ထဲက Elena အဖြစ် လူသိများကြတဲ့ Nina Dobrev တို့ကတော့ အက်ရှင်ဟာသ ရုပ်ရှင်အသစ်ထဲမှာ ပါဝင်ထားကြပါတယ်။ မင်းသားကြီး Pierce Brosnan ကတော့ မကြာသေးခင်က ထွက်ရှိထားတဲ့ Black Adam ရုပ်ရှင်မှာ Doctor Fate အနေနဲ့ ပါဝင်ထားပါသေးတယ်။ The Out-Laws ရုပ်ရှင်ထဲမှာတော့ ဘဏ်ဓားပြတိုက်တာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်သလို ဇာတ်ကောင်တွေရဲ့ အလွဲလွဲအချော်ချော် ဖြစ်ရပ်တွေကိုလည်း ဟာသဆန်ဆန် မြင်တွေ့ရမှာပါ။

photo credit Netflix

Workaholics နဲ့ Pitch Perfect ထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Adam Devine ကတော့ ဘဏ်မန်နေဂျာ Owen အဖြစ် ပါဝင်ထားပါတယ်။ Pierce Brosnan နဲ့ Ellen Barkin တို့ကတော့ Owen ရဲ့ယောက္ခမလောင်းတွေ ဖြစ်ကြပြီး သူတို့နှစ်ယောက်ဟာ နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘဏ်ဓားပြတွေလည်း ဖြစ်နေပါတယ်။ Owen ကတော့ သောက်ရင်းစားရင်း သတိလွတ်သွားပြီး သူ့ရဲ့ယောက္ခမနှစ်ယောက်ကို ဒေါ်လာသန်းနဲ့ချီပြီး ရှိနေတဲ့ ဘဏ်ရဲ့ Passcode ကို ပြောပြမိလိုက်ပါတယ်။

ထွေလာရဲ့အစမှာတော့ သူတို့ဟာ ပျော်စရာမိသားစုပုံစံလေး ဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ ဘဏ်ဓားပြတိုက်မှုတွေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကြားထဲက Romantic Comedy ဇာတ်လမ်းကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Owen ကလည်း နောက်ပိုင်းမှာတော့ သူ့ရဲ့ယောက္ခမတွေနဲ့ ပူးပေါင်းပြီး အလွဲလွဲအချော်ချော်နဲ့ ဘဏ်ဓားပြတိုက်တဲ့နေရာမှာ ပါဝင်နေတာကိုလည်း မြင်တွေ့ရမှာပါ။

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Tyler Spindel က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Michael Rooker ၊ Julie Hagerty ၊ Richard Kind နဲ့ Blake Anderson တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဇူလိုင်လ (၇)ရက်နေ့မှာ Netflix က ပြသသွားမှာ ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဟာသတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ စောင့်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular